CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁

ဇာဗီဟာ ဘာစီလိုနာအသင်းနည်းပြရာထူးကနေ ထွက်ခွာပြီးနောက် ၅ လအကြာမှာ နည်းပြလောကထဲကို ပြန်လာဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီအကုန်က ဘာစီလိုနာအသင်းနည်းပြရာထူးကနေ ထွက်ခွာခဲ့တဲ့ ဇာဗီဟာ မကြာခင်မှာ နည်းပြ လောကထဲကို ပြန်ရောက်ရှိနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ 

ဒီအချိန်မှာ ကာတာသတင်းစာ Al Raya က ကာတာဘောလုံးအဖွဲ့ချုပ်ဟာ ဇာဗီကို နိုင်ငံအသင်းရဲ့နည်းပြအဖြစ်ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

ကာတာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ပွဲစဉ်မှာ အီရန်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် နည်းပြ မားကွက်ဇ်ဟာ ဖိအားတွေအောက် ရောက်ရှိနေတာပါ။ 

ဇာဗီဟာ ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းမှာ ကစားသမားဘဝအဆုံးသတ်ခဲ့ပြီးနောက် သူ့ရဲ့နည်းပြဘဝကို အယ်လ်ဆတ်ဒ်အသင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။ 

ဇာဗီဟာ အယ်လ်ဆတ်ဒ်အသင်းကို နှစ်ရာသီကြာ ကိုင်တွယ် အပြီးမှာ ဘာစီလိုနာအသင်းကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ ပြန်ရောက်ရှိလာခဲ့တာပါ။ 

အဲဒါကြောင့် ကာတာ ဘောလုံးအဖွဲ့ချုပ်နဲ့ ဇာဗီတို့ဟာ ဆက်ဆံရေးကောင်းတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 

ကာတာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)တတိယအဆင့်ခြေစစ်ပွဲ ၄ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အုပ်စုတွင်း အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။ 

အာရှဖလားချန်ပီယံဆုကို ၂ ကြိမ်ရရှိထားတဲ့ ကာတာအသင်းဟာ လာမယ့်နိုဝင်ဘာထဲမှာ ခြေစစ်ပွဲတွေအဖြစ် ဥဇဘတ်ကစ္စတန်၊ယူအေအီးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:Goal