CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၄
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့စေရန် တမင်ရည်ရွယ်၍ မကောင်းကြံစည်သူအား ပြစ်ဒဏ် တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်အထိ ချမှတ်သွားမည်ဟု UWSA က ထုတ်ပြန်ကြေညာထားသည်။
လက်ရှိတွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းကို ပိုမိုထိရောက်စေရန်အတွက် ပြည်နယ်ဝင်ခွင့်ပိတ်ပင်ထားသည်။
“အဲဒီထုတ်ပြန်ချက်အတိုင်းပေါ့နော်။ ဗဟိုဌာနချုပ်က ချမှတ်တဲ့ ကိုဗစ်-၁၉ တားဆီးနှိမ်နင်းရေး၊ ကြိုတင်ကာကွယ်ရေး၊ အဲဒါတွေကို ထိထိရောက်လုပ်ဆောင်ဖို့ပါပဲ” ဟု UWSA ၏ ပြန်ကြားရေးတာဝန်ခံ ဦးညီရမ်းက ပြောသည်။
ပုံစာ - UWSA တပ်ဖွဲ့ဝင် တစ်ဦးထိန်းချုပ်နယ်မြေအတွင်း စောင့်ကြပ်ကြည့်ရှုနေစဉ်။
ထို့အပြင် အစိုးရထိန်းချုပ်နယ်မြေ၊ ညီနောင်အဖွဲ့အစည်းနယ်မြေများမှ “ဝ” ပြည်နယ်အတွင်းသို့ တရားမဝင် ခိုးဝင်ရောက်လာသူများကို ဖမ်းဆီးမိပါက Quarantine ၂၁ ရက် ဝင်ရမည်ဖြစ်ပြီး ကျသင့်သော ကုန်ကျစရိတ် များကို ၎င်းတို့ကိုယ်တိုင် ပေးချေရမည်ဖြစ်ပြီး Quarantine ၂၁ ရက် ပြည့်ပြီးပါက တရားရေးဌာနသို့ ပို့ဆောင်ပြီး ပြစ်ဒစ် ၆ လ ချမှတ်သွားမည်ဟု UWSA က ထုန်ပြန်ကြေညာထားသည်။
ရောဂါပိုးတွေ့ရှိသူများကို တရားမဝင်ခိုးဝင်နိုင်ရန် ကူညီသူများအား ဒဏ်ငွေချမှတ်ကာ ပြစ်ဒဏ် နှစ် ၂၀ မှ နှစ် ၃၀ ထိ ချမှတ်သွားမည်ဟု သိရသည်။
တစ်စုံတစ်ဦးအား “ဝ” ပြည်နယ်အတွင်း တရာမဝင် ခိုးဝင်ရန် ကူညီခြင်းနှင့် တရုတ်နိုင်ငံသို့ တရားမဝင် ခိုးဝင်ရန် ကူညီသူများအား သိမ်းဆည်းရမိသော ငွေးကြေးပမာဏ၏ ရာနှုန်းပြည့် ဒဏ်ငွေချမှတ်ခံရမည်ဖြစ်ပြီး ပြစ်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်ချုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးထား သည်။
#UWSA
#“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
#တရားမဝင်
#ကိုယ်ပိုင်ချုပ်ချုပ်ခွင့်ရဒေသ
#ရောဂါပိုး
#cninews
#CNIMyanmar
#ChannelNewsIndependent