CNI News

၂၀၂၁ ခုနှစ်။ဩဂုတ် ၁၄

ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော်မနီလာတွင် ကိုဗစ်ကာကွယ်ဆေးထိုးစုရပ်များ နေရာအနှံ့အပြား ၂၄ နာရီ ဖွင့်လှစ်ထားပြီး Covid-19 Delta မျိုးကွဲ ကူးစက်မှုနှုန်းမြန်နေခြင်းကို ထိရောက်စွာတိုက်ဖျက်ရန် အရှိန်မြှင့်တင်ဆောင်ရွက် နေကြောင်း ရိုက်တာသတင်းကို ကိုးကား၍ စီအင်န်အင်န်က ရေးသားထားသည်။

ဖိလစ်ပိုင်လူဦးရေသန်း ၁၁၀ အနက် ၁၀ ရာခိုင်နှုန်းကျော်သာ ကာကွယ်ဆေးထိုးရသေးပြီး သန်း ၇၀ ကျော်ကိုပဲ အပြည့်အဝကာကွယ်ဆေးထိုးရန် စီစဉ်ထားနိုင်သဖြင့် ကျန်ရှိသည့်လူဦးရေမှာ ကူးစက်ရောဂါဘေးနှင့် ရင်ဆိုင် နေရဆဲရှိသည်။

မနီလာအပါအဝင် မြို့ပေါင်း ၁၆ မြို့တွင် နေထိုင်သည့် လူ ၁၃ သန်းအတွက် Delta အသွင်ပြောင်းမျိုးကွဲပိုးကို ထိန်းချုပ်နိုင်ရန် ကန့်သတ်မှုများ ချမှတ်ခဲ့သည်။

(Photo-Getty Image)

အချို့စုရပ်များတွင် လာရောက်ထိုးနှံသူများပြားလွန်းသဖြင့် သေနတ်ခြောက်လှန့်ပစ်ခတ်ရ၍ လူအကန့်အသတ်နှင့် ထိုးနှံနိုင်ရေးအတွက် ညဘက်ပါ စုရပ်များဖွင့်ထားရန် ဆုံးဖြတ်ခဲ့ရကြောင်း မနီလာကာကွယ်ဆေးထိုးဌာန တစ်ခု တွင် ကြီးကြပ်ရေးတာဝန်ယူထားရသူ ဂျိုအန်ကာဘိုနေးလ်က ရှင်းပြသည်။

ပြီးခဲ့သည့်သီတင်းပတ်က ‘ကာကွယ်ဆေးမထိုးသူများ အိမ်ပြင်မထွက်ရ’ ဆိုသည့် ကောလာဟလပျံ့နှံ့ခဲ့ပြီးနောက် မနီလာမြို့ပေါ်ရှိ ကာကွယ်ဆေးစုရပ်များတွင် လူအများအပြား လာရောက်တန်းစီးနေခဲ့ကြသည်။

ဖိလစ်ပိုင်တွင် ကိုဗစ်နိုင်တင်း ကူးစက်ခံရသူ ၁ဒသမ၆၇ သန်းကျော်နှင့် သေဆုံးသူ ၂၉,၀၀၀ ကျော်ခဲ့ပြီး ပိုးတွေ့အတည်ပြုလူနာဦးရေမှာ ထပ်တိုးလာခဲ့ရာ ဩဂုတ် ၁၀ ရက်တွင် positive တွေ့ရှိနှုန်း ၂၁ဒသမ၉ ရာခိုင်နှုန်းအထိ တက်လာခဲ့သည်။

ဆေးရုံများတွင် အထူးကြပ်မတ်ကုသဆောင်များ၊ သီးခြားကုတင်များနှင့် ရိုးရိုးအဆောင်များတွင် လူနာများ ပြည့်နှက်နေပြီး ကုတင်နှင့်အသက်ရှူအထောက်အကူစက် မလုံလောက်၍ လူနာသစ် ထပ်မံလက်ခံရန် ငြင်းဆန်ရသည်များလည်း ရှိနေသည်။

Source: Reuters, CNN

#ဖိလစ်ပိုင်

#Delta

#မနီလာ

#ကိုဗစ်

#Covid-19

#လူဦးရေ

#cninews

#CNIMyanmar

#ChannelNewsIndependent