CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၈
မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ တတိယလှိုင်းကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၄ သန်း မှာယူထားရာ ဒုတိယအသုတ်အနေဖြင့် တရုတ်နိုင်ငံကနေ Sinovac ကာကွယ် ဆေး အလုံး ၁ သန်း ယနေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် သြဂုတ် ၈ ရက်တွင် မြန်မာနိုင်ငံက ဝယ်ယူသည့် ဒုတိယအသုတ် တရုတ်နိုင်ငံ Sinovac ကာကွယ်ဆေး အလုံး ၁ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့သည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက “ မြန်မာနိုင်ငံတွင် ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားသည်မှစ၍ တရုတ်နိုင်ငံက မြန်မာ နိုင်ငံနှင့် တရုတ်ကာကွယ်ဆေး ကုမ္ပဏီများ ချိတ်ဆက်မှုကို တက်တက်ကြွကြွ ကူညီကာ အသက်သာဆုံး ဈေးနှုန်း၊ အမြန် ဆန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံသို့ Covid ကာကွယ်ဆေးထောက်ပံ့ပေးပါသည်”ဟု ဆိုသည်။
လက်ရှိအချိန်ထိ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ် ကာကွယ်ဆေး အလုံးရေပေါင်း ၄.၅ သန်းထောက်ပံ့ပြီးဖြစ်ကာ ၎င်းတို့အနက် Sinopharm ကာကွယ်ဆေး အလုံးရေ ၂.၅ သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အခမဲ့ လှူဒါန်းခြင်းဖြစ် ပြီး Sinavac ကာကွယ်ဆေး အလုံးရေ ၂ သန်းသည် မြန်မာနိုင်ငံမှ ဝယ်ယူခြင်းဖြစ်ကြောင်း တရုတ်သံရုံး၏ ယနေ့ ထုတ် ပြန်ချက်မှာ ဖော်ပြထားသည်။
ပုံ-ယနေ့ ရန်ကုန်လေဆိပ်သို့ ရောက်လာသည့် တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး ၁ သန်း (တရုတ်သံရုံး-fb)
တရုတ်သံရုံးက “တရုတ်နိုင်ငံက မြန်မာနိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ဆက်လက် အင်တိုက်အားတိုက် ကူညီ မှုများ ပေးအပ် သွားမည်ဖြစ်သည်”ဆိုသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကနေ ကိုဗစ်ကာကွယ်ဆေး ၄ သန်း မှာယူထားပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကိုဗစ် ကာကွယ်ဆေး ၂ သန်း လှူဒါန်းသည့်အတွက် စုစုပေါင်း ကိုဗစ်ကာကွယ်ဆေး ၆ သန်း ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရောက်ရှိမည်ဖြစ်ရာ ဇူလိုင် ၂၂ ရက် တရုတ်က မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး ၂ သန်းအနက် ၇ သိန်းကျော် ရောက်ရှိခဲ့သည်။
ထို့နောက် သြဂုတ် ၈ ရက်နေ့ (ယနေ့)တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး ၁ သန်း ဒုတိယအသုတ်အနေဖြင့် ရောက်ရှိခဲ့သည်။
သြဂုတ် ၇ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်လူနာ ၃၂၆၄၈၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့နောက် ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေး များကို မြန်မာနိုင်ငံရှိ လူ ၂ သန်းဝန်းကျင်ကို ထိုးနှံပေးထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။
ဆက်လက်ပြီး ကိုဗစ်ကာကွယ်ဆေးများကို မြန်မာနိုင်ငံ တစ်ဝန်းကျင် ပြည်သူများကို ထိုးနှံပေးနိုင်ရေး ဆောင်ရွက်နေ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကိုဗစ်ကာကွယ်ဆေးများ ခွဲဝေချထားပေးနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။
#တရုတ် #ကိုဗစ်ကာကွယ်ဆေး #Sinovac #ကိုဗစ်၁၉ #ကျန်းမာရေး #မြန်မာနိုင်ငံ #ကျန်းမာရေးဝန်ကြီးဌာန #ပြည်သူလူထု #CNImyanmar #cninews