CNI News
၂၀၂၆ ခုနှစ်၊ မေလ ၅
အိန္ဒိယရေတပ်ဦးစိးချုပ် Admiral Dinesh Jumar Tripathi နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်က နေပြည်တော်မှာ တွေ့ဆုံ၍ နယ်စပ်တည်ငြိမ်အေးချမ်းရေး ဆွေးနွေးကြသည်။
ထို့နောက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ် များ၊ နှစ်နိုင်ငံ ရေတပ်များအကြား စွမ်းဆောင်မှု ဆိုင်ရာမြှင့်တင်ရေး စစ်ရေးလေ့ကျင့်ခန်းများတွင် ပူးပေါင်းဆောင် ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ ကြသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်နှင့်အညီ ဆက်လက် လျှောက် လှမ်းကာ ဒေသတွင်း အကျိုးစီးပွားကို ဟန်ချက်ညီ ဆက်လက် ဖော်ဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက် ၍ ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယရေတပ်ချုပ်နဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ကို တွေ့ရစဉ်
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ မြန်မာဘက်က တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
အလားတူ အိန္ဒိယဘက်က အိန္ဒိယရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကြည်းတပ်စစ်သံမှူး Colonel Jaswinder Singh Gill၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူး Captain Manoj Kumar Pandey နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် နာဂ၊ ချင်း၊ ကချင်၊ ရှမ်းနီ၊ ရခိုင်၊ ကူကီး၊ ဇိုမီ၊ ကသည်း စသည့် လူမျိုးစု လက်နက်ကိုင်များနှင့် PDF တပ်ဖွဲ့များ လှုပ်ရှားနေပြီး တိုက်ပွဲများဖြစ်ပွားနေသည်။
