CNI News

၂၀၂၁ခုနှစ်၊ သြဂုတ် ၈

ဟောလီဝုဒ်မင်းသမီးကြီး ဂျနီဖာအန်နစ္စတန်ဟာ COVID-19 ကာကွယ်ဆေး ထိုးဖြစ်လား၊ မထိုးဖြစ်လားဆိုတဲ့မေးခွန်းကို မကြာသေးခင်ကပဲ မရေမရာဖြေကြားခဲ့တယ်လို့ In Style မီဒီယာဖော်ပြချက်ကို ကိုးကားပြီး စီအင်န်အင်န်သတင်းတစ်ပုဒ်အရ သိရပါတယ်။

“ကျမအပတ်စဉ်လုပ်နေကျကိစ္စတစ်ခုအနေနဲ့ COVID-19 ကာကွယ်ဆေး ထိုးပြီးလား၊ မထိုးပြီးလားလို့ မေးရင် ငြင်းတဲ့သူတွေ (ဒါမှမဟုတ်) ဖုံးကွယ်တဲ့လူတချို့ကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်” လို့ သူက ဆိုပါတယ်။

အဲဒီနောက် အန်နစ္စတန်က In Style မီဒီယာကို မှတ်ချက်ချပြောကြားခဲ့ပြီးတဲ့နောက် ချက်ချင်းဆိုသလို လူမှုကွန်ရက်မီဒီယာပေါ်မှာ သဘောထားမှတ်ချက်ဝင်ရေးသူ အလုံးအရင်းနဲ့ ထွက်ပေါ်လာခဲ့ပါတယ်။

အန်နစ္စတန်အတည်ပြုထားတဲ့ အင်တာဂရမ် account ပေါ်မှာ ဝေဖန်ထိုးနှက်ကြတဲ့ သဘောထားမှတ်ချက် (comment) တချို့ကို ဩဂုတ် ၅ ရက်က သူ ပြန်တင်ခဲ့ပါတယ်။

"Friends" star ရဲ့ ပို့စ်မှာ လူတစ်ယောက်ဝင်ရေးထားတဲ့ သဘောထားမှတ်ချက်ကို ဝင်ဖတ်ကြည့်တဲ့အခါ “တကယ်လို့ သူ(အန်နစ္စတန်) ကာကွယ်ဆေးထိုးပြီးရင် သူ့ကိုယ်သူကာကွယ်တာ မှန်သလား။ စိတ်ညစ်စရာ သူ့ဘေးရောက်လာမှာ ဘာကြောင့် မပူမပင်ဖြစ်နေတာလဲ” ရေးထားတာ တွေ့ရတာပါ။

အဲဒီသဘောထားမှတ်ချက်ကို အန်နစ္စတန်က “ရှင့်မှာ အသွင်ပြောင်းပိုးရှိနေရင် ကျမဆီ ကူးနိုင်သေးတာပဲ” လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

“ကျမ နည်းနည်းပါးပါး ဖျားချင်ဖျားနိုင်ပါတယ်။ ဒါပေမယ့် ကျမ ဆေးရုံမတက်ဘူး။ ဒါမှမဟုတ် သေလည်းသေမယ်” လို့ သူက ဆက်လက်တုံ့ပြန်ထားပါတယ်။

“ဒါပေမယ့် ကာကွယ်ဆေးမထိုးတဲ့သူ၊ နဂိုမကျန်းမာတဲ့သူကို ကျမဆီမှာ ပိုးရှိရင် ကူးအောင်လုပ်နိုင်တယ်။ ဒါကြောင့် အဲဒီလိုလူတွေကို ကျမက အသက်အန္တရာယ်ပေးနိုင်ပါတယ်။ အဲဒါမျိုးဖြစ်မှာ ကျမ စိတ်ပူတယ်။ ကျမတို့ ပိုဂရုစိုက်ရမယ်” လို့ အန်နစ္စတန်က အပြီးသတ်တုံ့ပြန်ရေးသားထားပါတယ်။

COVID-19 ဟာ ကာကွယ်ဆေးထိုးထားသူတွေကို ကူးစက်နိုင်သေးပေမယ့် အပြင်းအထန်ဖြစ်ပွားတာ (ဒါမှမဟုတ်) သေဆုံးတာကို အကာအကွယ်ပေးနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း အန်နစ္စတန်ဟာ “ကျမတို့ဆီ ကျရောက်လာတဲ့ ပထမဆုံးကူးစက်ရောဂါ ၂၀၂၀” ဆိုပြီး ခရစ္စမတ်ဒီဇိုင်းအပြင်အဆင်တွေနဲ့ လူမှုကွန်ရက်ပေါ်တင်ခဲ့ပါသေးတယ်။

Source: CNN