CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် - ၇
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများကို ၂ သန်းနီးပါး ထိုးနှံပြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက CNI သတင်းဌာနကို ပြောသည်။
“ရောဂါကို ကာကွယ်နိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကာကွယ်ဆေးပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဖို့လည်း ကျနော်တို့ အရှိန်အဟုန်မြင့်ပြီးဆောင်ရွက်ပါတယ်။ လတ်တလောမှာ ကာကွယ်ဆေး အလုံးရေ ၄ သန်းမှာ လူပေါင်း ၂ သန်းနီးပါးကို ထိုးပြီးပြီ ဖြစ်ပါတယ်”ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။
လတ်တလော ကျန်းမာရေးဝန်ကြီးဌာနမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ သန်းရှိနေသေးကြောင်း နေ့စဉ် တနိုင်ငံလုံးရှိ လူဦးရေ တစ်သိန်းကျော်ကို ကာကွယ်ဆေးထိုးပေးနေကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ ၂၀၂၁ နှစ်ကုန်မှာဆိုရင် ပြည်သူတွေရဲ့ ၅၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ်။ အလုံးရေအားဖြင့် သန်း ၂၀၊ သန်း ၃၀ ကျော်လောက် အသုံးပြုပြီးတော့ ထိုးပေးမှာဖြစ်တယ်” ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။
လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန် ကျန်းမာရေးဝန်းကြီးဌာနတစ်ခုပဲ မဟုတ်ဘဲ ဝန်ကြီးဌာနပေါင်းစုံနှင့် ကိုဗစ်-၁၉ တုံ့ပြန်ရေးဗဟိုကော်မတီကိုယ်တိုင် ကိုင်တွယ်ပြီးတော့ ဆောင်ရွက် နေသည်ဟု သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း လူဦးရေ (၃၂၂၈၃၈) ဦးရှိပြီး ကူးစက်ခံရပြီး သေဆုံးသူ (၁၁၂၆၂) ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
#ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေ
#ကျန်းမာရေးဝန်ကြီးဌာန
#ညွန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး
#CNI Myanmar
#ChannelNewsIndependent