CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၂

အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ဟာ့ရှ်ဘတ်ဟန် ရှရင်ဂလာက ကိုဗစ် ကာကွယ် ဆေး အလုံးရေ ၁ သန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကိုယ်စားလှယ်များထံ လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးက ယနေ့ (ဒီဇင်ဘာ ၂၂ ရက်)ထုတ်ပြန်ခဲ့သည်။

အိန္ဒိယသံတမန် မစ္စတာရှရင်ဂလာသည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်ထိ ၂ ရက်တာ ခရီးစဉ်အဖြစ် လာရောက် လျက်ရှိပြီး နစက ခေါင်းဆောင် အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံလျက်ရှိနေသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကိုယ်စားလှယ်များထံ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေး အလုံးရေ ၁ သန်းကို အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ပြည်သူများ အပါအဝင် မြန်မာပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရာတွင် ကူညီထောက်ပံ့နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။