CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၀
 
ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကုသရာတွင် အသုံးပြုရန်အတွက် National Strategic Investment Corpora-tion Co.Ltd(NSIC)မှ လှူဒါန်းသည့် Remdesivir ကုသဆေး အလုံးပေါင်း သုံးသောင်း (၃၀၀၀၀) မြန်မာပြည် သို့ ယနေ့ (ဇူလိုင် ၂၀ ရက်) ညနေပိုင်းက ရောက်ရှိလာကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
 
အဆိုပါ Remdesivir ကုသဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုရန်အတွက် Gileat Sciences,Inc က ထုတ် လုပ်မှု လိုင်စင်ကို အိန္ဒိယနိုင်ငံ Hetero Labs Limited မှ ဝယ်ယူ၍ Remdesivir ဆေးဝါးကို ထုတ်လုပ်ဖြန့်ဖြူး လျက်ရှိ ကြောင်း၊ Remdesivir ကုသဆေးကို National Strategic Investment Corporation Co.Ltd အနေ ဖြင့် မြန်မာကျပ်ငွေ (၃) ဘီလီယံတန်ဖိုးရှိ ဆေး အလုံးပေါင်း သုံးသောင်း(၃၀၀၀၀)အား အိန္ဒိယနိုင်ငံမှ မှာယူ၍ မြန်မာနိုင်ငံသို့ လှူဒါန်းခြင်းဖြစ်သည်။ 
 
အဆိုပါ ဆေးကို အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘက် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တဆင့် နေပြည်တော် လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် သယ်ယူလာခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူခဲ့သည်။
 
ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါအား Remdesivir ဆေးဖြင့် ကုသရာ တွင် အထိရောက်ဆုံးနှင့်လူသေဆုံးမှုနှုန်းကို လျော့ချနိုင်မှု အရှိဆုံးဖြစ် ကြောင်း၊ အဆိုပါ Remdesivir ကုသ ဆေးကို အမေရိကန်နိုင်ငံ Gileat Sciences,Inc မှ တီထွင်ထုတ်လုပ်၍ အမေရိကန်နှင့် ဥရောပနိုင်ငံများရှိ FDA ထောက်ခံချက် ရရှိခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကုသမှုတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
 
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ သိန်း ၄ သောင်းကျော်ရှိပြီး သေဆုံးသူ ၅၅၆၇ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၀ ရက်နေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ထားသည်။
 
#Remdesivirကုသဆေး #အိန္ဒိယ #မြန်မာ #ကိုဗစ်၁၉ #NSIC #ဆေးအလုံးပေါင်းသုံးသောင်း #အမေရိကန#CNImyanmar #cninews