CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
နှစ်နိုင်ငံကုန်သွယ်မှုတွင် ဒေါ်လာ၅ ဘီလီယံထိရောက်ရှိအောင် မျှော်မှန်းဆောင်ရွက်သွားရန် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန်လ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်း မြို့မှာ ကျင်းပသည့် မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
၎င်းက”မိမိအနေဖြင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သာရှိခဲ့သဖြင့် ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံထိရောက်ရှိအောင် ဆောင်ရွ က်ရန်၊ ဒုတိယအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံထိ ရောက်ရှိအောင် မျှော်မှန်းဆောင်ရွက်သွားရန် ဆွေးနွေးနိုင်ခဲ့ပြီဖြစ်ကြောင်း” ပြောကြားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယ-မြန်မာကုန်သွယ်မှု၌ ထိုမျှော်မှန်းပမာဏအထိ ရရှိစေရန် export, import မူဝါဒကို ထိထိရောက်ရောက် တင်ပို့နိုင်မည့် မူဝါဒမျိုး ချမှတ်လိုကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အိန္ဒိယနဲ့ကုန်သွယ်မှုကတော့ အထိုက်အလျောက်ရှိနေသေးတယ်ဆိုတဲ့အပိုင်းဖြစ်တော့ ပိုကုန်သွင်းကုန် အပိုင်းနဲ့ပြန်ပြောမယ်ဆိုရင်တော့ အစိုးရအနေနဲ့ ထိန်းကျောင်းတာထက် ကျနော်တို့ မြန်မြန်ဆန်ဆန်နဲ့ ကျနော်တို့ ထိထိရောက်ရောက်ပို့နိုင်ဖို့အတွက် မူဝါဒတွေကို ချဖို့လိုတယ်။ ပြီးတော့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို အရင် တုန်းကလိုမျိုးပေါ့နော် မြဝတီ၊ မူဆယ်လောက်ကိုပဲ ကျနော်တို့အားကိုး နေရတာမျိုးမဟုတ်ဘဲနဲ့ ပုံမှန်ဆိုရင် ကုန် သွယ်ရေးစခန်းက ဖြတ်ချဖို့တောင် ကျနော်တို့ ရှိတယ်ပေါ့နော်။ ကျနော် အမှတ်မမှားဘူးဆိုရင်။ ဒါပေမယ့် အဓိက ကုန်သွယ်မှုဖြစ်တဲ့ မြဝတီ၊ မူဆယ်ကပဲ ဒီအထွက် ၁၅ ရာခိုင်နှုန်းလောက် ကိုလွှမ်းမိုးထားပြီး၊ ကျန်တဲ့ အစိတ်လောက်ကိုပဲ ကျန်တဲ့ကုန်သွယ်ရေးစခန်းတွေက ကျနော်တို့ကတင်ပို့နေရတယ် တင်သွင်းနေရတယ် ဆိုတဲ့အခြေအနေမျိုးထက် ကျန်နော်တို့ကုန်သွယ်ရေးစခန်းတွေ တော်တော်များများကနေ ကျနော်တို့က ဖြန့်ဝေပြီးတော့၊ ခွဲပြီးတော့မှ ကျနော်တို့ တင်ပို့တင်သွင်းနိုင်တဲ့ လမ်းကြောင်းတစ်ခုပေါ့နော်။ ပြောမယ်ဆိုလို့ရှိရင် ဒီလမ်းကြောင်းတစ်ခုကိုဖန်တီးနိုင်ဖို့လိုအပ်တယ်။ ဒါမှသာနယ်မြေမတည်ငြိမ်မှုတွေ၊ ပဋိပက္ခဖြစ် မှုတွေနဲ့ ကုန်သွယ်ရေးဇုန် တစ်ခုပိတ်လိုက်ရရင်တောင် ကျန်တဲ့ဇုန်ကနေ ကျနော်တို့သိပ်ပြီးတော့ အတားအဆီးမရှိ တင်ပို့လို့ရနေသေးတယ်ဆိုတဲ့အခြေအနေမျိုးကို ကျနော်တို့ဖန်တီးနိုင်ဖို့လိုတယ်ပေါ့နော်။ အဲဒီတော့ ဇုန်အကြီးကြီးတွေတစ်ခုထဲကို အားကိုးတာမဟုတ်ဘဲနဲ့ ဇုန်သေးသေးလေးတွေ၊ ဇုန်သေးသေလေးတွေကနေ သက်ဆိုင်ရာဒီနယ်စပ်တွေမှာကျနော်တို့က ဖွင့်လှစ်နိုင်ပြီးတော့ One Stop Service ပုံစံမျိုးနဲ့ မူဝါဒတွေပြောင်းလဲပြီးတော့လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ” ဟု ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် မိမိတို့ မြန်မာနိုင်ငံဘက်မှ ထုတ်ပြန်သည့် စာရင်းများအရ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် မိမိတို့ နိုင်ငံမှ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလီယံထိရှိခဲ့ကြောင်း၊ အိန္ဒိ ယနိုင်ငံမှ ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၈၀၀ အကြားတွင် ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအော င်လှိုင်က ပြောကြားခဲ့သည်။
အိန္ဒိယဘက်မှ အများဆုံးပို့ကုန်များမှာ ဆေးဝါးပစ္စည်းများ၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်းများ၊ မော်တော် ယာဥ်နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ၊ လယ်ထွန်စက် နှင် ဆက်စပ်ပစ္စည်းများ တင်ပို့ခဲ့သည်ကို တွေ့ရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသို့ သမ္မတဦးမင်းအောင်လှိုင် သွားရောက်ခဲ့သည့် ခရီးစဉ်သည် မြန်မာနိုင်ငံအတွက် အများကြီး အကျိုးရှိသည့် ခရီးစဉ်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် သမ္မတဦးမင်းအောင်လှိုင်
၎င်းက “သူကအခုဒါကတော့ ယေဘုယျအားဖြင့်ပေါ့နော် ပမာဏတစ်ခုကို သူထုတ်ဖော်ပြီးတော့ ဒီပထမအဆင့် အနေနဲ့ ၃ ဘီလီယံ၊ ဒုတိယအဆင့်အနေနဲ့ ၅ ဘီလီယံ ဒါအိန္ဒိယနဲ့ကုန်သွယ်မှု၊ ဒီမြန်မာပြည်ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်လာအောင် သူကြိုးစားဆောင်ရွက်ဖို့အတွက် ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကျနော်တို့လည်းကြားခဲ့ရတယ်။ ဒါ ပေမယ့် သိပ်မကြာခင်မှာပဲ ဒီကိစ္စတွေကလည်း ကျနော်တို့လွှတ်တော်ကနေဆွေးနွေးတာမျိုးတွေ၊ လွှတ်တော်က နေအတည်ပြုတာမျိုးတွေ ဖြစ်လာခဲ့ပြီဆိုလို့ရှိရင်တော့ ကျနော်တို့သိရဖို့ဖြစ်နိုင်ပါတယ်ပေါ့နော်။ ဒါပေမယ့် အဲဒီ မှာ ၃ ဘီလီယံဆိုတဲ့ပမာဏကမနည်းဘူးပေါ့နော်၊ ဒါပြောချင်တာက ဒါပေမယ့် အိန္ဒိယဆိုတာလည်း ကမ္ဘာ့စီးပွား ရေးအင်အားကြီးနိုင်ငံထဲမှာပါသလို၊ လူဦးရေကလည်း တကယ့်ကို ကမ္ဘာပေါ်မှာ များတယ်၊ နယ်မြေအကျယ်အ ဝန်းကလည်း ကျယ်ဝန်းတယ်၊ ပြီးတော့ ကျနော်တို့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ဘော်ဒါနိုင်ငံတွေထဲမှာဆိုလို့ရှိ ရင်လည်း ဒီအိန္ဒိယနဲ့ကျနော်တို့နဲ့ဆက်ဆံရေးက ကောင်းမွန်ခဲတဲ့ဆက်ဆံရေးတွေရှိခဲ့တာဖြစ်တဲ့အတွက် အိန္ဒိယ ကိုသွားတဲ့ခရီးစဉ်ကတော့ ကျနော်တို့တွက်အများကြီးအကျိုးရှိတဲ့ခရီးစဥ်ဖြစ်တယ်လို့ သုံးသပ်လို့ရတယ်။ ကျ နော်အထင်တော့ပေါ့နော် ဒါကျနော်တို့ဒီ TNP အထည်ချုပ်ကဏ္ဍတွေပါလာနိုင်သလို၊ မော်တော်ကားတပ်ဆင်ထု တ်လုပ်ရေးကဏ္ဍတွေလည်းပါလာနိုင်တယ်” ဟု ပြောသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒဿမ ၃၈၅ သန်းနှင့် (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုများ တိုးတက်စေရန် ကျပ်-ရူပီး တိုက်ရိုက်ပေးချေရန်လည်း သဘောတူညီထားပြီးဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယဘက်မှ သွင်းကုန်များကို ပိုမိုတင်သွင်းရန် ဆန္ဒရှိကြောင်းလည်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
