CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်နှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-အိန္ဒိ နှစ်နိုင်ငံအကြား သမိုင်းကြောင်း အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံ ရေးကို ဘုံအကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများအလိုက် တည်ရှိပြီး နှစ်နိုင်ငံ ယန္တရားများမှတဆင့် ခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကျိုးရှိစေမည့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးကို ဆွေးနွေး ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အိန္ဒိယသံအမတ်ကိုတွေ့ရစဉ်
အိန္ဒိယသည် မြန်မာနိုင်ငံတွင် ကုလားတန်မြစ်စီမံကိန်းနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။
အလားတူ မြန်မာနိုင်ငံ မတည်မငြိမ်မှုများကနေတဆင့် အိန္ဒိယနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခိုမှုများ ရိုက်လာနေခြင်းကို ရင်ဆိုင်နေရကြောင်း သိရသည်။