၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၇
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဖူးစေ့များကို ထိုင်းနိုင်ငံသို့ နှစ်စဉ် အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မည့်အချိန်နှင့် နီးကပ်လာ သည့်အတွက် ပြောင်းဝယ်ယူ စုဆောင်းမှုများကို ယခု အောက်တိုဘာလမှ စတင်၍ ပြောင်းကုန်သည်များ ပြုလုပ်နေပြီဖြစ် ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ဩဂုတ်လ ၃၁ ရက်နေ့အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် နှစ်စဉ် မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ တင်ပို့ နေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။
ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - တိရစ္ဆာန်အစာအဖြစ် ပြောင်းဖူးချဉ်ဖက်များ တရုတ်သို့ တင်ပို့နိုင်ရန် ကြိုးစားနေ
ဦးသန့်ဇင်ထွန်းက “ကုန်သည်တွေကတော့ စုနေကြပြီလေ။ မြဝတီမှာလည်း ဝယ်ကြတယ်ပေါ့နော်။ ဒီရာသီမှာ ရှမ်းတောင်၊ ရှမ်းမြောက်၊ ကယားမှာ ပြောင်းတွေက နေလေးပူလာတဲ့အလျောက် ပြောင်းတွေက ထွက်လာပြီလေ။ အဲတော့ လှောင်တဲ့ ကုန်သည်တွေက စဝယ်ပြီပေါ့လေ။ ၁၁ လပိုင်း၊ ၁၂ လပိုင်း စပြီးတော့ ဝယ်ကြပါတယ်။ အဲဒီ ၁၁ လပိုင်း၊ ၁၂ လပိုင်းမှာ ဝယ် တယ်ဆိုတာက ၁ လပိုင်းကုန် ၂ လပိုင်းမှာ အဓိက မြဝတီရောင်းဖို့ရော၊ ဈေးတက်ရင်တော့ သင်္ဘောတင်ရောင်းတာရော အဲလို လုပ်ကြပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခု လက်ရှိကာလသည် ဆောင်းပြောင်း စိုက်ပျိုးသည့် ရာသီဖြစ်ပြီး မိုးပြောင်းရိတ်သိမ်းသည့် အချိန်ဖြစ်သည်။
ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - တရုတ်သို့ ပြောင်းချဉ်ဖတ်တင်ပို့ရန် ပြည်တွင်းလုပ်ငန်းရှင်များ ကြိုးစားနေ
လက်ရှိတွင် ပြောင်းတစ်ပိဿာလျှင် ၆၀၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိနေကြောင်း၊ ထို့ကြောင့် ပြောင်းဈေးနှုန်းများသည်လည်း ဒေါ်လာဈေး မြင့်တက်နေသည့်အတွက် ယခင်နှစ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၁၀၀ ကျပ် ပိုမိုရရှိနေ ကြောင်း သိရသည်။
သို့သော် စက်သုံးဆီဈေးနှင့် ဓာတ်မြေဩဇာဈေးများ မြင့်တင်နေခြင်းကြောင့် ပြောင်းဈေးနှုန်း မြင့်တက်နေသည့်တိုင် ပြောင်း စိုက်တောင်သူများအတွက် အကျိုးအမြတ် မရှိနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ပြောင်းစိုက်တောင်သူ ကိုမင်းခိုင်က ပြောသည်။
၎င်းက“မနှစ်က ပြောင်းဈေးကတော့ တောင်သူတွေ စိုက်ထိုက်တဲ့ အနေအထားပေါ့။ မြေဆီဈေးတွေ၊ ရေနံဈေးတွေကတော့ သူတို့ ရောင်းရတဲ့ အနေအထားက တစ်ပိဿာကို ၅၀၀၊ ၄၅၀၊ ၄၉၀ နီးပါးပေါ့။ အဲဈေးနှုန်းတွေ ရောင်းရတော့ မဆိုးဘူး၊ ပြောင်းမှာတော့ သူတို့အတွက် နည်းနည်းကျန်တာပေါ့။ ဒီနှစ်ကတော့ အရင်ထည့်ရတဲ့ သွင်းအားစုစရိတ်က များနေတော့ နောက်ထပ် လာမယ့်ဈေးက ဘာမှန်း မသိသေးဘူး။ ဘာမှန်းမသိတော့ လောလောဆယ် စိုက်သာ စိုက်နေရတယ် အရှုံးဘက် ကနေ ပြရတဲ့သဘော ရှိနေတယ်။ အခုဈေးနဲ့ ပုံစံအတိုင်း တွက်မယ်ဆိုရင် ကိုင်းသမားတွေက မနှစ်ကနဲ့ သိပ်မထူးဘူး ပေါ့ လေ။ နောက်တစ်ခါ သွင်းအားစုတွေတက်လို့ အပေါ်ကနေပြီးတော့ ဝယ်ဈေး နည်းနည်းမြောက်တာလေး ဒါပဲရှိတာ။ အမြတ် နှုန်းကတော့ သိပ်လည်း မကွာလောက်ပါဘူး၊ ၆၀၀ ဈေးလောက်ဆိုရင်ပေါ့လေ။ ၆၀၀ အောက်ကို ရောက်သွားရင်တော့ ကိုင်း သမားတွေ ရှုံးပြီပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို ဧက ၁၂ သိန်းခန့် နှစ်စဉ် စိုက်ပျိုးပြီး တန်ချိန် ၂၃ သိန်းမှ ၂၇ သိန်းဝန်းကျင်အထိ ထုတ် လုပ်လျှက်ရှိကြောင်း သိရသည်။
ပြောင်းကို ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် စိုက်ပျိုးကြကြောင်း သိရသည်။
ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - ပြည်ပဝယ်လိုအားများ၍ မြန်မာ့ပြောင်း ဈေးကောင်းရနေ
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ အစေ့ထုတ်ပြောင်း တင်ပို့မှု ၂.၂ သန်း ရှိသည်ဟု သိရသည်။