CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅


မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယနေ့ (စက်တင်ဘာ ၁၅ ရက်)တွင် အမေရိကန်ဒေါ်လာ ၈ သန်းထုတ်ရောင်းခဲ့ပြီး ပျမ်းမျှ ငွေလဲလှယ်နှုန်း ၁၇၅၀ ကျပ်သတ်မှတ်သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။


ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် “၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြား ငွေဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၈ သန်းကိုရောင်းချခဲ့သည်။ လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၇၅၀ ကျပ် ဖြစ်သည်”ဟု ဖော်ပြထားသည်။


ဗဟိုဘဏ်မှ ပျမ်းမျှငွေလဲလှယ်နှုန်း ၁၇၅၀ ကျပ် သတ်မှတ်ထားသည်။သို့သော် ပြင်ပပေါက်ဈေးအနေဖြင့် Away (နိုင်ငံခြား မှ ပြည်တွင်းသို့ ငွေလွှဲနှုန်း- ပြည်တွင်းမှ နိုင်ငံခြားသို့ ငွေလွှဲနှုန်း)၁၉၁၀ ကျပ်နှင့် ၁၉၁၅ ကျပ်ပေါက်ဈေးရှိပြီး Note (စီးပွားရေးအသုံးအနှုန်း ရည်ညွန်းချက်အခေါ်-အရွက်ဖြစ်သည်)ပေါက်ဈေးမှာ ၁၉၃၀ ကျပ်နှင့် ၁၉၃၅ ကျပ်နှုန်းရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်းများ ထံမှ သိရသည်။

ဗဟိုဘဏ်သည် မြန်မာနိုင်ငံအတွင်း ဒေါ်လာဈေး အဆမတန်တက်လာနေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် စျေးပြိုင်လေလံနှင့် ဖော်ဖော်ဝါရီလမှာ ကန်ဒေါ်လာ ၆ ဒသမ ၈ သန်း၊ ဧပြီလမှာ ၁၂ သန်း၊ မေလမှာ ၂၄ သန်း ၊ ဇွန်လမှာ ၁၂ သန်း၊ ဇူလိုင်လမှာ  ၃၉ သန်း၊ သြဂုတ်လမှာ ၂၈သန်း၊ စက်တင်ဘာ ၁၂ ရက်တွင် ၁၅ သန်းနှင့် ယနေ့(စက်တင်ဘာ ၁၅ ရက်)တွင် ၈ သန်း ရောင်းချပေးခဲ့ပါသည်။