CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅

ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန် ကြေညာခဲ့သည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း(AD)လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက်(Online Trading)တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။