CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ ဓာတ်ဆီတစ်လီတာလျှင် ၃၀၀၀ ကျော်ဖြင့် ဝယ်ယူနေကြရကြောင်း ဒေသခံများက ပြောသည်။

မူဆယ်မြို့ရှိ ရွှေရာဇာ စက်သုံးဆီအရောင်းဆိုင်တွင် ဓာတ်ဆီတစ်လီတာ ၃၃၀၀ ကျပ်ဖြင့် လည်းကောင်း၊ Royal Muse စက်သုံးဆီဆိုင်တွင် ဓာတ်ဆီတစ်လီတာ ၃၄၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိသည်။

မူဆယ်မြို့က ရွှေရာဇာနဲ့ Royal Muse စက်သုံးဆီဆိုင်မှာ ဆီဝယ်ရန်စောင့်နေကြစဉ်(ပြည့်စုံ-ဖေ့စ်ဘွတ်ခ်)

လက်ရှိ မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေးတို့တွင် စက်သုံးဆီ ပြတ်လပ်သည့်အထိ ဖြစ်ပေါ် နေခြင်းကြောင့် ကျန် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ စက်သုံးဆီများ တင်ပို့ဖြန့်ဖြူးရန် အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည်။