- By CNI News
- Category: ဆောင်းပါး
- Hits: 1749
CNI Article News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ အခြားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်း လိုက်ခြင်းဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံသည် စစ်တပ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိ သွားခဲ့သည်။
ထို့နောက် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း မြန်မာနိုင်ငံတွင် အပြင်းထန်ဆုံး လူထုအုံကြွမှု ဖြစ်ပေါ်ခဲ့သည်။
အိန္ဒိယ-မြန်မာ ဆက်ဆံရေးသည် ဗုဒ္ဓဘာသာ၊ စီးပွားရေး၊ ဘောလိဝုဒ်၊ ဂန္ထဝင်အကဖြစ်သည့် ဘာရတ်နတ်တံ (Bharatana tyam) နှင့် မြန်မာ့ကျွန်းသစ် စသည့် အကြောင်းတရား ၅ မျိုးတို့ဖြင့် အစဉ်သဖြင့် လမ်းပွင့်နေခဲ့သည်။
ထို့ကြောင့် စစ်တပ် အာဏာရယူမှုသည် အိန္ဒိယအတွက် မလွဲမသွေ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ စစ်တပ်အာဏာ ရယူမှု တလျှောက်လုံး အိန္ဒိယသည် ၎င်း၏ သံတမန်ဆက်ဆံရေးကို သတိကြီးကြီးထားခဲ့သည်။
အကြမ်းဖက်မှုများနှင့် တပ်မတော် (မြန်မာ့အာဏာသိမ်းစစ်အုပ်စု၏ တရားဝင်အမည်)ကို ပြတ်ပြတ်သားသား ရှုတ်ချခဲ့သော် လည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်၏ တရားဝင်မှုကိုတော့ အိန္ဒိယက အားဖြည့်ပေးခြင်း မရှိပေ။
အိန္ဒိယ၏ မဟာဗျူဟာနှင့် မရှင်းလင်းသော စွက်ဖက်မှု နောက်ကွယ်တွင် သိသာထင်ရှားသော အချက်တစ်ခုမှာ ၎င်း၏ Act East Policy (AEP) ဖြစ်သည်။
“အရှေ့ဘက်နှင့် အလုပ်လုပ်” ဟူသော မူဝါဒဖြစ်သည်။ AEP သည် အိန္ဒိယ၏ အရှေ့မြောက်ဒေသတွင် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု တိုးတက်စေခြင်းဖြင့် ဆက်သွယ်မှု၊ ကုန်သွယ်မှု၊ ယဉ်ကျေးမှု၊ ကာကွယ်ရေးနှင့် လူအချင်းချင်း ဆက်သွယ်မှု နယ်ပယ် များအတွက် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား သံတမန် နည်းဗျူဟာတစ်ခု ဖြစ်သည်။
ဤဒေသ၏ ပထဝီဝင်နိုင်ငံရေး တည်နေရာသည် အနောက်နှင့် အရှေ့ နှစ်ခုစလုံးရှိ အိန္ဒိယ၏ မိတ်ဖက် ဆက်ဆံရေးကို မြှင့် တင် ပေးနိုင်သည်။ ဒေသတွင်း၌ နယ်စပ်ဖြတ်ကျော်၍ အသိုင်းအဝိုင်းတိုင်း လိုလိုတွင် ၎င်းတို့၏ ကိုယ်ပိုင် လက်နက်ကိုင်အဖွဲ့ များနှင့် နိုင်ငံရေး အကျိုးစီးပွားများ ရှိကြသည်။
အဆိုပါ ကိစ္စရပ်များသည် အစိုးရများနှင့် နိုင်ငံတကာတို့အတွက် အကျိုးစီးပွား ဖြစ်ထွန်းခဲ့သော်လည်း ဌာနေတိုင်းရင်းသား မျိုးနွယ်စုများ အတွက်တော့ နှစ်နိုင်ငံ ဆက်ဆံရေး အောင်မြင်မှုကြားတွင် အခြေခံ လူတန်းစားများအဖြစ်သာ ဆက်လက် ကျန်ရစ်နေခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ယင်းကဲ့သို့ အရေးကြီးသော ကိစ္စရပ်များ ရှိနေဆဲဖြစ်သော်လည်း မြန်မာနိုင်ငံတွင် စစ်တပ် အာဏာ ရယူမှုနှင့် ပတ်သက်၍ အိန္ဒိယ၏ မဟာဗျူဟာကလည်း အရှေ့မြောက်ဒေသရှိ(NER) ဌာနေတိုင်းရင်းသားများ၏ လုံခြုံရေးကို အလေးထားသလို ထိုအရေးကို အမျိုးသားရေး ပြဿနာအဖြစ် ရှုမြင်ပေးခဲ့သည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် မဏိပူရပြည်နယ်၊ ချူရာချန်ပါခရိုင်တွင် အာသံရိုင်ဖယ်တပ်မှူး ဗိုလ်မှူးကြီး Viplav Tripathi နှင့် ၎င်း၏မိသားစုဝင် ၄ ဦးတို့ကို စစ်သွေးကြွများ ခြုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အိန္ဒိယ၏ သဘောထားကို ထင်ရှားစွာ တွေ့နိုင်သည်။
မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့မှာ အာသံရိုင်ဖယ်တပ်ဖွဲ့ လုံခြုံရေး ယူနေစဉ် (CNI)
ထိုသို့သော လုံခြုံရေး ပြဿနာများက အိန္ဒိယအရှေ့မြောက်ဒေသတွင် ဒုနဲ့ဒေးရှိနေဆဲ ဖြစ်သည်။ ထို့နောက်တွင် နာဂလန်း ဒေသ၊ မွန်းနယ်မြေတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများကို သတ်ဖြတ်သဖြင့် ဒေသတွင်း၌ တက်ကြွစွာ ဆောင်ရွက် နေသော ပေါင်းစည်းမှု လုပ်ငန်းစဉ်ကို နှေးကွေးသွားစေခဲ့ပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ တိုးလာခဲ့သည်။
အထက်ပါ ပြဿနာများ ရှင်းလင်းပြီးသည်နှင့် ချက်ချင်းဆိုသလို အရှေ့မြောက်ပိုင်း ပြည်နယ်များတွင် လက်နက်ကိုင်တပ်ဖွဲ့ များ အထူးအာဏာအက်ဥပဒေ (AFSPA) ကို ဖျက်သိမ်းပေးရေး တောင်းဆို ကြွေးကြော်သံများ ဆူညံစွာ ထွက်ပေါ်လာသဖြင့် ဒေသတွင်း လုံခြုံရေးအတွက် ကြောက်ရွံ့ ထိတ်လန့်မှုများမှာ ပိုမိုတိုးပွားလာခဲ့သည်။
သို့ဖြစ်၍ အိန္ဒိယဗဟိုအစိုးရသည် လက်နက်ကိုင်တပ်ဖွဲ့များ အထူးအာဏာအက်ဉပဒေ(AFSPA)အမိန့်ကို ခရိုင် ၂၃ ခုမှ လုံးဝ ရုပ်သိမ်းလိုက်သည်။ အမိန့် ရုပ်သိမ်းပေးလိုက်သော ခရိုင်များအနက် အာသံပြည်နယ်မှ ခရိုင်တစ်ခု၏ တစိတ်တပိုင်း၊ နာဂ လန်းတွင် ၇ ခုနှင့် မဏိပူရတွင် ၆ ခုတို့ ပါဝင်ကြသည်။
ဒေသတွင်း နိုင်ငံရေးကို အထူးပြု လေ့လာသူ စာရေးဆရာ ဆန်ဂျစ်ဘာရတ် (Sanjib Baruah) က “အရှေ့မြောက်ဒေသရှိ အိန္ဒိယ၏ ပြဿနာများသည် လက်နက်ကိုင် ပဋိပက္ခမှ အစပြုပြီး လက်နက်ကိုင် ပဋိပက္ခဖြင့်ပင် အဆုံးသတ်မည်ကို ဟန်ဆောင် ဖုံးကွယ်ခြင်းသည် အကျိုးမရှိ”ဟု စောဒကတက်ခဲ့သည်။
အိန္ဒိယဗဟိုအစိုးရသည် AEP ကို လက်နက်ကိုင် ပဋိပက္ခများ ပပျောက်စေရန်၊ ဒေသတွင်း လုံခြုံရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်းပေးရန် မူဝါဒတစ်ရပ်အဖြစ် မျှတမှုရှိစေလိုသည်။
သို့သော်လည်း မြန်မာစစ်တပ်က အာဏာသိမ်းမှု ကဲ့သို့သော အကျပ်အတည်းကာလတွင် အိန္ဒိယအစိုးရသည် ဌာနေ တိုင်းရင်းသားများအပေါ် အန္တရာယ်ရှိသော အကာအကွယ် ပေးရေးဆိုင်ရာ အကျိုးသက်ရောက်မှုကို အသိအမှတ်ပြုရန် စိုးရိမ်မှု အနည်းဆုံးထားခဲ့သည်။
ရာဘူးပက်ဂီရိ (Rubul Patgiri) နှင့် အော်ဘဂျာ ဘိုရက် ဟာဇာရီကာ (Obja Borah Hazarika) ကဲ့သို့သော တတ်သိပညာရှင် များက AEP မူဝါဒသည် မဏိပူရ၊ အာသံနှင့် နာဂလန်း တို့ရှိ လက်နက်ကိုင် ပဋိပက္ခများကို သက်သာရာ ရစေနိုင်ကြောင်း အခြေအတင် ငြင်းခုံကြသည်။
နာဂ လက်နက်ကိုင်အဖွဲ့
အဆိုပါ လက်နက်ကိုင် အဖွဲ့များသည် အိမ်နီးချင်း နိုင်ငံများတွင် ၎င်းတို့၏ ယာယီစခန်းများ ထားရှိပြီး လေ့ကျင့်ရေး၊ ငွေကြေး နှင့် အထောက်အပံ့များ လက်ခံသည့် နေရာအဖြစ် တည်ဆောက်ထားကြသည်။ ထို့ကြောင့် တိုင်းရင်းသားများ၏ နေထိုင်မှု ဘဝ တိုးတက် ကောင်းမွန်လာပါ့မလား မေးခွန်းကို ပညာရှင်များက သုံးသပ်ခဲ့ကြသည်။
သို့သော်လည်း အိန္ဒိယရှိ လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာနိုင်ငံရှိ စစ်သွေးကြွများကြား အပြန်အလှန် ခြိမ်းခြောက်မှုများကို လေ့လာ တွေ့ရှိချက်များအရ ပျံ့နှံ့နေသော အခြေအနေတစ်ရပ်၏ ရိုးရှင်းမှုတစ်ခုကို မြင်ရသည်။
ပြည်တွင်း ပဋိပက္ခကို ဟန်ချက်ညီအောင် ထိန်းကျောင်းရန်အတွက် စစ်အာဏာရှင်များသည် အိန္ဒိယအရှေ့မြောက်ပိုင်းမှ လက်နက်ကိုင် အဖွဲ့များနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။
ထိုစာချုပ်များသည် လက်နက်ကိုင်အဖွဲ့များကို အားကောင်းစေပြီး လုံခြုံရေးပြဿနာများနှင့် ပို၍ပင် သက်ဆိုင်စေသည်။ မြန်မာနိုင်ငံအပေါ် အိန္ဒိယ၏ လက်ရှိကာလ မရှင်းလင်းသော ထိတွေ့ဆက်ဆံမှုသည် AEP မူဝါဒ တိုးတက်မှုထက် ဒေသတွင်း ရှိ ဌာနေတိုင်းရင်းသားများ၏ ဘဝကို အနှောင့်အယှက်ပေးရုံသာ ဖြစ်နေသည်။
အမျိုးသား အကျိုးစီးပွားအတွက် ဆောင်ရွက်နေသော်လည်း AEP မူဝါဒ အကောင်အထည် ဖော်မှုသည် ဒေသတွင်းရှိ ဌာနေ တိုင်းရင်းသားများအတွက် ကျေနပ်လောက်စရာ ညှိနှိုင်းဆွေးနွေးမှုရလဒ် မထွက်ခဲ့သဖြင့် AEP ကို အကောင်အထည် ဖော်မှုမှာ အားနည်းသည်ဟု ပြောလျှင်ရသည်။
AEP သည် စီးပွားရေးအရ နှစ်လိုဖွယ်မရှိသော မြေမျက်နှာသွင်ပြင်နှင့် ဒေသခံလူဦးရေ၏ ယဉ်ကျေးမှုဆိုင်ရာတို့ကို လျစ်လျူ ရှုထား၍ ပထဝီဝင် နိုင်ငံရေးအရ အိန္ဒိယအတွက် မလိုအပ်သော ဒေသအဖြစ် အရှေ့မြောက်၏ သမိုင်းအား ထပ်မံ အတည်ပြု လိုက်သလို ဖြစ်နေသည်။
ဒေသတွင်း လုံခြုံရေးဆိုင်ရာ ပြဿနာများအပေါ် အိန္ဒိယအစိုးရ၏ မလိုလားအပ်သော တုံ့ပြန်မှုများသည် အမျိုးသား အကျိုး စီးပွားကို ဖြည့်ဆည်းရာတွင် အဟန့်အတား ဖြစ်စေသည်။ ဗဟိုအစိုးရသည် ဌာနေတိုင်းရင်းသားများ၏ လိုအပ်ချက်များကို အာရုံမစိုက်သရွေ့ AEP အောင်မြင်မည် မဟုတ်ပေ။
မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ရှိ မဏိပူရ်တက္ကသိုလ်
AEP ၏ ကျရှုံးမှုသည် တရုတ်က အိန္ဒိယကို အသာစီး ရစေမည် ဖြစ်သည်။ အကြောင်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ လျင်မြန်စွာ တိုးလာ၍ ဖြစ်သည်။ ဘေဂျင်းသည် မြန်မာပြည်တွင်း အကြီးဆုံး ရင်းနှီး မြှုပ်နှံသူဖြစ်ပြီး မြန်မာသည် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး တွက်ချက်မှုတွင် ထင်ရှားစွာ ပါဝင်လာနေသည်။
ဘင်္ဂါလီ (မူရင်း-ရို) အကျပ်အတည်း အပြီးတွင် တရုတ်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည် အစိုးရနှင့် ခိုင်မာသော ထိတွေ့ ဆက်ဆံမှု မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းထားလျက် NLD ကို ထောက်ခံခဲ့သည်။
ထို့နောက် တရုတ်သည် မြန်မာနှင့် စီးပွားရေး စင်္ကြန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ မကြာသေးမီက သံတမန်ရေးရာ တိုးတက်မှုကို ကြည့်လျှင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ မြန်မာအစိုးရအား ကျောထောက်နောက်ခံ ပြုပေးမည်”ဟု ကြေညာခဲ့ပြီး အလွန်အရေးပါသည့် နေပြည်တော်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစွာ တိုးမြှင့်လိုသော ဘေဂျင်း၏ ဆန္ဒကို ပြသခဲ့သည်။
မြန်မာနိုင်ငံသည် အာရှလမ်းမကြီး၏ စင်္ကြန်ဖြစ်သောကြောင့် ဒေသတွင်း ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးကို လွှမ်းမိုး ရန် အိန္ဒိယ၏ ရည်မှန်းချက်မှာ နှောင့်နှေးဆဲပင် ရှိသေးသည်။
ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့် မြန်မာနိုင်ငံကို စစ်တပ်က သိမ်းပိုက်ထားပြီးနောက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား တိုးတက် ဖြစ်ထွန်းမှု မှန်သမျှမှာလည်း ရပ်တန့်နေခဲ့သည်။
AEP အောင်မြင်ရသည်ဆိုလျှင် အိန္ဒိယ၏ အရှေ့မြောက်ဒေသ ရပ်တည်ချက်ကို ပိုမိုအားကောင်း လာစရာရှိသည်။ အဆိုပါ မူဝါဒသည် ၎င်း၏ အိမ်နီးချင်းများနှင့် အိန္ဒိယ၏ ထိတွေ့ဆက်ဆံမှုကို ထပ်မံ ဆုံးဖြတ်ပေးမည်ဖြစ်သောကြောင့် လျှော့တွက်၍ မရနိုင်ကြောင်း။ ။
Source: The Wire
(The Wire အိန္ဒိယဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင်များဖြစ်ကြသည့် Sangmuan Hangsing နှင့် Suanmuanlian Tonsing တို့၏ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)
- By CNI News
- Category: ဆောင်းပါး
- Hits: 2053
CNI Article News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅
ရက်ပေါင်း ၁၀၀ ကျော်ကြာအောင် ယူကရိန်းနိုင်ငံသားများသည် ရက်စက်ကြမ်းကြုတ်သော ရုရှားကျူးကျော်မှုကို ခုခံ တွန်း လှန် နေခဲ့ရသည်။ ယူကရိန်း တစ်နိုင်ငံတည်း ခုခံတိုက်ခိုက်နေရသော်လည်း အနောက်နိုင်ငံများက ငွေကြေးပံ့ပိုးပေးသည်။
ပါတီနှစ်ရပ်ဖြင့် ရပ်တည်နေသော လွှတ်တော်ထဲတွင် အမေရိကန် ဆီးနိတ်က ဒေါ်လာ ၄၀ ဘီလီယံ အကူအညီပေးရေး အစီ အစဉ်ကို အတည်ပြုခဲ့ရာ ယင်းပမာဏထဲမှ အနည်းဆုံး ဒေါ်လာ ၁၅ ဘီလီယံသည် ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့များထံ ရောက်သွားမည်ဖြစ်သည်။
ကျန်ပမာဏကို ရုရှားနှင့် ထိပ်တိုက်ရင်ဆိုင်နေသည့် အခြားပထဝီဝင် စီးပွားရေး စစ်မျက်နှာစာအတွက် ရည်မှန်းထားသည်။
ထိုသို့ ထိုးနှက်မှုများ ရှိလင့်ကစား ရုရှားစီးပွားရေးကတော့ အခြေခိုင်ခိုင်ဖြင့် ရပ်တည်နိုင်ဆဲ ဖြစ်သည်။ ထိုသို့ ရပ်တည်နိုင်ဖို့ အတွက် စံချိန်တင်အောင် ထုထည်ကြီးမားသည့် ဟိုက်ဒရိုကာဗွန် ဈေးနှုန်းများနှင့် ဥရောပနိုင်ငံ အချို့က ရုရှားဓါတ်ငွေ့ကို ဆက်ဝယ်နေခြင်းဖြင့် ကျေးဇူးပြုသည်။
သို့ဖြင့် အရပ်သား ထောင်နှင့်ချီ၍ သေကြေခဲ့ရပြီး ယူကရိန်း နေရာအများစု ဖျက်ဆီးခဲ့သည့် ပဋိပက္ခကို ရုရှား အပြည့်အဝ ဆက်လုပ်နိုင်ဖို့ အကြောင်းတရား ဖြစ်နေသည်။
အထက်ပါ ဒုက္ခသုက္ခများကို ယူကရိန်းနိုင်ငံသားများ ရှေ့လျှောက် ခါးစည်းခံရဦးမှာလားဆိုသည်မှာ ရုရှားအပေါ် စီးပွားရေး စစ် ဆင်ရေး ဆင်နွှဲနေသည့် အနောက်အုပ်စုနိုင်ငံများ၏ မဟာဗျူဟာနှင့် နည်းဗျူဟာ ပြန်လည် ဆန်းစစ်မှုအပေါ် မူတည်လို့ နေသည်။
ရုရှားတိုက်ခိုက်မှု ယူကရိန်းပြည်သူများ ရှောင်တိမ်းနေစဉ် (AFP)
ယူကရိန်းနိုင်ငံသားများအတွက် ရက်စက်ကြမ်းကြုတ်လှသည့် ကျူးကျော်စစ်နှင့် သွေးထွက်သံယိုမှုများ၊ အသံမထွက်သော ကြမ်းတမ်းမှုများက ဖြစ်သည်က အရှိတရား၊ ပကတိတရား ဖြစ်သည်။
အစကတည်းက အနောက်အုပ်စု အဓိကလက်နက်မှာ စီးပွားရေး မျက်နှာစာတွင် ပိတ်ဆို့ခြင်း ဖြစ်သည်။ အရေးပါသည့် ဘဏ် လုပ်ငန်း ချိတ်ဆက် လုပ်ကိုင်မှုများကို ဖြတ်တောက်ပစ်သည်။ ရုရှားစီးပွားရေး လုပ်ငန်းများကို ဒေါ်လာဈေးကွက်၏ အပြင် ဘက်သို့ တွန်းပို့သည်။ ရုရှားစစ်၏ ရင်အုံဖြစ်သော အဓိကကျသည့် အစိတ်အပိုင်းများကို ပိုင်ဆိုင်မှု ဖမ်းဆုတ်၍ တုံ့ဆိုင်း စေခဲ့ သည်။
အထူးသဖြင့် ရုရှားပို့ကုန်များထဲမှ ကျောက်မီးသွေး တင်ပို့ရောင်းချခြင်းကိုလည်း အနောက်အုပ်စုက ပစ်မှတ်ထားခဲ့သည်။ သို့သော်လည်း ဥရောပတွင် ရုရှားထံမှ လောင်စာစွမ်းအင် အပြည့်အဝ မဝယ်ဖို့ တားမြစ်ပုံ၊ တားမြစ်နည်းနှင့်ပတ်သက်၍ အခြေအတင် ဆွေးနွေးနေမှုများက ရှိနေသေးသည်။
ယခုအချိန်အထိ အနောက်နိုင်ငံများသည် ရုရှားစီးပွားရေးကို အားနည်းစေမည့် “စီးပွားရေးအရ ထောက်ပံ့ရေး ကွင်းဆက် ဆိုင်ရာ မဟာဗျူဟာ” ကို သတ်မှတ် ထားသည့်အတိုင်း လိုက်ပါ လျှောက်လှမ်းရန် ရွေးချယ်ထားပုံ ရသော်လည်း ထိုမဟာ ဗျူဟာသည် သူ့ကိုယ်သူ ပြန်လည် ထိခိုက်စေမည့် အရေးကိစ္စများ အတွက်တော့ ထိရောက်စွာ ခန့်မှန်းစီစဉ်နိုင်ခြင်း မရှိခဲ့ပေ။
ရုရှား၏ ဟိုက်ဒရိုကာဗွန်နှင့် ဘဏ်လုပ်ငန်းအပေါ် အပြည့်အဝ ပိတ်ဆို့အရေးယူခြင်း ရှိ၊ မရှိ နှင့် မည်ကဲ့သို့ ကန့်သတ်ချက် ထားသည်ဆိုသည့် မေးခွန်းများကို ဆွေးနွေးရန် တောင်းဆိုမှုများ ကြီးထွားလာသည်။
သို့သော် ထိုပိတ်ဆို့မှုမှ ထပ်လောင်း ဆုံးရှုံးမှု ပိုများလာမည်ကို ဆွေးနွေးပွဲတွင် ပါဝင်သူ အားလုံးက သိရှိကြသည်။ ယူကရိန်း နိုင်ငံသားများ မစွမ်းနိုင်သည့် အဆင့်မြင့် လက်နက်များဖြင့် ခုခံသည့် စစ်ပွဲအပေါ် အနောက်နိုင်ငံများ၏ အာရုံစိုက်မှု ဖြည်းဖြည်းချင်း ရွေ့လျားလာသည်နဲ့အမျှ ဒဏ်ခတ်ပိတ်ဆို့မှု ဖြေရှင်းနည်းသည်လည်း မကြာခင်မှာ အားနည်းသွားနိုင်သည့် အန္တရာယ်ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ ဗလာဒီမာပူတင်သည် အနောက်အုပ်စု၏ မည်သည့် ဦးတည်ချက် ချမှတ်ထားသည်ဖြစ်စေ စစ်အသုံး စရိတ်ကိုသာ ဆက်လက် ဦးစားပေးသွားမည်ဟု ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။
ပူတင်၏ လုပ်ရပ်သည် မိမိလူမျိုးကို ဆင်းရဲတွင်း နက်အောင် စစ်ကို အသုံးချခြင်းဟု ဆိုနိုင်သည်။ သို့သော ယူကရိန်း၏ အပျက်အစီးများ ဆောလျင်စွာ အဆုံးသတ်ရန်နှင့် ၎င်း၏ ဥပဒေမဲ့ ကျူးလွန်မှုများအတွက် ရုရှားကို ထိန်းလိုပါက အနောက် နိုင်ငံများ အနေဖြင့် ကရင်မလင် အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများ တင်းကျပ်ထားရုံ သာမကဘဲ ပိတ်ဆို့ရေး ဗျူဟာ ကျင့်သုံးသည့် ထိရောက်သော စီးပွားရေး စစ်ပွဲဖြစ်အောင် ပိတ်ဆို့ပုံ၊ ပိတ်ဆို့နည်း သင်ယူရန်လည်း လိုအပ်လာပြီ ဖြစ်သည်။
ရုရှားသမ္မတ ပူတင်
ပိုမို စမတ်ကျသည့် နည်းလမ်းကို ဆက်လက် ရေးသားလိုပါသည်။ ယခုအချိန်အထိ စစ်ပွဲ၏ စီးပွားရေးဆိုင်ရာ သက်ရောက်မှု များအတွက် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုများကို မှန်းဆတွက်ချက်ရန် လစ်ဟင်းခဲ့ခြင်းကြောင့် ပိတ်ဆို့မှုများ၏ အာနိသင်မှာ လျော့ပါးစ ပြုနေပြီ ဖြစ်သည်။
ဆက်လက် ဆောင်ရွက်ဆဲဖြစ်သော အစီအမံများ၏ အကျိုး သက်ရောက်မှုများအတွက် အစီအစဉ် မချခြင်းသည် ဤစီးပွား ရေး တိုက်ပွဲတွင် အနောက်အုပ်စု၏ လက်စလက်နကို ပိုမို အားနည်းသွားစေမည့် အန္တရာယ်ရှိပါသည်။ အကယ်၍ ဥရောပ နိုင်ငံများသည် ၎င်းတို့၏ စရိတ်စကများ ကာကွယ်ရန် မဟာဗျူဟာများ မချမှတ်ဘဲ ဒဏ်ခတ် ပိတ်ဆို့မှုများကို အကောင် အထည် ဖော်ပါက ၎င်းသည် ပူတင် အစိုးရအပေါ် စီးပွားရေးအရ ခုခံနိုင်စွမ်းကို ဆန့်ကျင်သည့် လက်ယာ အစွန်းရောက် အငြင်းပွားမှု ဖြစ်ပေါ်ဖို့ အလားအလာ ကောင်းလာစေနိုင်သည်။
ဟန်ဂေရီနိုင်ငံမှ ဗစ်တာအော်ဗန် (Viktor Orban) (သို့မဟုတ်) အီတလီနိုင်ငံမှ မက်သီယိုဆယ်ဗီနီ (Matteo Salvini) ကဲ့သို့ သော လူကြိုက်များသည့် လက်ယာယိမ်း နိုင်ငံရေးသမားများသည် ပူတင်၏ လက်ထဲသို့ ပြန်လည် ဝင်ရောက်ရန် အခွင့်အရေး မှာ အလျင်စလို ဖြစ်လာနိုင်ပြီး ပိတ်ဆို့ အရေးယူမှု အသစ်ကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုများကို လူထုအမြင်တွင် လှည့်စား ဖို့ ကြိုးစားတော့မည် ဖြစ်သည်။
အနောက်နိုင်ငံများက ရုရှားကို စီးပွားရေးအရ ဒဏ်ခတ်ပြီး ချုပ်ချယ်ဖို့ ကြိုးပမ်းနေသည်။ ယင်းအတွက် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဖြေလျှော့သင့်ကြောင်း မတိုက်တွန်းလိုပါ။ ဆန့်ကျင်ဘက် ရှုထောင့်မှ တွေးကြည့်လျှင် ယူကရိန်း နိုင်ငံသားများသည် ၎င်းတို့နိုင်ငံ၏ အဓွန့်ရှည်ကြာ ရှင်သန်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေသော်လည်း ထောက်ပံ့ရေး ရရှိရန် ကြိုးပမ်းမှုကိုလည်း တစ်လက်မမျှ လက်လွှတ် မခံနိုင်ပေ။
သို့သော် ရုရှားနှင့် စီးပွားရေး စစ်ပွဲကို တည်တံ့ခိုင်မြဲစေရန်နှင့် အနိုင်ရဖို့ လိုအပ်သော နိုင်ငံရေး အထောက်အပံ့ကို တည် ဆောက်ရန်အတွက် အနောက်နိုင်ငံများကလည်း မိမိဆန္ဒရှိရာ တောင်းဆိုသည့် နည်းဗျူဟာကို အပြောင်းအလဲ လိုလာပြီ ဖြစ်သည်။
ယူကရိန်းနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု၊ နိုင်ငံတကာ ထောက်ပံ့ရေး ကွင်းဆက်နှင့် ကုန်ထုတ်လုပ်ရေး ညှိနှိုင်းဆောင်ရွက်မှုတို့ကို အသုံးချ၍ အနောက်နိုင်ငံများ၏ ဦးဆောင်မှုဖြင့် ယူကရိန်းစွန့်စားရေး အာမခံချက်သည် ကျူးကျော်လာသူ တိုက်ထုတ်နိုင်ကာ ပူတင်၏ စစ်ယန္တရားကို ချွတ်ခြုံကျအောင် အထောက်အကူ ပြုနိုင်ပါသည်။
အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ ယူကရိန်းနယ်စပ်က အမေရိကန်စစ်သားများ (Reuters)
အနောက်အုပ်စုတွင် ပျော့ကွက် တစ်ခုရှိသည်။ ထိုပျော့ကွက်ကတော့ ဂရိ ရေနံတင်သင်္ဘော ပိတ်ဆို့ရခြင်း အပေါ် ရုရှား ဆန့်ကျင်ရေးမှသည် နယ်သာလန်နိုင်ငံ၊ ဂျရိုနင်းဂျန်၌ ဓာတ်ငွေ့ ပိုထုတ်ရေး ငြင်းဆန်မှုအထိ အမေရိကန် အတိုက်အခံ များ ဖြစ်ကြသည့် လက်ယာစွန်း ထရမ့်အုပ်စု၏ လှုပ်ရှားမှုဖြစ်သည်။ ထို့ပြင် လက်ဝဲစွန်းရောက် အုပ်စုကလည်း ယူကရိန်းစစ် အတွက် အကူအညီ ပေးလာနိုင်သည်။
ဒဏ်ခတ် ပိတ်ဆို့သည့် ဗျူဟာကို အကောင်အထည်ဖော်ရာတွင် အနောက်အုပ်စုသည် စင်ကာပူနှင့် ဆွစ်ဇာလန်တို့ အပါအဝင် မဟာမိတ်များကို ဦးဆောင်နိုင်ကြောင်း သိသာထင်ရှားသည့် အောင်မြင်မှု ရရှိထားသော်လည်း တောင်ကမ္ဘာခြမ်းသည် ရုရှား ခြိမ်းခြောက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေး ထွက်ကုန်ဈေးကွက်နှင့် ယခင် အနောက်အုပ်စု မူဝါဒဆိုင်ရာ ဘေး အန္တရာယ် တဖန် ပေါ်ပေါက်လာခြင်းကို အထူးသတိပြုဖို့ လိုပါသည်။
ထို့ကြောင့် ရုရှားအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှု ချမှတ်သော နိုင်ငံတစ်နိုင်ငံ၏ အစိုးရအတွက် အောင်မြင်နိုင်ခြေမှာ ချီတုံချတုံဖြစ် နေသည်။
ယူကရိန်းစစ်သမီးပျိုတစ်ဦး(AFP)
စစ်မှန်သော အခြားရွေးချယ်စရာ ကမ်းလှမ်းချက် မရှိပါက ရုရှားနှင့် ဓာတ်ငွေ့စာချုပ်များကို ကျောခိုင်းဖို့ ငြင်းဆန်ကြသည့် ဆားဘီးယားကဲ့သို့ မဟာမိတ်များကို အနောက်အုပ်စုအဖို့ မျှော်လင့်လို့ မရတော့ပေ။
ထို့ပြင် အနောက်အုပ်စု၏ စည်းလုံးမှုကို တွေ့နေရသည့်တိုင် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ယင်းစည်းလုံးမှုမျှဖြင့် မလုံ လောက်တော့ပေ။ ဥပမာအားဖြင့် ချပြရလျှင် အိန္ဒိယသည် ရုရှားရေနံကို ကမ္ဘာ့ပေါက်ဈေးထက် လျော့နည်းစွာဖြင့် ပျော်ပျော် ပါးပါး ဝယ်လို့ရပြီ ဖြစ်သည်။
စစ်ပွဲကာလ ကြာလေလေ၊ အမေရိကန် ဦးဆောင်သော အနောက်အုပ်စုကို စိန်ခေါ်ရန် မော်စ(ရုရှား)ကို လှစ်ဟမှုများသည် ရုရှားအား တိုက်ရိုက်စီးပွားရေးအရ ပံ့ပိုးနေခြင်းမှ လွတ်ကင်းသော ဘေဂျင်း(တရုတ်)အတွက်လည်း ဆွဲဆောင်မှု ရှိပုံရပါ သတည်း။ ။
Source: Aljazeera
(အယ်လ်ဂျာဇီးယားသတင်းဝက်ဘ်ဆိုက်တွင် ဇွန်လ ၃ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Maximilian Hess ၏ရေးသားချက်ကို CNI က ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 1101
CNI Article
၂၀၂၂ ခုနှစ်၊ မေလ ၃၁
အသက် ၄၃ နှစ်အရွယ်ရှိ သီရိလင်္ကာအမျိုးသမီး လစန္ဒာဒီသီ (Lasanda Deepthi) သည် လောင်စာဆီ ဝယ်နိုင်ဖို့ နေ့စဥ် တန်းစီရသည်။ သူသည် စီးပွားရေးမြို့တော် ကိုလံဘိုမြို့ အစွန်တွင် သုံးဘီးဆိုင်ကယ်မောင်းခြင်းဖြင့် အသက်မွေး ဝမ်းကြောင်း နေရသည်။
နေ့စဉ် အလုပ် မစတင်မီ လောင်စာဆီ အလုံအလောက် ရှိ/မရှိကို သူ့ မိုးပြာရောင် သုံးဘီးမောင်းသူ နေရာမှ ဆီမီတာဒိုင်ခွက် ကို အနီးကပ် စောင့်ကြည့်ရသည်။
ဆီတိုင်ကီထဲတွင် အပ်တစ်ချောင်စာသာ ဆီကျန်သည့် အခါဝယ် လစန္ဒာဒီသီသည် ဓာတ်ဆီဆိုင် အပြင်ဘက်၌ တန်းစီရတော့ ၏။ တစ်ခါတရံမှာ ဓာတ်ဆီရဖို့ တစ်ညလုံး စောင့်ဆိုင်းရသည်။ ရသည့် ပမာဏကလည်း လွန်ခဲ့တဲ့ ရှစ်လက ဈေးနှုန်းထက် နှစ်ဆခွဲလောက် ကုန်ကျသည်။
ဒီသီသည် သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်း အောက်တွင် ရုန်းကန်နေရသော သီရိလင်္ကာရှိ သန်းနှင့်ချီသော ပြည်သူထဲမှ တစ်ဦးဖြစ်ပြီး သူလည်း ဝင်ငွေ ကျဆင်းနေသည်။ တနိုင်ငံလုံး တွင် လောင်စာဆီမှ ဆေးဝါးအထိ ဝင်ငွေကျဆင်းမှုနှင့် ဆေးဝါးပြတ်လပ်မှုတို့ကို ရင်ဆိုင်နေရသည်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းနှင့် နီးကပ်ပြီး လူဦးရေ ၂၂ သန်း နေထိုင်သော သီရိလင်္ကာကျွန်းတွင် အမျိုးသမီး တစ်ဦး ကို အငှားသုံးဘီး ယာဉ်မောင်းအဖြစ် တွေ့ရခြင်းမှာလည်း ရှားရှားပါးပါး မြင်ကွင်းတစ်ခု ဖြစ်သည်။ သို့သော် ဒီသီသည် ပြည်တွင်း စီးနင်းမှု မိုဘိုင်းအက်ပ် ဖြစ်သည့် PickMe ကို အားပြုသုံးစွဲရင်း မိသားစုငါးဦး၏ စားအိုးကြီးထိန်းရန် ၇ နှစ် ကြာ အောင် မောင်းသက်ရလာခဲ့သည်။
သုံးဘီးယာဉ်မောင်း သီရိလင်္ကာအမျိုးသမီး လစန္ဒာဒီသီ လောင်စာဆီထည့်နေစဉ်
ငွေကြေး အကျပ်အတည်း ဖြစ်ပွားပြီး ကတည်းက သူသည် ဓာတ်ဆီ အလုံအလောက် ရှာဖွေရန် မနည်း ရုန်းကန်နေခဲ့ရသည်။ ခရီးသည် စီးနင်းမှု လျော့ကျလာပြီး ငွေကြေး ဖောင်းပွမှုနှုန်းသည် တစ်နှစ်ထက် တစ်နှစ် ၃၀ ရာခိုင်နှုန်း ကျော်လွန်လာ၍ လုံလောက်သောဝင်ငွေကို ကြိုးစားပမ်းစာ ရှာရသည်။
ဒီသီ၏ လစဉ် ဝင်ငွေမှာ သီရိလင်္ကာ ရူပီး ၅၀၀၀၀ ခန့် (ဒေါ်လာ ၁၃၈) ခန့်ဖြစ်ပြီး ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင် ကျဆင်းသွားခဲ့ရာ ယခုအခါ သူရရှိသည့် ဝင်ငွေမှာ ယခင်ထက် ထက်ဝက်ကျော် လျော့နည်းသွားသည်။
“ကျမက တခြားဘာမှ မလုပ်တတ်တော့ ဓာတ်ဆီအတွက်ပဲ အချိန်ပို ပေးနေမိတယ်”ဟု ဒီသီက ပြောပြသည်။
“တစ်ခါတလေ ညနေ ၃ နာရီလောက်မှာ မိုဘိုင်းအက်ပ်ကနေ လိုင်းတက်ပေမယ့် ည ၁၂ နာရီ လောက်ကြာမှ ဓါတ်ဆီ ရတယ်။ ဆီမရရအောင် နှစ်ခါပြန် တန်းစီရတာလည်း ရှိတယ်ရှင့်” ဟု ကိုလံဘိုမြို့ ဆင်ခြေဖုံးရှိ ဂိုနာပိုလာဒေသ (Gonapola) ရှိ အိပ် ခန်း နှစ်ခန်းပါ အိမ်သေးသေးလေးတွင် လက်ဖက်ရည် သောက်ရင်း ဒီသီက ဆက်လက် ပြောပြသည်။
အိမ်တွင် သူ့အမေနှင့် မောင်လေး ၃ ယောက် အတူတကွ နေထိုင်ကြသည်။ ဒီသီသည် အိမ်ထောင်ဖက်နှင့် လမ်းခွဲပြီးနောက် သမီးလေးတစ်ယောက် ကျန်ခဲ့သည်။ ယခုနှစ် မေလ အလယ်ပိုင်းတွင် ဒီသီသည် အစ်ကိုတစ်ဦး၏ အကူအညီဖြင့် ဓာတ်ဆီ တန်းစီရာ၌ပင် နှစ်ရက်ခွဲကြာအောင် အချိန်ယူခဲ့ရသည်ဟု ရင်ဖွင့်သည်။
“ဘယ်လောက်အထိ စိတ်ပျက်စရာ ကောင်းလိုက်တာဆိုတာ ရှင်းပြဖို့ စကားလုံးတွေ ကျမ ရှာမရတော့ဘူး။ တစ်ခါတစ်ရံ ည ဘက်မှာ မလုံခြုံဘူးလို့ ခံစားရပေမယ့် တခြားလုပ်စရာ အလုပ်ကလည်း မရှိဘူး” ဟု သူက ဖြည့်စွက်ပြောသည်။
သီရိလင်္ကာ အဓိကရုဏ်း (AP)
မကြာသေးမီက တစ်ခုသော နံနက်ခင်းတွင် သူ၏ လုပ်ရိုးလုပ်စဉ်အတိုင်း အဝတ်အစားများ လဲပြီး ရေသန့်ဘူး တစ်ဘူးကို ဖြည့်ကာ သုံးဘီးဆိုင်ကယ်ကို သန့်ရှင်းရေး လုပ်သည်။ ယာဉ်ပေါ်သို့ မတက်မီ ဘုရားဝတ်ပြုသည့် အနေဖြင့် အမွှေးတိုင် တစ်ချောင်း ထွန်းပြီး ပူဇော်သည်။
အစိုးရက ထောက်ပံ့ကြေးများကို လျှော့ချလိုက်သောကြောင့် ရက်ပိုင်းအတွင်း အများစု ကဲ့သို့ပင် လောင်စာဆီ စျေးနှုန်းများ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ ၂၅၉ ရာခိုင်နှုန်း တက်လာသည့်အပြင် ဆီရဖို့ အသည်းအသန် ရှာဖွေရ သည်။
သီရိလင်္ကာမှ လက်ရှိ အကျပ်အတည်း၏ ဇစ်မြစ်မှာ ယခင် အမြတ်အစွန်း များခဲ့သော ခရီးသွား လုပ်ငန်းရပ်တန့်ပြီး နိုင်ငံခြား ရောက် သီရိလင်္ကာ နိုင်ငံသားများ၏ ငွေလွှဲမှုများကို ဆိုင်းငံ့သွားခြင်း ဖြစ်သည်။ ထို့ပြင် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ အစိုးရက COVID-19 ကပ်ရောဂါကြောင့် အခွန်ဖြတ်တောက်မှုများ တိုးခဲ့သည်။
သို့ဖြင့် နိုင်ငံရေး နယ်ပယ်တွင် အင်အားကြီးနေသော ရာဂျာပက်ဆာ မိသားစုကို စီးပွားရေး အလွဲသုံးစား လုပ်နေသည်ဟု စွပ်စွဲ ချက်များ ပေါ်ပေါက်လာခဲ့သည်။ ဒေါသထွက်နေသော ထောင်နှင့်ချီသော ဆန္ဒပြသူများ သီရိလင်္ကာ တဝန်းတွင် မကြာသေးမီ လများအတွင်း ငြိမ်းချမ်းစွာ လမ်းပေါ်ထွက်၍ အစိုးရကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်က ဝန်ကြီးချုပ်သစ် ရာနေးလ်ဝီရီမန်ဆင်း (Ranil Wickrememsinghe) သည် အသုံးစရိတ်ကို ဖြတ် တောက်ပြီး နှစ်နှစ်ကြာ လူမှုဖူလုံရေး အစီအစဉ်သို့ လမ်းကြောင်း တည်ပေးမည်ဟု ပြောကြားလျက် ရက်သတ္တ ခြောက်ပတ် အတွင်း ဘတ်ဂျက်ကို မိတ်ဆက်ရန် ဦးတည် လုပ်ဆောင်နေသည်။
သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ
၎င်း၏ မူဝါဒများသည် အရေးတကြီး လိုအပ်နေသော ချေးငွေ ဝန်ထုပ်ဝန်ပိုးအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် စေ့စပ်ညှိနှိုင်းမှုများလည်း တွန်းအားပေးနိုင်ရန် မျှော်လင့်နေကြသည်။ သို့သော် ဒီသီကတော့ စိတ်ပျက်သွားသည်။
သူ့ချွေးနှဲစာဖြင့် ခြစ်ကုပ် စုဆောင်းဝယ်ယူထားသည့် ကားကို ငှားရမ်းသူများ နည်းသွားသဖြင့် ယမန်နှစ်က ထိုးရောင်းခဲ့ရ သည်။ သူ့အစ်ကို တစ်ဦး မောင်းလေ့ရှိသော ဒုတိယမြောက် သုံးဘီးယာဉ် တစ်စီးကလည်း ပြုပြင်ရန် လိုအပ်သဖြင့် မိသားစု ငွေဖြင့် မတတ်နိုင်ပေ။
ကပ်ရောဂါ မဖြစ်ပွားမီက သူဝယ်ခဲ့သော မြေကွက်အတွက် ချေးငွေ ဆပ်ရသဖြင့် ရူပီးငွေ တစ်သိန်းကျော် ဖိစီးမှုကလည်း ရှိသေးသည်။ ဒီသီသည် သူ၏ သုံးလသားအရွယ် မြေးဖြစ်သူထံ သွားရောက် လည်ပတ်လိုသော်လည်း သမီးဖြစ်သူ သူနာပြု ဆရာမ နေထိုင်ရာ ပင်လယ် ကမ်းစပ်မြို့ ဖြစ်သည့် မာတရာ (Matara) သို့ ကီလိုမီတာ ၁၇၀ (၁၀၅ မိုင်) ကို အကွာအဝေးကို ခရီးဆန့်ဖို့မှာ မသေချာ၊ မရေရာဖြစ်နေသည်။
“ကျမ မိသားစုအတွက် ဆန်နဲ့ ဟင်းသီးဟင်းရွက် အလုံအလောက် မတတ်နိုင်ပါဘူး။ အမေ လိုချင်တဲ့ ဆေးတွေ ရှာဝယ်လို့ မရတော့ဘူး။ နောက်လမှာ ဘယ်လိုလုပ် နေထိုင်ကြမလဲ။ ကျမတို့ အနာဂတ် ဘယ်လိုဖြစ်ဦးမလဲ မသိတော့ပါဘူးရှင်” ဟု ဒီသီက ညည်းတွား မိတော့၏။
Source: Reuters
(ရိုက်တာသတင်းဝက်ဘ်ဆိုက်တွင် မေလ ၃၁ ရက် ရက်စွဲဖြင့် လွှင့်ထားသော မူရင်းဆောင်းပါးရှင် Uditha Jayasinghe ၏ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို၍ တင်ဆက်ပေးလိုက်ပါသည်)
- By CNI News
- Category: ဆောင်းပါး
- Hits: 1964
CNI Article News
၂၀၂၂ ခုနှစ်၊ မေလ ၂၉
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းခဲ့ရာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး တစ်နှစ်အကြာ လူဦးရေ ၅ သိန်း ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်ချက်များကို လက်လှမ်း မမီသူနိုင်ပေါင်း သန်းနှင့်ချီ၍ ရှိလာခဲ့သည်။
အမျိုးသမီးများအတွက် လစဉ်ဓမ္မတာလာခြင်းကို ထိန်းသိမ်းသန့်ရှင်းရာမှာလည်း အခက်အခဲများ ရင်ဆိုင်လာရသည်။
“ကျမ တနေ့လုံး၊ တညလုံး သန့်ရှင်းရေးလုပ်ဖို့ ဂွမ်းထုပ်တစ်ခုတည်းပဲ သုံးနိုင်တယ်။ တခါတလေ သွေးလျှံကျလာတဲ့အထိ သုံးရတယ်။ ဂွမ်းထုပ် လုံးဝမရရင်တော့ အဝတ်စတွေပဲ သုံးရတော့တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်းမှ မစန္ဒာက ပြောပြသည်။
ပြီးခဲ့သည့်နှစ်က မစန္ဒာသည် တောထဲ၌ တာပေါ်လင်တစ်ချပ်ပေါ် မကြာခဏ အိပ်စက်ခဲ့ရပြီး အနီးအနားရှိ စာသင်ကျောင်း များနှင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံခဲ့ရသည်။
သူ့အတွက် သန့်ရှင်းသည့် အဝတ်အထည်များ ယူဆောင်လာဖို့ အခက်အခဲတွေ့ရုံမက ရေချိုးရန် (သို့မဟုတ်) အတွင်းခံ ဘောင်းဘီ လျှော်ဖွပ်ရန် ရေမလုံလောက်မှုကလည်း နောက်ထပ် အခက်အခဲတွေ့စေသည်။ သို့ဖြင့် ရုပ်ပိုင်းဆိုင်ရာ မသက် မသာဖြစ်မှု၊ ရှက်ရွံ့စိတ်နှင့် ရောဂါပိုး ကူးစက်အန္တရာယ်တို့ကိုပါ ရင်ဆိုင်လာရတော့သည်။
“ကျမက ဓမ္မတာလာတဲ့အချိန် လမ်းထလျှောက်ဖို့ (ဒါမှမဟုတ်) တခြားသူတွေအနားသို့ သွားဖို့ စိတ်မလုံဘူးရှင့်” မစန္ဒာက ရင်ဖွင့်သည်။
အယ်လ်ဂျာဇီးယား သတင်းထောက်နှင့် တွေ့ဆုံခဲ့သူများအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်ကို ရှောင်ရှားသောအားဖြင့် ယခုဆောင်းပါးတွင် စန္ဒာနှင့် အခြားအမျိုးသမီးများကို အမည်လွှဲ အသုံးပြုထားပါသည်။
“လူတွေက အနံ့ဆိုးလို့ သတိထားမိမှာစိုးတဲ့အတွက် စိတ်မလုံခြုံတာ ခံစားရတယ်။ သွေးပေနေတာမျိုး ရှိ/မရှိ တခြား အမျိုး သမီး တွေကို ကျမ နောက်ကျောဘက် လှမ်းကြည့်ပေးဖို့ ပြောရပါတယ်”
တစ်ချိန်တည်းတွင် ကမ္ဘာတလွှား အမျိုးသမီး သန်း ၈၀၀ တို့သည် ဓမ္မတာ သွေးစီးဆင်းမှု ရှိနေကြသည်။
အကောင်းဆုံး အခြေအနေ တစ်ရပ်ရှိသည့် အမျိုးသမီးများသည်ပင် ထိုကာလ၌ မသက်မသာ ဖြစ်လေ့ရှိပြီး စိတ်ဖိစီးမှုဖြစ်ကြ သည်။ ဆင်းရဲနွမ်းပါးသော (သို့မဟုတ်) ပဋိပက္ခ ကဲ့သို့သော ခက်ခဲကျပ်တည်းသည့် အခြေအနေမျိုးတွင် နေထိုင်ရသူများအဖို့ ဓမ္မတာလာခြင်းမှာ ၎င်းတို့၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးတို့အတွက် များစွာ ထိခိုက်မှု ဖြစ်နိုင်သည်။
အိုးမဲ့အိမ်မဲ့ ဖြစ်ရသော အမျိုးသမီးများနှင့် မိန်းကလေးများသည် ဓမ္မတာလာစဉ် မဖြစ်မနေ အသုံးအဆောင်များ ချို့တဲ့နေရ ကြောင်း၊ ဘေးကင်းလုံခြုံ၍ သီးခြားသန့်ရှင်းသော အိမ်သာနှင့် သန့်ရှင်း ဆေးကြောဖို့ နေရာ၊ အထောက်အကူပြု ပစ္စည်းများ လည်း လက်လှမ်းမီနိုင်မှု နည်းပါးနေကြောင်း ကိုလံဘီယာတက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးသုတေသီ မဂ္ဂီရှမစ်က အယ်လ်ဂျာဇီးယားသို့ ပြောသည်။
၎င်းသည် နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီနှင့် လူသားချင်းစာနာမှုအရေးပေါ် အခြေအနေများနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ကတည်းက လုပ်ကိုင်ခဲ့ဖူးပြီး ဓမ္မတာလာခြင်းဆိုင်ရာ ကမ္ဘာတဝန်း သုတေသနပြုခဲ့သူ ဖြစ်သည်။
ဓမ္မတာ ပေါ်နေချိန် ဂွမ်းထုပ် စသည့် အသုံးအဆောင် မလုံလောက်၍ သွေးစွန်းပေမှာ စိုးရိမ်လျက် လုပ်ငန်းခွင်နှင့် စာသင် ကျောင်း အပါအဝင် နေ့စဉ်ဖြတ်သန်းမှု အချို့၌ အမျိုးသမီးများနှင့် ဆယ်ကျော်သက် မိန်းကလေးငယ်များ ပူးပေါင်းပါဝင်နိုင်မှု အားလျော့စေသည်။
ဆပ်ပြာသုံး၍ သန့်ရှင်းသောရေဖြင့် ရေမချိုးနိုင်ခြင်း (သို့မဟုတ်) ဓမ္မတာလာချိန် ဂွမ်းထုပ် ပြတ်လပ်ခြင်းကြောင့် ရောဂါပိုး ကူးစက်မှု လွယ်စေသည်။
“ဘေးကင်းလုံခြုံမှုနဲ့ ခိုလှုံစရာ ရှာဖွေဖို့ တစ်နေရာကနေ တစ်နေရာ ပြောင်းရွှေ့နေရတဲ့ အမျိုးသမီးတွေအတွက် အကူး အပြောင်း ကာလမှာ သူတို့ရဲ့ ဓမ္မတာ လာစဉ် လိုအပ်ချက်တွေ ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်” ဟု မဂ္ဂီရှမစ်က ပြောသည်။
မြန်မာနိုင်ငံတွင် တိုက်ပွဲများ အနှံ့အပြား ဖြစ်ပွားနေခြင်း၊ အခြေအနေ မတည်ငြိမ်ခြင်းအပြင် လူနေရပ်ကွက်၊ ကျေးရွာများနှင့် တိုက်ပွဲရှောင် စခန်းများကို စစ်တပ်က တိုက်ခိုက်နေခြင်းတို့ကြောင့် ဓမ္မတာလာနေချိန် အမျိုးသမီးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှု ကင်းမဲ့နေခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တိုက်ပွဲရှောင်နေကြသူများ
မြန်မာနိုင်ငံရှိ မတည်ငြိမ်သော ဒေသများမှ အမျိုးသမီးများမှာ အဆက်မပြတ် လှည့်လည် သွားလာနေရသဖြင့် သန့်ရှင်းရေး သုံး ဂွမ်းထုပ်များနှင့် သန့်ရှင်းသောရေများ ရရှိရန်မှာ အဟန့်အတား ဖြစ်သည့်အပြင် လျှို့ဝှက်သိုသိပ်စွာ နေထိုင်နိုင်မှုမှာလည်း အတန်ငယ်သာ ရကြသည်။
ထို့ပြင် သန့်ရှင်းရေးသုံး ဂွမ်းထုပ်များအတွက် ကုန်ကျစရိတ်မှာလည်း ယခင်ထက် ပိုများလာကြောင်း အယ်လ်ဂျာဇီးယား တွေ့ဆုံခဲ့ရသော မြန်မာအမျိုးသမီးများက ပြောကြသည်။ လောင်စာဆီဈေးတက်မှု၊ ကုန်စည်ထောက်ပံ့ရေး ကွင်းဆက် ပြတ် တောက်မှုနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတို့ကြောင့် အခြေခံကုန်စည် ဈေးနှုန်းမှာ အဆမတန် တက်လာခဲ့သည် မဟုတ် ပါလား။
တိုက်ပွဲများကြောင့် ဒေသတွင်း ဈေးကွက်များ ပိတ်ခဲ့ရပြီး ကုန်စုံဆိုင်များသို့ ရောင်းကုန်ပစ္စည်းများ ပို့ဆောင်ရေး ပိုခက်လာ သဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အခြေခံ လူသုံးကုန်ပစ္စည်းများ ရှားပါးလာခဲ့သည်။ စစ်တပ်သည် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို အစာရေစာ ငတ်မွတ်စေဖို့ ‘ဖြတ်လေးဖြတ်’ ဟု သူတို့ခေါ်ကြသည့် နှစ်ပေါင်းများစွာက မဟာဗျူဟာ ထုတ်သုံးပြီး မရှိမဖြစ် လိုအပ်သော ထောက်ပံ့ရေးပစ္စည်များ စီးဆင်းသွားလာမှု ကန့်သတ်ပိတ်ဆို့နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံ၌ ကပ်ရောဂါနှင့် စစ်တပ် အာဏာသိမ်းမှုတို့ကြောင့် လူပေါင်း ၁ ဒသမ ၆ သန်းခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး လက်နက်ကိုင် ပဋိပက္ခများကြောင့် လယ်သမားများနှင့် နေ့စားလုပ်သားများ အလုပ် မလုပ်နိုင်တော့ပေ။
ယခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် တစ်ရက်လျှင် တစ်ဒေါ်လာအောက်သာ လျော့နည်းစွာ သုံးစွဲနိုင်တော့မည်ဟု ကုလသမဂ္ဂ (UN) က ယမန်နှစ် ဒီဇင်ဘာလက ခန့်မှန်းခဲ့သည်။ ထိုနှုန်းသည် ပြီးခဲ့သော ၅ နှစ် ကာလ ထက် အခြေအနေ ၂ ဆ ပိုဆိုးသွားသည်။
“ကျမသွေးတွေကို ယောက်ျားတွေ မြင်ကုန်မှာ သိပ်ရှက်တယ်ရှင့်”
စစ်တပ်အာဏာသိမ်းမှုကို လက်နက်ကိုင် တိုက်ခိုက်နေကြ
အသက် ၂၇ နှစ်အရွယ်ရှိ စန္ဒာသည် ယခင်ဧပြီလက စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ သူမ၏ကျေးရွာမှ ထွက်ပြေးခဲ့ ရသည်။ အာဏာသိမ်းပြီး ၃ လ မပြည့်ခင် အကြမ်းမဖက်ဘဲ ဆန္ဒပြသူများကို စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူများ ရာနှင့်ချီ၍ သေဆုံးခဲ့ပြီးနောက် ကျေးလက်ဒေသများတွင် လက်နက်ကိုင်တော်လှန်ရေး စတင်ပေါ်ပေါက်လာခဲ့သည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းဒေသကြီးသည် အရပ်သားများက လက်နက်ဖြင့် ပြန်လည် တိုက်ခိုက်သည့် ပထမဆုံးသော ဒေသတစ်ခု ဖြစ်ပါသည်။
လက်နက်ကိုင်တော်လှန်ရေး ကြီးထွားလာသည်နှင့်အမျှ စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့၍ အစုလိုက် အပြုံ လိုက် သတ်ဖြတ်ခြင်း ကျူးလွန်လျက် လက်တုံ့ပြန်ခဲ့ရာ ယမန်နှစ် ဇူလိုင်လအတွင်း အနည်းဆုံး လူ ၄၀ ခန့်၏ အလောင်းများ တွေ့ရှိခဲ့ရပြီး အများစုမှာ ဒဏ်ရာရခဲ့ကြသည်။ ထိုဧရိယာများထဲတွင် ကနီမြို့နယ်လည်း ပါဝင်ပြီး လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။
စစ်သားများနှင့် ထိတွေ့ခြင်းမှ ရှောင်ရှားနိုင်ရန် ထိုဧရိယာတဝိုက်မှ ရွာသူရွာသားများသည် တောတောင်များ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများတွင် မကြာခဏ ပုန်းရှောင်ကြပြီး နေရပ်ပြန်ဖို့ ရက်သတ္တပတ်များစွာ စောင့်နေကြရသည်။
စန္ဒာ တို့ရွာတွင် ယခုအခါ ဈေးဆိုင် တစ်ဆိုင်တည်းတွင်သာ သန့်ရှင်းရေးသုံး ဆပ်ပြာများ ရောင်းချပေးသော်လည်း တစ်ခါတစ် ရံ ပြတ်လပ်သွားတတ်သည်။ ဂွမ်းထုပ်များ ရရှိနိုင်သော်လည်း နိုင်ငံအရေးပေါ် ပြဋ္ဌာန်းပြီး ကတည်းက ကုန်ကျစရိတ်မှာ အကြမ်းဖျင်း အားဖြင့် နှစ်ဆတိုးလာခဲ့သော်လည်း စန္ဒာနှင့် သူ့၏မိသားစုမှာ ဝင်ငွေမရှိပေ။
စန္ဒာသည် တနိုင်ငံလုံး အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၏ တစိတ်တပိုင်း အနေဖြင့် စာသင်ပေးသည့် အလုပ်မှ တစ်နှစ် ကျော်ကြာ သပိတ်မှောက်ခဲ့ပြီး သူ့မိသားစုသည် ပဋိပက္ခကြောင့် နေ့စား အလုပ်သမား ဝင်ငွေကိုပင် မရှာနိုင်တော့ပေ။
“ကျမတို့မိသားစုက စားစရာနဲ့ မရှိမဖြစ် အသုံးစရိတ်တွေကို ဦးစားပေးရတာမို့ အိမ်မှာနေတဲ့ အချိန်ဆို ခါတိုင်းတော့ ဂွမ်းထုပ် မသုံးပါဘူး။ အခန်းထဲမှာပဲနေပြီး ငါတို့ရဲ့ ထမီ အဟောင်းသုံးရင် ရပါတယ်” ဓမ္မတာလာချိန် ရင်ဆိုင်ဖြေရှင်းရပုံကို စန္ဒာက ပြောသည်။
စန္ဒာသည် တောသို့ထွက်ပြေးရသောအခါ အနီးအနားတွင် ရေချိုးစရာ ရေပေးဝေလေ့မရှိပေ။ ရွာသားများသုံး လေ့ရှိသော ရေတွင်း တစ်တွင်းရှိပြီး စစ်သားများနှင့် ဝေးဝေးနေရသော နေရာကို ရှာဖွေရသဖြင့် ရေအလုံအလောက်ရသော နေရာသို့ မရောက်နိုင်၍ စန္ဒာသည် သုံးရက်လျှင် တစ်ကြိမ်သာ ရေချိုးရသည်။
“ရေချိုးတာထက် သောက်ရေကို ဦးစားပေးရတယ်” ဟု သူက ပြောသည်။
CDM လုပ်ရန် တိုက်တွန်းကြ
ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ရေအခြေအနေက ပိုကောင်းသော်လည်း လာရောက် ခိုင်လှုံသူ များပြားလွန်းပြီး အမျိုးသား၊ အမျိုးသမီး အိပ်စက်ခြင်း၊ ရေချိုးခြင်းနှင့် အိမ်သာ အသုံးပြုခြင်းတို့အတွက် ရေကို မျှတသုံးစွဲရသည်။
“ဓမ္မတာလာတဲ့အခါ ယောက်ျားတွေ (ဒါမှမဟုတ်) တခြားလူတွေက ကျမသွေးကို မြင်မှာကြောက်လို့ ညဘက်ပဲ ရေချိုးခဲ့ရ တယ်” ဟု စန္ဒာက ပြောသည်။
စန္ဒာက “အဝတ်အစားလဲဖို့ သီးသန့်နေရာ မရှိဘူး။ တစ်နေရာတည်းမှာ အတူတူ စုနေရတဲ့ စစ်ဘေးရှောင်တွေက အများကြီး ရှိတယ်။ ခါတိုင်းတော့ လူတိုင်းအိပ်နေတဲ့အချိန် ညဘက်မှာ ဂွမ်းထုပ် လဲရတယ်”ဟု ဆက်ပြောပြသည်။
သုံးပြီးသား ဂွမ်းထုပ်များကို စွန့်ပစ်ဖို့ နေရာမတွေ့လျှင် စန္ဒာသည် အိမ်မပြန်မချင်း သတိရှိရှိဖြင့် တခါတရံ သယ်သွားရတတ် သည်။ သူ့အတွင်းခံများကို အခြောက်ခံဖို့ သီးသန့်နေရာလည်း မရှိခြင်းကြောင့် အခြား အဝတ် အစားတွေအောက်မှာ ချိတ်ဆွဲ ထားကာ စိုစွတ်နေချိန်မှာလည်း ထပ်ဝတ်ရလေ့ရှိသည်။
“ကျမ အရေပြားယားယံပြီး မသက်မသာဖြစ်တာမျိုး လစဉ်ခံစားရပါတယ်” ဟု သူက ရင်ဖွင့်သည်။
ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အမျိုးသမီးများတွင်လည်း အလားတူ ပြဿနာများ တွေ့ကြုံကြရသည်။ ထို ဒေသတွင်လည်း ပြီးခဲ့သော နှစ်အတွင်း တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၃၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ သည်။ ယခုအခါ စစ်ဘေးရှောင် အများအပြားမှာ ရေ၊ ထင်းနှင့် စားနပ်ရိက္ခာအတွက် မနည်းရုန်းကန်၍ ရှာဖွေနေကြရသည်။
အထူးသဖြင့် လူဦးရေ ထက်ဝက်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရသည့် ကယားပြည်နယ်တွင် အကျပ်အတည်း ပြင်းထန်နေပြီး စစ်တပ်က လွိုင်ကော်မြို့တော်အပြင် စစ်ဘေးရှောင် စခန်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများကို ဗုံးကြဲခဲ့သည်။
ကပ်ရောဂါနှင့် အာဏာသိမ်းမှုမတိုင်မီ တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်သည့် မထီးမေသည် ပြီးခဲ့သည့် မေလက တိုက်ပွဲ များကြောင့် ရွာမှ ထွက်ပြေးခဲ့သည်။ သူသည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့လာကာ တစ်ခါတစ်ရံ အကာအရံ မပါဘဲ အခြားသူများ၏အိမ် (သို့မဟုတ်) တောထဲတွင် အိပ်စက်ခဲ့ရသည်။
သောက်သုံးရေနဲ့ ချိုးရေ အခက်အခဲ
မိုးရာသီတွင် ညဘက် မကြာခဏ ရေစိုခဲ့ရသော်လည်း ယခုအခါ ခြောက်သွေ့ရာသီသို့ ရောက်ရှိနေသည်မှာ ၇ လရှိပြီး သန့်ရှင်းသော ချိုးရေကို ရှာဖွေရန် ရုန်းကန်နေရဆဲဖြစ်သည်။
“ရေတွင်းတွေ ခမ်းခြောက်နေတယ်။ တောထဲရောက်ရင် ကျွဲ၊ နွားတွေနဲ့ အတူတူ ရေကန်မှာ ဖြစ်သလို ရေချိုးရလို့ အရေပြား ယားယံပြီး အဖုတွေ ပေါက်တယ်” ဟု သူက ပြောသည်။
“ချောင်းတွေနဲ့ နီးပေမယ့် စစ်သားတွေရဲ့ ပစ်မှတ်ထားဖို့ ပိုလွယ်တာကြောင့် အဲဒီနေရာတွေကို သွားပြီး ရေမချိုးရဲကြဘူး” ဟု တကိုယ်ရည်သန့်ရှင်းရေး ကင်းမဲ့စွာနေထိုင်ရပုံကို မထီးမေက ရင်ဖွင့်သည်။
“ကျမတို့ရဲ့ ယာယီတဲတွေမှာ တံခါးတွေ၊ အခန်းတွေ မရှိဘူး။ ကျမတို့ သန့်ရှင်းရေးသုံး ဂွမ်းထုပ်လဲဖို့ လိုတယ်ဆိုရင် မိသားစု ဝင်တွေ (ဒါမှမဟုတ်) သူငယ်ချင်းတွေကို အပြင်ထွက်ခိုင်းရပါတယ်" ဟု သူမက ဆက်ပြောသည်။
ထို့အပြင် သူ့အတွက် မကြာခဏ သန့်ရှင်းရေးသုံး ပစ္စည်းများ ပြတ်တောက်ခဲ့ရသည်။
“တစ်ခါတလေမှာ လမ်းတွေ ပိတ်နေလို့ သန့်ရှင်းရေး ဂွမ်းထုပ်တွေ လုံးဝ မရှိတော့ဘူး၊ အခုအချိန်မှာတော့ အဆက်မပြတ် တိုက်ပွဲတွေ ဖြစ်တာကြောင့် လူတွေ အလုပ်မလုပ် နိုင်တော့ဘူး။ ဂွမ်းထုပ် ထွက်ဝယ်ချင်ရင်တောင် သွားလာရတာ အင်မတန် အန္တရာယ်များပြီး ဓာတ်ဆီဈေးလည်း တအားတက်နေတယ်။ အထည်တစ်ထည်တည်းကို ခဏခဏလဲရတယ်။ ကျမရဲ့ အတွင်းခံတွေ အရမ်းညစ်ပတ်ပြီး မသက်မသာ ဖြစ်ရပါတယ်။ ကျမရဲ့ အတွင်းခံတွေ၊ အဝတ်တွေကို လျှော်ဖို့ ရေမရှိလို့ ဓမ္မတာ လာတဲ့အခါ လမ်းလျှောက်တာ (ဒါမှမဟုတ်) တခြားရွှေ့ပြောင်း နေထိုင်သူတွေနဲ့ စကားပြောတာမျိုး လုပ်ဖို့ စိတ်က မလုံခြုံ ဘူး” ဟု သူက ရင်ဖွင့်သည်။
ပရဟိတနှင့် INGO ကဲ့သို့ အဖွဲ့အများအပြားသည် စစ်ဘေးရှောင် ပြည်သူများထံ သန့်ရှင်းရေးသုံး ပစ္စည်းများ ဖြန့်ဝေရန် လုပ် ဆောင် နေကြသော်လည်း အယ်လ်ဂျာဇီးယား သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းခဲ့သော အမျိုးသမီးများက ၎င်းတို့ထံတွင် ဂွမ်းထုပ် အနည်းငယ် သို့မဟုတ် လုံးဝ မရှိတော့ကြောင်း ပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် အခြေစိုက်ပြီး သန့်ရှင်းရေးသုံး ပစ္စည်းများကို ဝယ်ယူဖြန့်ဝေရန် အလှူငွေများ ကောက်ခံ နေသည့် စေတနာ့ဝန်ထမ်း တစ်ဦးက “သူနှင့် အခြားသော စေတနာ့ဝန်ထမ်းများ အနေဖြင့် ဝေးလံခေါင်သီသော ဒေသများ တွင် ခိုလှုံနေကြရသည့် စစ်ဘေးရှောင် ဒုက္ခသည်များထံ ခရီးထွက်သည့်အခါ အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း” ပြောပြ ခဲ့သည်။
လေးကေ့ကော်တိုက်ပွဲရှောင်များကို လှူဒါန်း
စစ်ရေး ပဋိပက္ခကြောင့် ပြည်တွင်းရှိ ဆိုင်အများစု ပိတ်ထားကြ၍ ဂွမ်းထုပ်များ ဝယ်ယူရာတွင်လည်း ခက်ခဲကြောင်း သူက ပြောပြသည်။ ရန်ကုန်မှ အိတ်များကို မှာယူသည့်အခါ ပို့ဆောင်မှု နှောင့်နှေးတတ်သည်။ ထောက်ပံ့ရေး ဖြန့်ဝေရာတွင် စေတနာ့ဝန်ထမ်း အများစုမှာ အမျိုးသားများ ဖြစ်သောကြောင့် စစ်ဘေးရှောင် အမျိုးသမီးများခမျာ မကြာခဏ ရှက်ရွံ့အားနာ စွာဖြင့် ဂွမ်းထုပ်တောင်းရန် တွန့်ဆုတ်နေမိကြကြောင်း သူက ဆက်ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း မစန္ဒာက အလားတူ စိုးရိမ်မှု ရှိလာခဲ့သည်။
“အိုးမဲ့အိမ်မဲ့ စခန်းအများစုကို စီမံခန့်ခွဲသူတွေက ယောက်ျားတွေဖြစ်ပြီး ကျမတို့မိန်းမသားတွေ ဒီလိုအခက်အခဲကို ထုတ်ပြော ဖို့က ရှက်တတ်ကြတယ်” ဟု သူမက ရင်ဖွင့်သည်။
“ယာယီစခန်း မန်နေဂျာတွေ (ဒါမှမဟုတ်) တာဝန်ခံတွေက အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ဂွမ်းထုပ်လိုမျိုး စီစဉ် ပေးဖို့ မေ့သွားတတ်ကြပါတယ်” ဟု မစန္ဒာက ပြောသည်။
အမျိုးသမီး အများအပြားသည် ဝေးလံခေါင်သီသော လေ့ကျင့်ရေး စခန်းများတွင် နေထိုင်ကြပြီး တောတွင်းနှင့် တောထဲတွင် သွားလာလှုပ်ရှားနေကြသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် ပူးပေါင်းလာကြသည်။
အသက် ၁၉ နှစ်အရွယ်ရှိ ဂလိုရီယာသည် ၎င်း၏ ရာသီသွေးချိန်များကို စီမံခန့်ခွဲရန် ခက်ခဲကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲဒေသတွင် ယခု ဖေဖော်ဝါရီလတွင် စစ်တပ်ကို ပြန်တိုက်ရန် သူလည်း လက်နက်ကိုင် လာခဲ့ကြောင်း ပြောသည်။
“တစ်ခါတလေမှာ ကျမတို့ရဲ့ ဂွမ်းထုတ်တွေကို တစ်ရက်ကို တစ်ခု မလဲနိုင်ဘူး။ တစ်ခုတည်းကိုပဲ နှစ်ရက်လောက် သုံးရတာ ရှိတယ်။ တစ်ခါတလေမှာ ဂွမ်းထုပ် လုံးဝမရတော့ရင် များများစားစား မလဲနိုင်တော့ဘဲ အမိုးအကာနဲ့ အိပ်လိုက်ရတာပါပဲ” ဟု ဂလိုရီယာက သူ့အခက်အခဲကို ထုတ်ပြောသည်။
စစ်တပ် အာဏာသိမ်းမှုကို လက်နက်ကိုင် တိုက်ပွဲ၀င်နေတဲ့ အမျိုးသမီး တစ်ဦး
ဂလိုရီယာသည် အမျိုးသား ၁၀၀ ကျော်ရှိသော စခန်းတစ်ခုမှာ အမျိုးသမီး ၁၀ ဦးခန့် နေထိုင်ရပြီး အမျိုးသမီးများအတွက် သီးခြား စခန်းချပေးပြီး ကိုယ်ပိုင်အိမ်သာ ရှိသော်လည်း ရေချိုးရာတွင်တော့ အမျိုးသားများနှင့် မျှဝေချိုးကြရသည်။
ဆပ်ပြာ နှင့် ရေရှားပါးလှပြီး ဘုံဘိုင်ခေါင်းတစ်ခုသာ ရှိသောကြောင့် ဂလိုရီယာသည် တစ်လလျှင် နှစ်ကြိမ်ခန့်သာ ရေချိုးရ သည်။ ရှေ့တန်းကို သွားတဲ့အခါ သူသည် တစ်ထည်တည်းသော ယူနီဖောင်းနှင့် အတွင်းခံကိုသာ ဝတ်ဆင်လေ့ရှိသည်။
ဂွမ်းထုပ်များကို လွယ်အိတ်ထဲတွင် ထည့်ထားကာ သောက်ရေပဲ ရသဖြင့် ရေကောင်းကောင်း မချိုးရပေ။ သို့တိုင် ဂလိုရီယာ သည် ရှေ့သို့ ချီတက်နေဆဲ ဖြစ်သည်။
“ကျမ ရာသီလာနေတယ်။ တခြားရဲဘော်တွေရဲ့ လျှောက်လှမ်းနေတဲ့ အရှိန်ကို လိုက်မီဖို့ ကြိုးစားရင်း သေနတ်တွေနဲ့ အိတ်ကြီးတွေလည်း လွယ်ထားရတယ်” ဟု သူက ပြောသည်။
“ဒီမိုကရေစီကို လိုချင်လို့ ဒီအခက်အခဲတွေကြားက ဆက်သွားမယ်”
Source: Aljazeera
(အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင်များဖြစ်ကြသည့် Emily Fishbein နှင့် Nu Nu Lusan တို့၏ရေးသားဖော်ပြချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်)
- By CNI News
- Category: ဆောင်းပါး
- Hits: 1177
CNI Article News
၂၀၂၂ ခုနှစ်၊ မေလ ၂၁
သီရိလင်္ကာနိုင်ငံ ကဲ့သို့ပင် ပါကစ္စတန်နိုင်ငံတွင်လည်း စီးပွားရေး အကျပ်အတည်း၊ နိုင်ငံရေး အကျပ်အတည်း ရင်ဆိုင်နေရ သည်။ ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းက ရွေးကောက်ပွဲ ကျင်းပပေးခြင်း မရှိပါက မြို့တော် အစ္စလာမ္မာဘတ်သို့ ၎င်းကို ထောက်ခံသူများ ခြံရံလျက် ချီတက် ဆန္ဒပြမှုမည်ဟု ခြိမ်းခြောက်ထားသည်။
အပြန်အလှန် စွပ်စွဲချက်များဖြင့် ပြည့်နှက်နေသော နိုင်ငံရေး အငွေ့အသက်များကြားတွင် ပါကစ္စတန်နိုင်ငံသည်လည်း သီရိလင်္ကာ လမ်းကြောင်းအတိုင်း ဒေဝါလီခံရကိန်းသို့ ဦးတည်လာနေသည်။
လာမည့် ရက်ပိုင်းအတွင်း ပါကစ္စတန် ပြည်တွင်းရေး တင်းမာလာပြီး နိုင်ငံရေး မတည်မငြိမ် ဖြစ်မည်ကို လေ့လာသုံးသပ်သူ များက စိုးရိမ်နေကြသည်။ ပါကစ္စတန်၏ နိုင်ငံရေးလမ်းကြောင်းမှာ ယခင်က အခြေအနေမျိုး ပြန်လည် ဦးတည်လာလျှင် ပါကစ္စတန်၏ စီးပွားရေးကို တကျော့ပြန် ထိခိုက်စေလိမ့်ဦးမည် ဖြစ်သည်။
နိုင်ငံခြား အရန်ငွေကြေး ကျဆင်းနေပြီး ငွေဖောင်းပွမှုနှုန်းနှင့် စားနပ်ရိက္ခာ ဈေးနှုန်းများ တက်နေသည်။ ပါကစ္စတန်သုံး ရူပီး ငွေကြေး၏ တန်ဖိုးမှာ လက်ရှိဘဏ္ဍာရေးနှစ်တွင် ၂၁ ဒသမ ၇၂ ရာခိုင်နှုန်း ထိုးကျသွားသည်။
ထိုသို့ အခြေအနေတွင် စီးပွားရေး ကျွမ်းကျင်သူများနှင့် လေ့လာသုံးသပ်သူများက ပါကစ္စတန် ပြည်တွင်း ပေါ်ပေါက်လာသော စီးပွားရေး စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ရပ်ကို တောင်းဆို တိုက်တွန်းခဲ့ကြသည်။
ပါကစ္စတန် ငွေကြေး ဖောင်းပွမှု (GETTY IMAGES)
ကော်ပိုရိတ် စီးပွားရေးကဏ္ဍမှ အခွန်ကင်းလွတ်ခွင့် ရူပီး ၈၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ)ကို ရုပ်သိမ်း ရန်နှင့် မြေယာပိုင်ဆိုင်မှုများအတွက် အခွန်တိုးမြှင့်ကောက်ခံရန် ၎င်းတို့က အကြံပြုကြသည်။
1600cc (သို့မဟုတ်) ယင်းထက်ပို၍ မော်ဒယ်မြင့်သော ဇိမ်ခံကားများအတွက် အထူးအရေးပေါ် အခွန်စည်းကြပ်ရန်၊ ၈၀၀ စတုရန်းကိုက် (သို့မဟုတ်) ထို့ထက်ပိုသော လူနေအိမ်များအတွက် လျှပ်စစ်မီတာခ နှစ်ဆ တိုးကောက်ရန်နှင့် ဖက်ဒရယ် အစိုးရဌာနများ အရေအတွက်များ လျှော့ချရန်တို့ကို ပညာရှင်များက လိုလားကြသည်။
“တရုတ်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး အပါအဝင် ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေဆီက ပံ့ပိုးတာမျိုး နည်းလာတဲ့အတွက် ပြည်တွင်း အရန်ငွေကြေး ဒေါ်လာတွေ ကျလာတယ်ဗျ။ အဲဒီမှာ ပါကစ္စတန်ရဲ့ ရူပီးအပေါ် ဝန်ထုပ်ဝန်ပိုး ဖိစီးတော့တာပဲ” ဟု အစ္စလာမ္မာဘတ် မြို့တော်အခြေစိုက် ပါကစ္စတန် နိုင်ငံရေးသိပ္ပံပညာရှင်၊ စီးပွားရေးပညာရှင်နှင့် ဘဏ္ဍာရေးလေ့လာသုံးသပ်သူ ဖာရက်ဆလန်က အေရှားတိုင်းမ်သို့ ရှင်းပြသည်။
“နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ဒေါ်လာ ၆ ဘီလီယံ ထောက်ပံ့ရေး အစီအစဉ် ပြန်စလိုက်ပေမယ့် နှောင့်နှေးနေ တာကြောင့် ပါကစ္စတန်ရဲ့ အရန်ငွေကြေးလည်း ကျလာတယ်ပေါ့ဗျာ” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။
ရူပီးငွေသည် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက စံချိန်တင် နိမ့်ကျခဲ့ပြီး ပါကစ္စတန်၏ စတော့အိတ်ချိန်းမှ အမှတ် ၉၀၀ ထပ်မံ ကျဆင်း သွားပြန်ကြောင်း၊ ငွေကြေးဈေးကွက် ပျက်ပြားပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု လျော့နည်းလာ၍ ပါကစ္စတန် နိုင်ငံတော် ဘဏ်တွင် ဒေါ်လာ ၁၀ ဒသမ ၄၄ ဘီလီယံသာ ကျန်ရှိတော့ကြောင်း၊ ထိုပမာဏထဲတွင် တရုတ်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့၏ ချေးငွေအဖြစ် အပ်နှံမှု ဒေါ်လာ ၆ ဘီလီယံ ပါဝင်ကြောင်း ဖာရက်ဆလန်က ပြောကြားခဲ့သည်။
ထိုအခြေအနေကို ကိုင်တွယ် ဖြေရှင်းရန် အလို့ငှါ ငွေကြေးအရေးပေါ် ကုစားရမည့် အစီအစဉ်အား ၎င်းက တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် ပါကစ္စတန် စတော့အိတ်ချိန်း (PSX) သည် လှုပ်လှုပ်ခတ်ခတ် အရောင်းအဝယ် ပွဲတစ်ခုအပြီး၌ KSE-100 အညွှန်းကိန်းသည် နေ့စဉ်ကုန်သွယ်မှု၏ ရမှတ် ၁,၁၀၀ ကျော် ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။
PSX ဝက်ဘ်ဆိုက်၏ အဆိုအရ KSE-100 သည် ၁၄၄၇ ဒသမ ၆၇ မှတ် ဆုံးရှုံးသွားရာ PSX ယိုင်လာကြောင်း တွေ့ရှိရပြီး နှစ်ရက်အကြာ ယင်းသို့ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ သို့သော် စီးပွားရေး လုပ်ဆောင်ချက်များ နှေးကွေးနေချိန်၌ နိုင်ငံရေး အရှိန်ကတော့ တဟုန်ထိုး မြင့်တက်လာနေသည်။
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း(AFP)
ယခင်လ၌ လွှတ်တော်ထဲတွင် အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ရာထူး ဖယ်ရှားခံလိုက်ရသော ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းသည် လူစုလူဝေး ဖန်တီးပြီး “အမေရိကန် စံနမူနာပြုမှုကို ဆန့်ကျင်ကြရန်နှင့် ဒီမိုကရေစီ နည်းလမ်းမကျ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း မကိုက်ညီသော နည်းလမ်းများဖြင့် အစိုးရပြုပြင်လဲရေးကို ကန့်ကွက်ကြရန်” ပြည်သူများ အတွင်း လှုံ့ဆော်နေခဲ့သည်။
ပြောရမည်ဆိုလျှင် အီမရန်ခမ်း သည်လည်း အငြင်းပွားဖွယ် ရွေးကောက်ပွဲများဖြင့် ၂၀၁၈ ခုနှစ်တွင် အာဏာရလာသူ ဖြစ် သည်။ ပါကစ္စတန်နိုင်ငံ၏ ထိပ်တန်း ထောက်လှမ်းရေး အေဂျင်စီဖြစ်သော ပြည်တွင်း ထောက်လှမ်းရေး ဝန်ဆောင်မှုဌာန (ISI)၏ လှည့်ဖြားမှု၊ စောင့်ကြည့်မှုနှင့် နောက်ကွယ်မှ ကြိုးကိုင်မှုများသည် အီမရန်ခမ်း၏ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဘေးတီးပေးခဲ့ကြကြောင်း ဝေဖန်ရေးသမားများက စွပ်စွဲကြသည်။
၎င်း၏ ရာထူးသက်တမ်းအတွင်း ၎င်းနှင့်ဆက်ဆံရေး အထူးကောင်းမွန်သော အင်အားကြီး စစ်တပ်က ပြည်တွင်း၊ ပြည်ပ ပူးပေါင်း ကြံစည်သူများ၏ လုပ်နည်းလုပ်ဟန်များကို စိတ်ပျက်နေခဲ့ကြောင်း အီမရန်ခမ်းက အခိုင်အမာ ပြောကြားခဲ့သည်။
“ကျနော်က စစ်ခေါင်းဆောင်တွေကို ပြောခဲ့တာရှိပါတယ်။ စီမံကိန်း အောင်မြင်ရင် စီးပွားပျက်မှာမျိုး မဖြစ်စေရဘူးလို့ ကျနော့် ဘဏ္ဍာရေးဝန်ကြီးကို စစ်ခေါင်းဆောင်တွေဆီ လွှတ်ပြီး ပြောခိုင်းခဲ့တာပါ” ဟု ခမ်းက ပြောကြားခဲ့သည်။
“အာဏာရလာပြီးနောက်ပိုင်း ခမ်းက သူ့ကို အာဏာရလာဖို့ လုပ်ပေးတဲ့ ကျေးဇူးရှင်တွေကို ဆန့်ကျင်ပြီး သူတို့ဘက် မလိုက် ဘူးလေ။ အဲဒီလူတွေက ကြားနေဖြစ်ရတာကို မကျေမနပ်ဖြစ်ပြီးတော့ သူ့အစိုးရကို ဖြုတ်ချလိုက်တာပဲ။ အမေရိကန် ကျော ထောက် နောက်ခံနဲ့ ချေးနေ၊ ငှားနေတာတွေလည်း ရပ်လိုက်တယ်ပေါ့ဗျာ” ဟု အဝါမိအမျိုးသားပါတီ (ANP) ပြောရေးဆိုခွင့် ရှိသူ ဇာဟစ်ခမ်းက အေရှားတိုင်းမ်သို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လ၌ အာဏာရလာခဲ့သော ညီညွတ်ရေးအစိုးရအတွက် အကြီးမားဆုံး စိုးရိမ်ပူပန်စရာ တစ်ခုမှာ အရန်ငွေကြေး တိုက်စားမှုကို ရန့်တန်ရန်နှင့် ယခင်ခမ်းအစိုးရလက်ထက်က ငွေသားမဟုတ်သော လောင်စာဆီ ထောက်ပံ့မှုများကို မည်သို့ မည်ပုံ ဆက်လက် လည်ပတ်မည့်အရေး လွှတ်တော်ထဲ မဲခွဲဆုံးဖြတ်ကြရန် ဖြစ်သည်။
ပါကစ္စတန်ပြည်သူများ (GETTY IMAGES)
ပုဂ္ဂလိကဘဏ် အပ်ငွေများ မပါဝင်သော ပါကစ္စတန်နိုင်ငံတော်ဘဏ် (SBP) ၏ အသားတင် အရန်ငွေကြေးသည် ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်တွင် ရက်သတ္တတစ်ပတ်စာအတွက် ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံသာ ရှိပြီး တင်သွင်းကုန်များအတွက် လေး ပတ်စာ တောင်းခံလွှာကို ဖြေရှင်းရန် အခက်တွေ့သွားသည်။
စီးပွားရေး အရေးပေါ် အခြေအနေ ဖြစ်လာခြင်းနှင့် နိုင်ငံ့ စီးပွားရေး အသွင်သဏ္ဌာန် ဆိုးရွားလာခြင်း သတိပြုမိသော ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ် (PML-N) ပါတီ၏ ဩဇာအကြီးဆုံး ခေါင်းဆောင် နာဝပ်ရှရက်ဖ်သည် ဝန်ကြီးချုပ် ရှာဘတ် ရှရက်ဖ်နှင့် ဝန်ကြီးများ၊ ပါတီထိပ်ပိုင်း လူကြီးများကို မေလ ၁၀ ရက်တွင် ညှိနှိုင်းဆွေးနွေးဖို့ လန်ဒန်မြို့သို့ ဆင့်ခေါ်ရတော့၏။
လက်ရှိ အာဏာရပါတီ PML-N သည် လူကြိုက်နည်းသည့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်များ ချမိပြီး ချောင်ပိတ်မိနေပြီ မဟုတ်ပါ လား။
အဆိုပါ ပါတီ၏ ထိပ်ပိုင်းမှလာသော အမိန့်သည် ခမ်း အာဏာရသည့် နှစ်များအတွင်း နိုင်ငံရေးအရ ကုန်ကျစရိတ်များကို ပေး ချေမည့်အစား ပွဲလမ်းသဘင်အချို့ကို ဖျက်သိမ်းပြီး အသစ်တဖန် ရွေးကောက်ပွဲ လုပ်ပေးစေလိုကြောင်း အတွင်းလူများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လ (ဇူလိုင်မှ မတ်လ) အတွင်း စုစုပေါင်း ကွာဟချက်ကို ကြည့်လျှင် မတ်လတွင် နှစ်ဆနီး ပါး တိုးလာပြီး လက်ရှိ ဘဏ္ဍာရေးနှစ်၏ ဒေါ်လာ ၁၃ ဘီလီယံ ကျော်အထိ ရှိသည်။ SBP ဘဏ်က ပြုစုထားသော အချက် အလက်များအရ ၉ လတာ ကာလအတွင်း သွင်းကုန် တိုးတက်မှုသည် ၄၁ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ယမန်နှစ် အလားတူ ကာလမှ ၁၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့် နိုင်သည်။
သွင်းကုန် တန်ဖိုးမှာ ဇူလိုင်လမှ မတ်လအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၁၃၇ ဘီလီယံ ရှိခဲ့သော်လည်း ပို့ကုန် ဒေါ်လာ ၂၈ ဒသမ ၈၅၅ ဘီလီယံသာ ရှိသည်။ ထိုနှစ်ခုကို နှိုင်းယှဉ်ကြည့်နိုင်သည်။ သွင်းကုန်များ မြင့်တက်လာခြင်းသည် ကုန် သွယ်မှု လိုငွေကို ကျယ်ပြန့်စေပြီး လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာဝယ်လိုအားမှာ ပုံမှန်မဟုတ်ဘဲ လွန်စွာ မြင့်မားနေ သဖြင့် ငွေလဲလှယ်နှုန်းကို ပျက်စီးစေသည်။
ပါကစ္စတန်နိုင်ငံက ဘဏ်တစ်ခု(GETTY IMAGES)
လက်ရှိ ဘဏ္ဍာရေးနှစ်၏ ပထမ ၉ လ (ဇူလိုင်လ-မတ်လ) ကာလတွင် စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာ ၃၅ ဒသမ ၅၂ ဘီလီယံရှိပြီး ယခင်ဘဏ္ဍာနှစ် အလားတူ ကာလတုန်းကတော့ ဒေါ်လာ ၂၀ ဒသမ ၈ ဘီလီယံဖြင့် တိုးခဲ့သေးသည်။
အတိအလင်း ထောက်ပြရသော် ကုန်သွယ်မှု လိုငွေသည် ဒေါ်လာ ၁၅ ဘီလီယံကျော် တက်လာပြီး ပိုဆိုးလာသည့် အနေ အထားကို ညွှန်ပြနေပေသည်။ ဤသို့ လိုငွေပြမှုများစွာဖြင့် လုံးချာလည်နေသော ပါကစ္စတန် စီးပွားရေးသည် လာမည့်လများ အတွင်း ပြည်ပသို့ ငွေပေးချေမှု အကျပ်အတည်း ဆိုက်ရောက် သွားတော့မည်ဖြစ်သည်။
အထူးကြပ်မတ် ကုသဆောင် (ICU) ထဲ ပို့လိုက်ရသည့် ပါကစ္စတန် စီးပွားရေးသည် ယခင် အီမရန်ခမ်း အစိုးရ၏ အဓိပ္ပာယ်မဲ့ စီးပွားရေး မူဝါဒများကြောင့် အသက်ရှူ ကျပ်ရခြင်းဖြစ်ကြောင်း PML-N ပါတီမှ ဒုတိယဥက္ကဋ္ဌ မိုရီယမ်နာဝပ်က မာဒန်မြို့တွင် ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲအတွင်း ပြောကြားခဲ့သည်။
သူမက “ခမ်း ရဲ့ ကျရှုံးမှုတွေကနေ အနံ့အသက်ဆိုးတွေကို ဆက်ပြီးမယူသွားဖို့ ကျမတို့ပါတီနဲ့ မဟာမိတ် လုပ်ဖော်ကိုင်ဖက် တွေကို အကြံပြုချင်ပါတယ်။ သူ့ရဲ့ သုံးနှစ်ခွဲ အုပ်ချုပ်တဲ့ အတောအတွင်း သူနဲ့အတူ တပါတည်း ဖြေရှင်းသွားရမယ့် အပုပ် အသိုင်း ကိစ္စတွေပါ” ဟု ယခင်အစိုးရကို လွှဲချခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ခမ်းက ဖန်တီးခဲ့သော နိုင်ငံရေးနှင့် စီးပွားရေး အရှုပ်အထွေးများကို ပြင်ဆင်ဖို့ လနှင့်ချီပြီး ကြာစရာ မလို ကြောင်း မိုရီယမ်နာဝပ်က ဆက်လက် ပြောကြားခဲ့သည်။
PML-N ပါတီမှ ဒုတိယဥက္ကဋ္ဌ မိုရီယမ်နာဝပ် (AFP)
ခမ်းသည် နိုင်ငံကို ပိုင်းခြားပြီး စီးပွားရေးကို အားနည်းစေခဲ့ကြောင်း၊ အစိုးရပိုင် အဖွဲ့အစည်းများကို အပုပ်ချကာ ပြည်သူများ အဆမတန် အခွန်ပေးဆောင်ဖို့ ငွေကြေး အဖွဲ့အစည်းများထံမှ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြောင်း သူမက စွပ်စွဲခဲ့သည်။
ပါကစ္စတန်၏ ပြည်တွင်းမျက်နှာစာတွင် စားနပ်ရိက္ခာ ဈေးနှုန်းများ ၁၇ ရာခိုင်နှုန်း တက်လာခြင်းသည် ခက်ခဲသော အခြေအနေများ၌ ရုန်းကန်နေရသော ဆင်းရဲသားနှင့် လူလတ်တန်းစားတို့၏ ဘဝရပ်တည်ရေးကို များစွာ အနှောင့်အယှက် ပေးခဲ့သည်။
အစိုးရက ရှေ့ဆက်၍ လောင်စာဆီ တင်သွင်းနိုင်မှု ရုပ်သိမ်းလိုက်မည်ဆိုလျှင် ငွေကြေးဖောင်းပွမှု လှိုင်းလုံး အသစ်က တစ်နိုင်ငံလုံး ရိုက်ခတ်ဖုံးလွှမ်း၍ ဒေဝါလီ ခံရကိန်း ဆိုက်မည်ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက စိုးရိမ် နေကြသည်။
Source: Asia Times
(အေးရှားတိုင်းမ်ဝက်ဘ်ဆိုက်တွင် မေလ ၁၆ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် FM Shakil ၏သတင်းဆောင်းပါးကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 1679
CNI Article News
၂၀၂၂ ခုနှစ်၊ မေလ ၁၈
ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှု စတင်ကြောင်း ရုရှားစစ် ကြေညာပြီးကတည်းက ယူကရိန်းစစ်ပွဲကာလ ရက်သတ္တပတ် ၁၁ ပတ်အတွင်း ကိုယ့်ရှူးကိုယ်ပတ်နေခဲ့သော ဖြစ်စဉ်များ ရှိခဲ့ပါသည်။
ဤဆောင်းပါးတွင် ယူကရိန်းအကျပ်အတည်းသို့ သမ္မတ ဂျိုးဘိုင်ဒန် ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းကို ပုံဖော်သည့် အင်အားစုကို ဆန်းစစ်ပြလိုပါသည်။ ထို့ပြင် ဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီအတွင်း နိုင်ငံခြားရေးမူဝါဒ အခြေအတင် ဆွေးနွေးမှု အနေ အထား (သို့မဟုတ်) ယင်းတို့ကို ပိုင်းခြားဝေဖန် ပြလိုပါသည်။
ကလင်တန်၊ ဘုရှ်၊ အိုဘားမားနှင့် ထရမ့်အစိုးရများလက်ထက် ရာထူးအသီးသီးတွင် တာဝန်ထမ်းခဲ့ကြသော အမေရိကန် အဆင့်မြင့် စစ်ဘက်အရာရှိများ၊ ထောက်လှမ်းရေး သုံးသပ်သူများ၊ သံတမန်များနှင့် အေရှားတိုင်းမ်မီဒီယာတို့ မကြာသေးမီက တွေ့ဆုံမေးမြန်းခဲ့ပြီး သမ္မတဘိုင်ဒန်၏ မူဝါဒရေးရာ ရွေးချယ်စရာများကို အမြင်ချင်း ဖလှယ်ဖြစ်ခဲ့သည်။
လက်ရှိ ယူကရိန်း အကျပ်အတည်းမှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဥရောပတိုက်တွင် အကြီးမားဆုံး အကျပ်အတည်း ဖြစ်လာသည်မှာ ငြင်း၍ မရပေ။
ပြီးခဲ့သည့်လ၌ ဘိုင်ဒန်အစိုးရသည် ရုရှားနိုင်ငံအပေါ် စစ်ရေးအရ သဘောထားတင်းမာသော ချဉ်းကပ်မှုတစ်ရပ် ချမှတ်ခဲ့သည် ကို မြင်တွေ့ရသည်။ အဆိုပါ ချဉ်းကပ်မှုမှာ ရုရှားအပေါ် ယူကရိန်း အောင်ပွဲခံနိုင်ရေးသည် တစ်ခုတည်းသော လက်ခံနိုင်စရာ ရလဒ်အဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။
ရုရှားပညာရှင် ဒေါက်တာမက်သရူး ရိုဂျန်စကီ
ဘိုင်ဒန်သည် ယူကရိန်းမြေပေါ် အမေရိကန် စစ်ဖိနပ်ရာများ ရှိစေမည်မဟုတ်ဟု အများသိအောင် အာမခံချက်ပေးခဲ့သည်။ သို့သော်လည်း အငြိမ်းစားဗိုလ်ချုပ်ကြီး တယ်ရီဝုဖ် (Terry Wolff) ကို အသစ်ခန့်အပ်လျက် လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် ယခင် စစ်အရာရှိဟောင်းများ ပါဝင်ပြီး ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးကောင်စီက စစ်ရေးအကူအညီ ညှိနှိုင်းဆောင်ရွက် လျက်ရှိသည်။
ထို့ကြောင့် ယူကရိန်းအရေးတွင် အမေရိကန်တပ်ဖွဲ့ဝင်များ မြေပြင်တွင် အမှန်တကယ် ရှိနေကြောင်းမှာ ထင်ရှားပေါ်လွင် လာခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ကော်လင်းပါဝဲလ် လက်ထက်၌ အမေရိကန်စစ်တပ်တွင် တပ်မှူးတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးကြီး လောရင့်စ်ဝီကာဆင် (Lawrance Wikerson) ၏ ပြောကြားချက်အရ ယူကရိန်းတွင် ပဋိပက္ခကြာရှည် တည်ရှိနေအောင် ဘိုင်ဒန်အစိုးရက စီစဉ်နေကြောင်း သိရသည်။
“သူတို့က မော်စကိုမှာ အစိုးရအပြောင်းအလဲ ဖြစ်စေချင်တာကြောင့် ရုရှားမတည်မငြိမ် ရှိနေအောင် ရေရှည်ပဋိပက္ခကို လို လားနေကြတယ်။ ပြီးရင် တရုတ်ဘက်ကို လှည့်မယ်။ အဲဒါက သူတို့ရဲ့ ရေရှည် ပထဝီဝင် နိုင်ငံရေးဗျူဟာပဲ” ဟု ဝီကာဆင်က ပြောသည်။
ဘိုင်ဒန်နှင့်အနီးစပ်ဆုံး အမျိုးသားလုံခြုံရေး ထိပ်တန်း အရာရှိများအပေါ် လွှမ်းမိုးနေသော သဘောထားကို ဤနေရာတွင် အတန်ငယ် ဖော်ပြလိုပါသည်။
ဒီမိုကရက်တစ် လွှတ်တော် ဥက္ကဋ္ဌ Mr. Nancy Pelos
ဘိုင်ဒန်၏ သမ္မတသက်တမ်း အစတွင် ဝါရှင်တန်ရှိ ထောက်ခံသူများနှင့်ဝေဖန်ရေးသမားများထံ မက်ဆေ့ချ်တစ်ခု ကျယ်ကျယ် ပြန့်ပြန့် ပေးပို့ခဲ့သည်။ ထိုမက်ဆေ့ချ်မှာ သမရိုးကျ အတွေးအခေါ်များမှ လမ်းကြောင်း လွှဲစေမည့် အချင်းအရာများကို သည်းခံ နေမည် မဟုတ်ကြောင်းနှင့် အပြင်လူများ၏ အမြင်၊ ကျွမ်းကျင်မှုများကို ကြိုဆိုမည်မဟုတ်ကြောင်း သတင်းစကားပင် ဖြစ် လေသည်။
ထိုသို့ အနေအထားကို အများလေးစားကြသော ရုရှားပညာရှင် ဒေါက်တာမက်သရူး ရိုဂျန်စကီ၏ ဖြစ်စဉ်တွင် နမူနာအနေဖြင့် တွေ့နိုင်ပါသည်။ ရိုဂျန်စကီသည် အမေရိကန် လွှတ်တော်ရန်ပုံငွေဖြင့် တည်ထောင်ထားသော ကန်နန်းသိပ္ပံနှင့်တွဲဖက်လျက် ဝီလဆင်စင်တာ ပညာရှင်အဖွဲ့တွင် ဒါရိုက်တာအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်သည်။
ရိုဂျန်စကီသည် အမေရိကန်နှင့် ရုရှားနိုင်ငံရေး သိပ္ပံပညာရှင်များ၊ အစိုးရအရာရှိဟောင်းများအကြား အဆင့်နှစ်ဆင့် ဆွေးနွေး ပွဲများတွင် စိန်ခေါ်သူမရှိအောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသူဖြစ်သည်။ သို့သော် ရိုဂျန်စကီကို ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေး ကောင် စီ(NSC)တွင် ခန့်အပ်ရန် စဉ်းစားနေသည်ဟူသော သတင်း ပေါက်ကြားသွားသည့်အခါ ဒီမိုကရက်တစ် အမတ်များက သိမ်း ငှက်များပမာ ဝိုင်းဝန်းထိုးဆိတ်ကြတော့၏။ ယင်းသို့ ခန့်အပ်မည့်ကိစ္စကို ကဖျက်ယဖျက်ဖြင့် ခြေထိုးကြ၏။
ရိုဂျန်စကီသည် အာဏာရှိ အသိုင်းအဝိုင်း၏ ခပ်လှမ်းလှမ်းတွင် နေထိုင်ပြီး အမေရိကန်-ရုရှား ဆက်ဆံရေးအကြောင်း အာရုံစိုက် သုတေသနပြုနေသော အကျိုးအမြတ် မယူသည့်အဖွဲ့ ခေါင်းဆောင်အဖြစ်သာ ရှိနေသည်။
သို့သော် သူနှင့်ပတ်သက်၍ စိတ်ပူသည်က စီအိုင်အေဖြစ်သည်။ စီအိုင်အေညွှန်ကြားရေးမှူး ဝီလျံဘန်းစ်သည် ဘိုင်ဒန်အစိုးရ အဝန်းအဝိုင်းထဲတွင် ရုရှားနှင့်နီးစပ်သည်ဟု ယူဆသူတစ်ဦးတလေကိုမှ မထားလိုပေ။ ထိုအကြောင်းကို အေရှားတိုင်းမ်နှင့် စကားပြောခွင့်ရခဲ့သော အမေရိကန် အစိုးရအရာရှိများ၏ ပြောကြားချက်အရ သိရှိရခြင်း ဖြစ်သည်။
ရုရှား ကျူးကျော်မှုကို ခံနေရသည့် ယူကရိန်းနိုင်ငံ
သို့သော် အစိုးရတစ်ရပ်ထဲတွင် ရုရှားအရေး ကျွမ်းကျင်သူဦးရေ နည်းပါးနေပါက ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုများ တွင် ဒီမိုကရေတစ် နိုင်ငံခြားရေးမူဝါဒ အားသန်သူများ၊ သဘောထား ပျော့ပျောင်းပြီး အသာစီးရနေသော အစွန်းရောက် ဝါဒီ များနှင့် ဆက်နွှယ်နေသူများသာ ကျန်ရှိမည်ဖြစ်သည်။ ထိုသူများက ယူကရိန်းနှင့်စပ်လျဉ်း၍ အမေရိကန် မူဝါဒအပေါ် သက် ရောက်မှု ရှိကြသည်။
ဝါရှင်တန်ရှိ နိုင်ငံခြားရေးမူဝါဒ အခြေအတင် ဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ရှိနေဆဲဖြစ်သည့် ဘရောင်းတက္ကသိုလ်၊ ဝပ်ဆင် သိပ္ပံမှ အကြီးတန်း အရာရှိနှင့် သံတမန်ဟောင်း ချက်စ်ဖရီးမန်းက ဘိုင်ဒန်၏ မူဝါဒ အပြောင်းအလဲမှုကို အေရှားတိုင်းမ် သတင်းထောက်ကို အောက်ပါအတိုင်း ရှင်းပြခဲ့သည်။
“အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC)ရဲ့ အကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန်က အစိုးရအတွက် ရက်သတ္တ ၈ ပတ် အချိန်ယူပြီးတော့ တစ်ဆင့်ခံစစ်ပွဲ (proxy war) အတွက် ရည်ရွယ်ချက်တွေကို ရေးဆွဲပေးခဲ့ပါတယ်။ ရုရှားကျူးကျော်မှုကို အမေရိကန် တုံ့ပြန်တဲ့ အစပိုင်းမှာတော့ ဘိုင်ဒန်အစိုးရက ရုရှားတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ရန်စမှုတွေကို အကန့်အသတ်နဲ့ သတိ ထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မော်စကိုဆီကနေ တိုက်ရိုက် လက်တုံ့ပြန်တာကို သတိမထားမိ၊ မမြင်မိတာတွေ ဖြစ်လာပါတယ်” ဟု ဖရီးမန်းက ရှင်းပြသည်။
“ယူကရိန်းမဟုတ်တဲ့ သတင်းရင်းမြစ်တွေကနေ ထွက်လာတဲ့ ဆန့်ကျင်ဘက် အချက်အလက်တွေကို အနောက်နိုင်ငံတွေမှာ တားဆီး ပိတ်ပင်ထားပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရ ယန္တရားထဲမှာ ကိုယ်ပိုင်ဝါဒဖြန့်မှု ပြန်ရှုရှိုက်နေရတဲ့အတွက် လျှော့တွက်မိတဲ့အန္တရာယ် ပိုများလာခဲ့ပါတယ်” ဟု ဖရီးမန်းက ဆက်လက် ပြောကြားခဲ့သည်။
ဖရီးမန်း၏ သဘောထား မှတ်ချက်ကို စီအိုင်အေမှ ရုရှားအရေးသုတေသီ အကြီးအကဲဟောင်း ဂျော့ဘီးဘီကလည်း သဘောတူ သည်။ ဂျော့ဘီးဘီသည် တစ်ချိန်က ဒုတိယသမ္မတ ဒစ်ချေနီ၏ အမျိုးသားလုံခြုံရေး တာဝန်ယူခဲ့ဖူးသူ ထောက်လှမ်းရေး ဝါရင့် တစ်ဦး ဖြစ်သည်။
“အမေရိကန်နဲ့ နေတိုးတို့ဟာ အစားစားနေရင်းနဲ့ အစာစားချင်စိတ် ပိုပြီးများလာတဲ့ ဖြစ်စဉ်မျိုးနဲ့ ကြုံတွေ့ နေရတယ်လို့ ကျနော် ယူဆပါတယ်။ ယူကရိန်းနိုင်ငံသားတွေဟာ အမေရိကန်နဲ့ နေတိုး မျှော်လင့်ထားသလို အောင်ပွဲခံလိမ့်မယ်လို့ ကျနော် မထင်ဘူးဗျ” ဟု ၎င်းက ပြောသည်။
ယူကရိန်း စစ်သားများ လူထုကို ကယ်ဆယ်ရေးလုပ်နေစဉ်
“ဒါပေမယ့် ပူတင်ကတော့ ဒီကျူးကျော်မှု စတင်ချိန်မှာ အမေရိကန် မျှော်လင့်တာထက် ကျော်လွန်ပြီး စစ်မြေပြင်မှာ အောင်မြင်မှုရတယ်လို့ပဲ ကျနော်ထင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
“ယူကရိန်းကို ထောက်ခံဖို့ မလုံလောက်သေးဘူးလို့ ကွန်ဂရက်လွှတ်တော် အမတ်အများစု စိုးရိမ်နေကြပုံ ရပါတယ်။ ဒီနေရာ မှာ အင်မတန် အန္တရာယ်များတဲ့ အခြေအနေ တစ်ရပ်ကို ကျနော်တို့ အလွန်အကျွံ မလုပ်မိဖို့ လိုပါတယ်။ ဒါကြောင့် အခုဆို ပိုပြီး စွန့်စားလုပ်ဆောင်ရမယ့် အနေအထားရှိတယ်လို့ ပြောရတာ တရားမျှတတယ်လို့ ကျနော်ထင်ပါတယ်” ဟု ဂျော့ဘီးဘီ က ကောက်ချက်ချခဲ့သည်။
ဘိုင်ဒန်သည် မကြာသေးမီက ဥပဒေနှစ်ခုကို လက်မှတ်ရေးထိုးပေးခဲ့သည်။ ယင်းတို့မှာ ချေးငွေ အစီအစဉ်ကို ပြန်လည် အသက် သွင်းရန်နှင့် ၎င်းကို ယူကရိန်းတွင် ကျင့်သုံးရန် ဥပဒေပြဋ္ဌာန်းချက်အဖြစ် ဧပြီ ၂၈ ရက်က အောက်လွှတ်တော်တွင် ထောက်ခံမဲ ၄၁၇ မဲ၊ ကန့်ကွက်မဲ ၁၀ မဲဖြင့် အတည်ပြုခဲ့သည်။
အတိုက်အခံ ၁၀ မဲမှာ ရီပတ်ဘလီကန်များ ဖြစ်သည်။ နှစ်ပတ်အကြာတွင် အောက်လွှတ်တော်သည် ယူကရိန်းအတွက် ထောက်ပံ့ ကူညီမှု အစီအစဥ်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့သည်။ ဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီမှ ကန့်ကွက်မဲ မရှိခဲ့ပေ။
စစ်ပွဲဆီသို့ ဘိုင်ဒန်၏ ချဉ်းကပ်မှုသည် ယခင်သမ္မတ အိုဘားမားနှင့် ကလင်တန်တို့ ကျင့်သုံးခဲ့သော ကြီးမားကျယ်ပြန့်သော နိုင်ငံစုံဝါဒကို ထင်ဟပ်စေကာ အခြေခံအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖော်ညွှန်းမှုကို လိုက်နာထားခြင်း ဖြစ်သည်။ မူဝါဒအားဖြင့် “လူသားချင်း စာနာထောက်ထားမှု ဝါဒ” နှင့် ကုလသမဂ္ဂ ကဲ့သို့သော နိုင်ငံပေါင်းစုံ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အရေးပါမှု ကို လက်ခံသည်။
သို့သော် ထိုသို့သော ချဉ်းကပ်မှုတွင် ဆိုးရွားသော အန္တရာယ်များ ရှိသည်။ ရုရှားကို အားနည်းစေပြီး ပူတင်ကို နာကျင်စေလို သည့် အယူအဆသည် အမေရိကန်အတွက် ကောင်းမွန်သည်ဟု ဂျော့ဘီးဘီက ပြောကြားခဲ့သည်။
“ကျနော်တို့ အကျိုးစီးပွား အမှန်တကယ် ထိခိုက်နိုင်မယ့် ဗျူဟာမြောက် အခြေအနေတွေကို ကျနော်တို့ တွန်းလှန်နိုင်ပါ တယ်။ ရုရှားရဲ့ သမားရိုးကျ စစ်ရေးအင်အား နည်းလာတာနဲ့အမျှ တဖက်က ကြီးထွားလာတဲ့ အန္တရာယ်ကတော့ နျူကလီး ယား လက်နက်တိုက်ကို ရုရှားထုတ်သုံးမယ့် ကိစ္စဗျ” ဟု ၎င်းက သုံးသပ်ပြခဲ့သည်။
ဖရီးမန်း၏ အကဲဖြတ်မှုသည် အထက်ပါ အတိုင်း ထပ်တူထပ်မျှဖြစ်သည်။
“အမေရိကန်၊ ကျနော်တို့ရဲ့ နေတိုးမဟာမိတ်တွေ၊ ယူကရိန်းနဲ့ ရုရှားတို့ဟာ အခုအချိန်မှာ ကာလရှည် ရန်လို မုန်းတီးမှုတွေနဲ့ ချောင်ပိတ် လှောင်မိနေပါတယ်။ ကက်ရှ်မီးယားက အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခလိုပဲ ယူကရိန်း အရှေ့ဘက်နဲ့ တောင်ပိုင်းရှိ ပဋိပက္ခတွေဟာ လာမယ့် ဆယ်စုနှစ်တွေအထိ စစ်ပွဲအနေနဲ့ ဆက်ရှိနေဦးမှာပါ။ ဒါဟာ လုံးဝ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် ဥရောပရဲ့ အရှေ့ဘက် နယ်နိမိတ်ထဲမှာ ရန်လိုမှု ဆက်ဖြစ်ပြီး နျူကလီးယား အပါအဝင် ရုရှားနဲ့ အမေရိကန်တို့ ကြားထဲမှာ တိုက်ရိုက် ပဋိပက္ခကို အရှိန်တက်လာလိမ့်မယ်” ဟု ဖရီးမန်းက ပြောကြားခဲ့သည်။
“ဝါရှင်တန်နဲ့ မော်စကိုဟာ လေးနက်တဲ့ သံတမန်အရေး ဆွေးနွေးမှု မရှိတာမို့ အခုလို အရှိန်တက်လာမှာကို ဘယ်လိုတားဆီး ရမယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး” ၎င်းက မှတ်ချက်ချခဲ့သည်။
Source: Asia Times