CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈

ဆက်သွယ်ရေးအော်ပရေတာများက မိုဘိုင်းလ်ဖုန်းများကနေ အသုံးပြုနေသည့် အင်တာနက်ဒေတာဈေးနှုန်းများကို ယခင်က ထက် နှစ်ဆနီးပါးခန့် တိုးမြှင့်၍ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။

MPT Data Carry Plus အင်တာနက် အစီအစဉ် ဈေးနှုန်း ပြောင်းလဲမှုများမှာ ရက်ပေါင်း (၃၀) သက်တမ်းအတွက် အောက်ပါ အတိုင်း ဖြစ်သည်။

699 ကျပ် - 280MB ၊ 799 ကျပ် - 380MB ၊ 999 ကျပ် - 515MB ၊ 1299 ကျပ် - 675MB ၊ 1799 ကျပ် - 935MB ၊ 2699 ကျပ် - 1425MB ၊ 4499 ကျပ် - 2375MB ၊ 8999 ကျပ် - 4750MB ၊ 17999 ကျပ် - 9500MB ၊ 26999 ကျပ် - 14250MB စသဖြင့် အသီးသီး သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ Ooredoo အင်တာနက် အစီအစဉ် ဈေးနှုန်း ပြောင်းလဲမှုများမှာ 799 ကျပ် - 400MB ရက်ပေါင်း ၁၅ ရက် ၊ 999 ကျပ် 525MB ရက်ပေါင်း ၃၀ ၊ 1099 ကျပ် - 575MB - ရက်ပေါင်း ၃၀၊ 1999 ကျပ် - 1GB - ရက်ပေါင်း ၃၀၊ 2999 ကျပ် - 1.5GB - ရက်ပေါင်း ၃၀ ၊ 3999 ကျပ် - 2GB - ရက်ပေါင်း ၃၀ ၊ 4999 ကျပ် - 2.5GB - ရက်ပေါင်း ၃၀၊ 9999 ကျပ် 5GB ရက်ပေါင်း ၃၀ ရက်တို့ ဖြစ်သည်။

Telenor Shal Suboo ၏ အင်တာနက် အစီအစဉ် ဈေးနှုန်းပြောင်းလဲမှုများမှာ 799 ကျပ် - 420MB - ရက်ပေါင်း (၃၀) ၊ 949 ကျပ် - 500MB - ရက်ပေါင်း (၃၀) ၊ 999 ကျပ် - 525MB - ရက်ပေါင်း (၃၀) ၊ 1599 ကျပ် - 845MB - ရက်ပေါင်း (၃၀) ၊ 1999 ကျပ် - 1050MB - ရက်ပေါင်း (၃၀) ၊ 2999 ကျပ် - 1585MB - ရက်ပေါင်း (၃၀) ၊ 5999 ကျပ် - 3170MB - ရက်ပေါင်း (၃၀) ၊ 9999 ကျပ် - 5290MB - ရက်ပေါင်း (၃၀) တို့ ဖြစ်သည်။

ယခင်က ၁၀၀၀ ကျပ်ဖြင့် အင်တာနက်ဒေတာ 1GB နီးပါး ရသော်လည်း လက်ရှိတွင် မရတော့ဘဲ ဒေတာပမာဏ ထက်ဝက် နီးပါး လျှော့ချထားကြောင်း သိရသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရ ဒီဇင်ဘာ ၈ ရက်နေ့မှ စတင်၍ မိုဘိုင်းလ်ဒေတာ စျေးနှုန်းများကို အော်ပရေတာများမှ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။