
- By CNI News
- Category: လူမှုဘဝ
- Hits: 1096
CNI International News
၂၀၂၂ ခုနှစ်၊ မေလ ၁၇
ရေသန့်လီတာ ၂ သန်းခန့် တင်ဆောင်လာသော အတွဲ ၄၀ ပါ မီးရထားသည် အိန္ဒိယနိုင်ငံတွင် သဲကန္တာရ ရပ်ဝန်းဖြစ်သည့် ရာဇဌာန် (Rajasthan) ပြည်နယ် အခြေစိုက် နေထိုင်သူများအတွက် တစ်ခုတည်းသော အားကိုးစရာ သောက်သုံးရေ ဖြစ်လာခဲ့သည်။
ရေသန့်လီတာ ၂ သန်း တင်ဆောင်လာသော မီးရထား (AI Jazeera)
ရေသန့်လီတာ ၂ သန်း တင်ဆောင်လာသော မီးရထား (AI Jazeera)
ရေသန့်လီတာ ၂ သန်း တင်ဆောင်လာသော မီးရထား (AI Jazeera)

- By CNI
- Category: လူမှုဘဝ
- Hits: 811
CNI News
၂၀၂၂ ခုနှစ်၊ မေ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မဟာမုနိတိုက်ပွဲရှောင်စခန်းတွင် မီးလောင်မှုကြောင့် နေအိမ် ပျက်စီး ဆုံးရှုံးသွားသည့် အိမ်ထောင်စုများအား ICRC အကူအညီဖြင့် နေအိမ်များ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ပါဝင်ကူညီပေးနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က CNI သတင်းဌာနသို့ ပြော သည်။
ပြီးခဲ့သည့် မေလ ၉ ရက်နေ့ နံနက်အစောပိုင်းက အဆိုပါတိုက်ပွဲရှောင်စခန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂၆၂ လုံး မီးထဲပါသွားခြင်းဖြစ်ကာ ယခု ရက်သတ္တပတ်အတွင်း နေအိမ်များ စတင် ဆောက်လုပ်ပေးမည် ဖြစ် ကြောင်းနှင့် အခြား NGO အဖွဲ့အစည်းများဖြင့်လည်း ချိတ်ဆက်နေကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က “ICRC ကတော့ နဂိုကတည်းကနေ အဲဒီစခန်းကို ပို့ထားတဲ့ထဲမှာ သစ်တွေ၊ ဝါးတွေရှိတယ်။ သစ်၊ ဝါး၊ ဓနိတွေရှိတယ်။ အဲဒါတွေကို သူတို့ပို့ထားတဲ့ဟာတွေကို လက်ရှိ သုံးလိုက်ပါဆိုပြီးတော့ မနေ့ညနေက ဆရာ့ဆီကို သူတို့အကြောင်းကြားပေးတယ်။ အိမ်အလုံး ၅၀ ပတ်ဝန်းကျင်လောက် ဆောက်နိုင်ဖို့ မျှော်လင့်တယ်။ သူတို့ပေးထားတဲ့ပစ္စည်းကလည်း တော်တော်လေးကို ရှိတယ်ပေါ့။ တာပေါ်လီစနဲ့တော့ မဟုတ်ဘူးပေါ့။ အခုကကျရင် အဓိကက ဝါးနဲ့သစ်နဲ့ပဲ အဓိက ဆောက်ရမှာ။ တာပေါ်လီစကတော့ ပါမှာမဟုတ်တော့ဘူး။ ဒီအပတ်ထဲကို စဖြစ်လိမ့်မယ်။ ဒီနှစ်ရက် သုံးရက်အတွင်းလောက် ကိုတော့ ဆရာတို့ စနိုင်ဖို့အတွက် မျှော်လင့်ထားတယ်။ ဒီဘက်မှာက ရခိုင်ကျရင်လည်း မိုးကလည်း များတယ်။ နောက်လဆို မိုးကလည်း စရွာတော့မှာဆိုတော့ ဒီလထဲမှာကို စပြီးအကောင်ထည်ဖော်နိုင်ဖို့အတွက် ကြိုးစား နေကြတယ်” ဟု ၎င်းက ပြောသည်။
ICRC ၏ အကူအညီဖြင့် အဆိုပါ နေအိမ်များဆောက်လုပ်နေစဉ်၌ အခြားအလှူရှင်များ၊ အဖွဲ့အစည်းများလည်း ပါဝင်လာမည်ဟု မျှော်လင့်ထားကြောင်း သူက ဆက်ပြောသည်။
မဟာမုနိ တိုက်ပွဲရှောင်စခန်းမှ မီးဘေးသင့် ပြည်သူများကိုတွေ့ရစဉ်
တိုက်ပွဲရှောင်စခန်းရှိ နေအိမ်များသည် ဝါး၊ ဓနိ၊ တာလဘက် အမိုးအကာ စသည်တို့ဖြင့်သာ တည်ဆောက် ထားခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ မီးလောင်မှု ဖြစ်ပွားရာတွင် နေအိမ် အများအပြား အစုလိုက်အပြုံလိုက် မီးထဲသို့ ပါသွားခဲ့ရခြင်းဖြစ်ကာ တိုက်ပွဲရှောင် လူဦးရေ ၁ဝ၇၃ ဦး မီးဘေးသင့်ခဲ့ရသည်။
အဆိုပါ တိုက်ပွဲရှောင်များသည် ကျောက်တော်မြို့နယ်ရှိ ကျေးရွာ အများအပြားမှ ဒေသခံများဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လအတွင်းမှ စတင်ကာ တပ်မတော် နှင့် AA ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်လာသူများလည်း ဖြစ်သည်။
တိုက်ပွဲရှောင်စခန်း မီးလောင်သည့်နေ့က သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများ ရောက်ရှိလာပြီး တစ်ပတ်စာ အတွက် စားနပ်ရိက္ခာအား ထောက်ပံ့ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ နေအိမ်ပြန်လည်တည်ဆောက်ရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာပြောဆိုခြင်းမျိုးမရှိကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က “အစိုးရဆိုတာက တစ်နိုင်ငံလုံကို အုပ်ချုပ်ရတဲ့ လူတွေဖြစ်တယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီလူတွေကို ရွာကိုပြန်နိုင်အောင်အတွက် အစိုးရဘက်က အစီအစဉ်ချပေး ရင်တော့ အကောင်းဆုံးပဲ။ ရွာနားတွေမှာရှိတဲ့ တပ်စခန်းတွေရယ် ပြီးတော့ မိုင်းရှင်းလင်းပြီးတော့ အဲဒီရွာတွေကို ပြန်ခိုင်းရင်တော့ ဒါက အကောင်းဆုံးလို့ ဆရာတို့အနေနဲ့ မြင်တယ်ပေါ့။ ဒါပေမယ့် သူတို့ဘက်က ဘယ်လိုလုပ် မလဲဆိုတာတော့ မပြောတတ်ဘူး။ ဘာမှမပြောသေးဘူး။ သူတို့ဘက်က နေအိမ်ဆောက်ပေးတာတို့ ဘာလုပ် ပေးမယ် ညာလုပ်ပေးမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ဒီနေ့အချိန်ထိ ဘာမှပြောဆိုတာ မတွေ့ရသေးဘူး။ တစ်စုံ တစ်ရာ နစကနဲ့ ပြောဆိုဆွေးနွေးပြီးတော့ ငြိမ်းချမ်းသွားတယ်ဆိုရင်တော့ ဒီလူတွေက အိမ်ကိုပြန်နိုင်ကြမှာပေါ့။ နစက ဘက်က မိုင်းတွေရှင်းလင်းပေးမယ်၊ ရွာတွေအနားမှာ တပ်စွဲထားတဲ့ဟာ ပြန်လည် ရုပ်သိမ်းပေးမယ့်နေ့ ဆိုရင် ဒီလူတွေက အိမ်ပြန်ကြရမှာဖြစ်တယ်”ဟု ပြောသည်။
လက်ရှိတွင် အဆိုပါ မီးဘေးသင့်တိုက်ပွဲရှောင်များသည် ဘုန်းကြီးကျောင်းနှင့် ဘူတာရုံအဟောင်းတို့တွင် ယာယီ နေထိုင်နေကြပြီး ဒေသခံအလှူရှင်များ၏ လှူဒါန်းမှုများဖြင့် စားဝတ်နေရေးပိုင်းအား ခဏတာ ဖြေရှင်းထားနိုင် သည့် အနေထားဖြစ်ကြောင်း တိုက်ပွဲရှောင်စခန်းမှ သိရသည်။
မကြာခင်တွင် မိုးရာသီရောက်ရှိလာတော့မည်ဖြစ်ပြီး လက်ရှိတွင်လည်း မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများ ရှိနေသည့်အတွက် တိုက်ပွဲရှောင်များအနေဖြင့် စိုးရိမ်မှုများရှိနေသည်။
တိုက်ပွဲရှောင် စခန်းတွင် တိုက်ပွဲရှောင် လူဦးရေ ၁၇၀၀ ကျော်ရှိပြီး အိမ်ထောင်စု ၄၃၂ စု ရှိကာ မီးလောင်ကျွမ်းမှု ကြောင့် နေအိမ် ၂၆၂ လုံး အပါအဝင် ပစ္စည်းများအားလုံး မီးထဲပါသွားခြင်းဖြစ်သည်။

- By CNI
- Category: လူမှုဘဝ
- Hits: 840
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မဟာမုနိ တိုက်ပွဲရှောင် စခန်းတွင် ယနေ့(မေလ ၉ ရက်) နံနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် နေအိမ် ၂၆၂ လုံး ပျက်စီးသွား၍ စားရေးသောက်ရေးမှာ အဓိက လိုအပ်နေကြောင်း စခန်းတာဝန်ခံ ဦးသန်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ထို တိုက်ပွဲရှောင် စခန်းတွင် တိုက်ပွဲရှောင် လူဦးရေ ၁၇၀၀ ကျော်ရှိပြီး အိမ်ထောင်စု ၄၃၂ စုရှိကြောင်း၊ မီးလောင်ကျွမ်းမှု ကြောင့် နေအိမ် ၂၆၂ လုံး အပါအဝင် ပစ္စည်းများအားလုံး မီးထဲ ပါသွားကြောင်း သိရသည်။
စခန်းတာဝန်ခံ ဦးသန်းထွန်းက “ အဓိက လိုအပ်တာကတော့ စားဝတ်နေရေး လိုအပ်တာပေါ့။ လောလောဆယ် ဖြေရှင်းမှာကတော့ စားရေးက အဓိကကျနေတယ်။ ပြီးရင် အဲ့ဒီအိမ်တွေ ပြန်ဆောက်ဖို့လိုတယ်၊ အခု လောလောဆယ်က အိမ်တွေ၊ အိုးတွေ အကုန်လုံး မီးထဲ ပါသွားကြတယ်ဆိုတော့။ ဝိုင်းပြီးတော့ အကုန်ဝိုင်းသိမ်းပြီး ဘုန်းကြီးကျောင်းကနေ အိုးကြီးတွေ ငှားပြီး အဲ့ဒီ လို ချက်ကျွေးနေတယ်။ အဓိက ပြောချင်တာကတော့ မိုးရာသီလည်း နီးနေပြီဆိုတော့ ပြန်လည် ထူထောင်ရေးအတွက် လူသားချင်း ကိုယ်ချင်းစာတဲ့ အနေနဲ့တော့ လာပြီးတော့ အစိုးရက အကုန်လုံး တာဝန်ယူပြီး လုပ်ပေးရင်တော့ ပိုကောင်းတာ ပေါ့။ လူသားချင်း စာနာထောက်ထားတဲ့ NGO အဖွဲ့တွေလည်း လာပြီး လှူရင်တော့ မြန်မြန်ဆန်ဆန်လေး ပြီးသွားမယ်။ မိုး မထန်ခင် ပြီးသွားရင်တော့ မီးဘေးပါသွားတဲ့ မိသားစုတွေ အတွက်တော့ စိတ်ချမ်းသာမယ်ပေါ့။ အခု ဒီတိုင်း ဆိုရင်တော့ မချောင်ဘူးပေါ့ မိုးရွာလာရင် ”ဟု CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တိုက်ပွဲရှောင် စခန်းတွင် ယနေ့(မေလ ၉ ရက်) နံနက် ၁ နာရီ ဝန်းကျင်ခန့်တွင် ဖယောင်းတိုင် ထွန်းရာမှ မီးလောင်မှု စတင် ဖြစ်ပွားခဲ့ပြီး ၆ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ထို မီးလောင်မှုကြောင့် တိုက်ပွဲရှောင် လူဦးရေ ၁ဝ၇၃ ဦး မီး ဘေး သင့်ခဲ့ကြောင်း သိရသည်။
ကျောက်တော်က တိုက်ပွဲရှောင်စခန်း မီးလောင်သွားစဉ်
လက်ရှိတွင် ထိုမီးဘေးသင့် တိုက်ပွဲရှောင်များအား ဘူတာရုံဟောင်းတစ်ခု၌ နေရာချထားကြောင်း၊ လိုအပ်ပါက ဘုန်းတော်ကြီး ကျောင်းများတွင်ပါ နေရာ ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
တိုက်ပွဲရှောင်စခန်းရှိ နေအိမ်များသည် ဝါး၊ ဓနိ၊ တာလဘက် အမိုးအကာ စသည်တို့ဖြင့်သာ တည်ဆောက် ထားခြင်းဖြစ်သည့် အတွက် ယခုကဲ့သို့ မီးလောင်မှု ဖြစ်ပွားရာတွင် နေအိမ် အများအပြား အစုလိုက်အပြုံလိုက် မီးထဲသို့ ပါသွားခြင်း ဖြစ်သည်။
စခန်းတာဝန်ခံ ဦးသန်းထွန်းက “မီးလောင်တာကတော့ ကယ်ဆယ်ရေး စခန်းဆိုရင် သိတဲ့အတိုင်းပေါ့။ အကာတွေက တာလဘက်နဲ့ ကာထားတယ်။ အမိုးက ဓနိနဲ့ဆိုတော့ မီးကူးလွယ်တာပေါ့။ ပြီးရင် အိမ် အဆောင်တွေကလည်း တစ်ဆောင်နဲ့ တစ်ဆောင်က နီးနီးကပ်ကပ် လေးဆိုတော့ လူတွေက မီးနားကို ကပ်တောင် ကပ်မနိုင်ဘူး ဖြစ်သွားတယ်။ နည်းနည်းပါးပါး လေး အဲ့ဒီလို တာလဘက် ကာမယ့်နေရာမှာ ဝါးထရံလို ကာနိုင်ရင်တော့ ပိုကောင်းမှာပေါ့။ အဲ့ဒီလိုဆိုရင် တော်ရုံတန်ရုံ မီးလောင်ရင်လည်း အဲ့ဒီလောက်ထိ အန္တရာယ်မများဘူးပေါ့။ တာလဘက်နဲ့ဆိုရင် မီးနည်းနည်း လောင်တာနဲ့ အကုန်လုံး မီးထဲ ပါသွားတာကိုး။ ပြန်လည်ထူထောင်တဲ့အချိန်မှာ အနိမ့်ဆုံး ဓနိမိုးပေမယ့် ဝါးကာလောက်တော့ ဖြစ်စေချင်တာပေါ့နော်” ဟု ပြောသည်။
ကျောက်တော်က တိုက်ပွဲရှောင်များ
လက်ရှိတွင် မုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှုများရှိနေပြီး မကြာခင် ကာလတွင်လည်း မိုးရာသီ ရောက်ရှိ တော့မည်ဖြစ်သဖြင့် မီးဘေးသင့် တိုက်ပွဲရှောင်များအနေဖြင့် စိုးရိမ်မှုများရှိနေကြာင်း မဟာမုနိစခန်းမှ နာယကဆရာတော်က CNI သတင်းဌာနသို့ မိန့်တော်မူသည်။
လက်ရှိတွင် မီးလောင်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်မှ အိမ်ထောင်စုများအတွက် လာရောက်ကူညီသည့် အလှူရှင်များ မရှိသေးကြောင်း သိရသည်။
ကျောက်တော်မြို့နယ်ရှိ ကျေးရွာ အများအပြားမှ ဒေသခံများသည် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လအတွင်းမှ စတင်ကာ တပ်မတော် နှင့် AA ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် တိုက်ပွဲရှောင်များ ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 1074
CNI News
၂၀၂၂ ခုနှစ်၊ မေ ၄
လျှပ်စစ်မီး ၄ နာရီလာပြီး ၁၂ နာရီပျက်မည်ဆိုသော အစီအစဉ်မရှိကြောင်းနှင့် လက်ရှိ ပုံမှန်ပေးနေသည့် ၄ နာရီခြားစီ အစီအစဉ်အတိုင်း လျှပ်စစ်မီးကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗိုလ်တထောင်မြို့နယ် လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က ဒီလိုပဲ ပုံမှန်သွားနေတာပါ။ အဲ့ကြားထဲမှာတော့ ဝန်အားမနိုင်လို့ ပိတ်သွားတဲ့ အခါတွေတော့ ရှိမှာပေါ့”ဟု ပြောသည်။
မေလ ၁ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်မီး ၄ နာရီလာ ၊ ၁၂ နာရီ မီးပြတ်သည့်စနစ် စတင်ကျင့်သုံးမည်ဟု သတင်းများ ပျံ့နှံ့လျက်ရှိနေသည်။
လျှပ်စစ်မီတာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ယခု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနဟု ပြောင်းလဲဖွဲ့စည်းထား)မှ လျှပ်စစ်မီး ဖြန့်ဖြူးပေးဝေမှုအား မတ်လ ၁၂ ရက်မှ စတင်ကာ အချိန်အပိုင်းခြားဖြင့်သာ ပေးဝေနေခြင်းဖြစ်ပြီး မေလအထိ ယခုကဲ့သို့ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 1222
CNI International News
၂၀၂၂ ခုနှစ်၊ မေလ ၄
ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်ရွေးချယ်မှု ဟူသော ကြွေးကြော်သံများနှင့်အတူ နယူးယောက်မြို့တွင် ထောင်နှင့်ချီသော လူစုလူဝေးဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။
တရားဝင် ကိုယ်ဝန်ဖျက်ချမှုကို အဆုံးသတ်ရန် တရားရုံးချုပ်စီစဉ်နေကြောင်း သတင်းများ ပေါက်ကြားခဲ့ပြီးနောက် ထိုကဲ့သို့ ချီတက်ဆန္ဒပြမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းအရ သိရသည်။
ဓာတ်ပုံ-AFP

- By CNI
- Category: လူမှုဘဝ
- Hits: 989
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရေပေးဝေနေသည့် ရေကန်များ ခမ်းခြောက်လာမှုကြောင့် စစ်တွေမြို့အတွင်းရှိ ရပ်ကွက်တချို့ မှာ ရေအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ရေရှားပါးမှုဒဏ်ကို စစ်တွေမြို့နယ်အတွင်း နှစ်စဉ် ကြုံတွေ့နေရသော်လည်း လက်ရှိတွင် လူဦးရေ တိုးပွားလာမှုကြောင့် ရေ ရှားပါးမှုဒဏ်ကို ပိုမိုခံစားနေရကြောင်း စစ်တွေဒေသခံ ဦးကိုမိုးက CNI သတင်းဌာနသို့ ပြောသည်။
ဦးကိုမိုးက “တချို့ရွာတွေဆို ညတောင် မအိပ်ရဘူး ရလာတဲ့အချိန် ရေသွားခပ်ရတာ။ ဆည်က ပေးတယ်မလား ရေက အချိန် နဲ့ပဲ ပေးတာ။ တစ်နာရီဆို တစ်နာရီ၊ သုံးနာရီဆို သုံးနာရီ အဲလိုပဲ ပေးတာ။ ကျနော်တို့မြို့က ရေရှားတာက လူဦးရေ ထူထပ် လာလို့ ရှိတဲ့ကန်က လူတွေက များလာတယ်လေ။ ရေသုံးစွဲရတာ အခက်အခဲတော့ ရှိတယ်။ မနက်ကျရင်လည်း ရေရှားတာက တစ်မျိုး။ စားဖို့ ပိုက်ဆံမရှိလို့ ကိုယ့်အလုပ်ကို လုပ်နေရတာ” ဟု ပြောသည်။
စစ်တွေမြို့ရှိ ကန်တော်ကြီး ရေကန်သည် ဖေဖော်ဝါရီလ အထိသာ ရေပုံမှန်ရရှိခဲ့ပြီး နောက်ပိုင်းတွင် ပုံမှန်မရရှိတော့ ကြောင်း ၊ တခြားသော ရေကန်တစ်ကန်ဖြစ်သည့် ဗျိုင်းဖြူ ရေကန်သည်လည်း ရေခမ်းလာနေပြီ ဖြစ်ကြောင်း၊ ထိုရေမှာလည်း သန့်ရှင်း မှု နည်းပါးလာနေပြီဖြစ်ကြောင်း သိရသည်။
ရေပြတ်လပ်မှုကို စစ်တွေမြို့တွင် နေထိုင်သူများ နှစ်စဉ် ကြုံတွေ့နေရပြီး ရေပြဿနာအား စနစ်တစ်ခုကို သုံးပြီး ဖြေရှင်း စေချင်ကြောင်း၊ ဆည်ပေးဝေရေးအတွက် ဆည်တစ်ခု တူးဖော်စေလိုသည်ဟု စစ်တွေမြို့ နေထိုင်သူ ဦးကိုနိုင်ဇော်က ပြော သည်။
ရေလှူဒါန်းသည့်ကား
ဦးကိုနိုင်ဇော်က “ကျနော်တို့ကတော့ နွေရာသီ ရေမရှားရအောင် ဆည်ရေတွေ တူးသလိုမျိုး နောက်တစ်ဆည်လောက် တူး ပေးရင် ပြည်သူတွေအတွက် ကောင်းတာပေါ့။ တူးဖို့နေရာတွေလည်း ရှိပါတယ်။ အစိုးရကလုပ်ရင် ဖြစ်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
နှစ်စဉ် ကြုံတွေ့နေရသည့် ရေပြတ်လပ်မှုကို လျော့ပါးစေရန်အလို့ငှာ ရေပေးဝေနေသည့် ရေကန်များကို စနစ်တကျ စီမံ ဆောင်ရွက်ရန် စည်ပင်သာယာရေးကော်မတီကို ညွှန်ကြားထားပြီးသား ဖြစ်သည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးလှသိန်းက “ပြည်နယ်အစိုးရကတော့ စည်ပင်ရဲ့ လုပ်ဆောင်ချက်တွေ ရှိတယ်။ အဲဒီမှာ ရေက ဒီဘက်ကန်မှာနည်းလို့ ဟိုဘက်ကန်မှာ ရေရှိတယ်။ ဒီဘက်ကန်မှာ ဘယ်လိုချဲ့မလဲ။ စက်မောင်းပေးဖို့ စီစဉ်တယ်ဆိုတာကို စည်ပင်ကို ချပေးထား ပြီသား” ဟု ပြောသည်။
ရေအခက်အခဲ ဖြစ်ပေါ်နေခြင်းကို ပြေလည်စေရန်အတွက် အဝီစိရေတွင်းများ တူးဖော်သော်လည်း ပင်လယ်အနီးတွင် တည် ရှိသောကြောင့် ဆားငန်ရေများသာ ထွက်ပေါ်ပြီး နေရာ အနည်းငယ်တွင်သာ ရေကောင်းရေသန့် ရရှိကြောင်း၊ လတ်တလော တွင် သောက်သုံးရေအတွက် ရေသန့်ရေများကို ဝယ်ယူနေရပြီး အခြေခံ လူတန်းစားများအတွက် အခက်အခဲ ဖြစ်ပေါ်နေသည် ဟု စစ်တွေ ဒေသခံများက ပြောသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 862
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၃
ရခိုင်ပြည်နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် တိုက်ပွဲရှောင် စခန်းများအား ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ဧပြီ ၂၀ ရက်နေ့က လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်း တချို့၏ နေအိမ်များ ပျက်စီးခဲ့ကြကြောင်း သိရသည်။
သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက “အဲ့ဒါအတွက်လေ အခုအမြန်ဆုံး စာရင်းပြုစုခိုင်းနေတယ်။ စာရင်းပြုစုလို့ ရတာနဲ့ စာရင်းကောက်ခိုင်းပြီးတော့ ဘယ်လောက်အထိ အတိုင်းတာ ဆုံးရှုံးမှုရှိလည်းဆိုတာကို ကြည့်ပြီးတော့ ကျနော်တို့ သင့်တင့် လျောက်ပတ်တဲ့ ထောက်ပံ့မှုတွေကို လုပ်ပေးသွားမှာပါ။ ဒါပေမယ့် သိပ်များများစားစားတော့ ဖြစ်တာတော့ မရှိပါဘူး”ဟု ပြောသည်။
ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများမှ နေအိမ်များသည် ဝါး၊ ဓနိအုန်းလက်၊ တာလဘက် စသည့် အမိုးအကာများ အသုံးပြု ၍ ဆောက်လုပ်ထားသော နေအိမ်များ ဖြစ်သည့်အတွက် ရာသီဥတုဆိုးရွားမှုဒဏ်အား ခံနိုင်ရည်မရှိကြောင်း တိုက်ပွဲရှောင် စခန်းများမှ သိရသည်။
မိုးသက်လေပြင်း တိုက်ခတ်လို့ ပျက်စီးသွားတဲ့ ရခိုင်တိုက်ပွဲရှောင်စခန်းက နေအိမ်များ
သက်ဆိုင်ရာဌာနများမှ နေအိမ်ဆောက်လုပ်ရန် ပေးအပ်သည့် ပစ္စည်းအရေအတွက်များသည် တိုက်ပွဲရှောင်စခန်းများရှိ လူဦးရေနှင့် မကိုက်ညီကြောင်း၊ ထိုသို့ မကိုက်ညီရခြင်းမှာ အိမ်ထောင်စု တစ်စုတွင် မိသားစု အနည်းငယ်ရှိ သကဲ့သို့ တချို့ အိမ်ထောင်စုများတွင် မိသားစု ၁၀ ဦးထက်မနည်း ရှိသည့်အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။
ပျက်စီးသွားသည့် နေအိမ်များသည် မိုးမရွာပါက နေထိုင်ရန် အဆင်ပြေသော်လည်း ယခုကဲ့သို့ ရုတ်တရက် မိုးသက်လေပြင်း များ ကျခြင်းအပြင် မကြာခင်တွင် မိုးရာသီ ရောက်ရှိတော့မည်ဖြစ်သဖြင့် အမြန်ဆုံး ပြန်လည် ပြုပြင်ရန် လိုအပ်ကြောင်း တောင်မင်းကုလား တိုက်ပွဲရှောင်စခန်းမှ အမျိုးသမီးခေါင်းဆောင် မအေးခိုင်က CNI သတင်းဌာနသို့ ပြောသည်။
မအေးခိုင်က“သူတို့ပေးတဲ့ အဆောင်ကတော့ ကြာပြီလေ။ အဆောင်ပေးတာ ကြာပြီဆိုလို့ရှိရင် တစ်နှစ်ကို တစ်ခါပေးတဲ့ ဝါး တွေကလည်း သူတို့ပေးတာနဲ့ မလုံမလောက် ဖြစ်နေတယ်။ လေတိုက်တဲ့အချိန်မှာ အကုန်လုံး အိမ်ခေါင်တွေ လန်လို့လန်၊ မလန်တဲ့ အိမ်တွေလည်း မှောက်ခုံမှောက်ကြတာပဲ။ မိုးရွာလို့ရှိရင် နေစရာမရှိဘူးပေါ့။ မရွာလို့ရှိရင် နေစရာရှိပါတယ်။ အဓိက ပထမဆုံး လိုအပ်ချက်ကတော့ နေတဲ့အိမ် အဆောင်တွေပဲ လိုချင်တယ်။ နေတဲ့အိမ်အဆောင်ရမှ လုံခြုံစိတ်ချလို့ရမှာ။ အခုက အဆောင်ကတော့ အားမကိုးရဘူး။ လေလာရင်လည်း လေနဲ့ပြိုဖို့ အခြေအနေရှိတယ်။ မိုးလာရင်လည်း မိုးယိုဖို့ အခြေအနေရှိ တယ်။ အိမ်ကတော့ ကြီးကြီးတွေ မလိုပါဘူး။ ဒါပေမယ့်ပေါ့ တဲတွေဘာတွေ၊ ဝါးဆိုလို့ရှိရင်လည်း ၁၀၀ မဟုတ်ဘဲနဲ့ အလုံ အလောက် ပေါ့နော်။ အရင်တုန်းကဆို တစ်နှစ်ပြည့်မှ ဝါး ၁၀၀ ပဲ ပေးတယ်။ ဝါး ၁၀၀ ဆို အလုံး သေးသေးလေးဆို မလောက် ဘူး အိမ်တစ်အိမ်လောက်အတွက်”ဟု ပြောသည်။
မိုးသက်လေပြင်း တိုက်ခတ်လို့ ပျက်စီးသွားတဲ့ ရခိုင်တိုက်ပွဲရှောင်စခန်းက နေအိမ်များ
ဧပြီ ၂၀ ရက်နေ့က မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် မြောက်ဦး၊ ကျောက်တော်မြို့ရှိ ဝါးတောင်၊ တောင်မင်းကုလား၊ ညိုချော စသည့် တိုက်ပွဲရှောင်စခန်းများမှ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ တောင်မင်းကုလား တိုက်ပွဲရှောင်စခန်းတွင် နေအိမ် ၉၆ လုံးအနက် ၁၀ လုံးမှာ လုံးဝပျက်စီးခဲ့ပြီး ကျန်နေအိမ်များမှာ တချို့တဝက် ပျက်စီးသွားကြောင်း သိရသည်။

- By CNI
- Category: လူမှုဘဝ
- Hits: 1099
CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရှေးဟောင်းစေတီ ပုထိုးများ၏ အနီးပတ်ဝန်းကျင်ရှိ ကျူးကျော်များအတွက် မြေနေရာ အစားထိုး ပေးရန်မှာ သေချာကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်က CNI သတင်းဌာနသို့ ပြောသည်။
မြောက်ဦးမှ ကျူးကျော်များအား မြေနေရာပေးမည်မှာ သေချာလားဟု CNI သတင်းဌာန၏ မေးမြန်းချက်အား ညွှန်ကြားရေး မှူး ဦးကြည်ခင်မှ ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက “ဟုတ်ကဲ့ ဟုတ်ကဲ့။ ဒီအချိန်ပြောလို့ မရသေးဘူး မြေနေရာ။ ရှိတော့ ရှိပါတယ်။ ဒါပေမယ့် ရွေးချယ်နေပါတယ်။ သူ့ နေရာနဲ့သူ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်နေပါတယ်။ အဲ့ဒီမှာ မြေနေရာရရင် ဒီနေရာကို ရွှေ့ပြောင်းပေးပါ့မယ်”ဟု ပြောသည်။
မြောက်ဦးဒေသအား ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ဝင်၊ မဝင် ဆုံးဖြတ်ရန်အတွက် ယခုနှစ်(၂၀၂၂ ခုနှစ်) စက်တင်ဘာလ၊ အောက်တိုဘာလတွင် ပညာရှင်များမှ ကွင်းဆင်း စစ်ဆေးမည် ဖြစ်သောကြောင့် ကျူးကျော်နေအိမ် များအား အပြီးဖယ်ရှားရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။
မြောက်ဦး နန်းတော်ရာကုန်း တဝိုက်ရှိ ကျူးကျော်များအား ဖယ်ရှားရန်အတွက် စာထုတ်ထားကြောင်း ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Western News သို့ ညွှန်ကြားရေးမှူး ဦးကြည်ခင်မှ ဖြေဆိုထားကာ ကျန်နေရာများအားလည်း တဆင့်ချင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြောက်ဦးရှေးဟောင်း နယ်မြေ စီမံရေး သက်ဆိုင်ရာဌာနက ဆောင်ရွက်နေစဉ်
ထိုကျူးကျော်များထဲတွင် အမှန်တကယ် နေစရာမရှိ၍ ကျူးကျော်နေထိုင်သူများရှိသလို နေစရာရှိပြီး စီးပွားရေးအရ ကျူး ကျော် သူများလည်းရှိကြောင်း မြောက်ဦးဒေသခံများက ပြောသည်။
ကျူးကျော်ဖယ်ရှားရာတွင် အမျိုးအစားများခွဲ၍ သိမ်သိမ်မွေ့မွေ့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြောက်ဦးမြို့ ရှေးဟောင်း အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က “လောလောဆယ် တားထားတဲ့ကြားကနေ ကျူးကျော်တွေကိုတော့ ဦးစားပေး ဖယ်ရှားမှာ။ နောက် ကျန်တဲ့ ကျူးကျော် အမျိုးစားတွေကတော့ အများကြီးရှိပါတယ်။ မြောက်ဦးမြို့ စတည်ကတည်းက နေလာတဲ့ အိမ်တွေ ရှိတယ်။ နောက်ပိုင်းကျတော့ ရှေးဟောင်းနယ်မြေဖြစ်တဲ့ အခါကျတော့ တံတိုင်းနဲ့မလွတ် ကျုံးနဲ့ မလွတ်ဆိုတာ မျိုးပေါ့။ ရှေးဟောင်းနယ်မြေနဲ့ မလွတ်ဖြစ်တဲ့ အခါကျတော့ အဲ့ဒါက ကျူးကျော်ဖြစ်သွားရော။ အဲ့ဒါက တစ်မျိုး။ အခု နောက် ပိုင်းမှာ ကျနော်တို့ ကမ္ဘာ့အမွေအနှစ် တင်ဆဲကာလမှာ တားထားတဲ့ ကြားထဲကနေ ကျူးကျော်တဲ့ကိစ္စက တစ်မျိုး။ အဲ့ဒါမျိုး ပေါ့။ အမျိုးအစား ၄၊ ၅၊ ၆ မျိုးလောက်တော့ ခွဲရမယ်ထင်တယ်။ ဘယ်အမျိုးစားကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သပ်သပ် အစည်းအဝေး ထိုင်ရပါဦးမယ်”ဟု ပြောသည်။
မြောက်ဦးရှေးဟောင်း နယ်မြေ စီမံရေး သက်ဆိုင်ရာဌာနက ဆောင်ရွက်နေစဉ်
အဆိုပါ ကျူးကျော်များအား မြေနေရာပေးရာတွင် မြောက်ဦးမြို့ အုတ်ဖိုကန်ရွာအနီး၌ လွန်ခဲ့သည့် သုံးနှစ်ခန့်က မြို့သစ် စီမံ ကိန်းလုပ်ရန် ရွေးချယ်ထားသည့် မြေနေရာအား ပေးနိုင်ခြေရှိကြောင်းလည်း သိရသည်။
မြောက်ဦးဒေသအား ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာ မူချောကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအဆိုပြုလွှာ မူချော တင်သွင်းထားမှုကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ရုံးချုပ်မှ လက်ခံထားပြီး ဖြစ်ကြောင်း သိရသည်။
မြောက်ဦးဒေသအား လာမည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ယူနက်စကို ဝင်/မဝင် ဆုံးဖြတ်မည် ဖြစ်သည်။
မြောက်ဦးသည် ရခိုင်သမိုင်း၏ ထင်ရှားသည့် ရှေးဟောင်းအမွေအနှစ်များ စုဝေးတည်ရှိရာ မြို့တော်တစ်ခု ဖြစ်သည့်အပြင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့် ခေတ်ကြီး လေးခေတ်အနက် နောက်ဆုံးခေတ်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ ခန့်က ရခိုင်ဘုရင်များ တည်ထားခဲ့သည့် ရှေးဟောင်း အမွေအနှစ်များ တည်ရှိသည်။