CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှာ ယနေ့ (သြဂုတ် ၁၃ ရက်) နံနက်ပိုင်းက တစ်ဦးလျှင် အောက်တိန်း ၉၂ ကျပ် ၃၀၀၀၀ ဖိုး ဖြည့်တင်းနိုင်ကြောင်း စက်သုံးဆီမှ ပြောသည့်အတွက် စက်သုံးဆီဖြည့်တင်းရန် စောင့် ဆိုင်းနေသော ကားတန်ရှည်ကြီးကို တွေ့ရသည်။

လားရှိုးမြို့က ဆီဆိုင် တစ်ခုမှာ ဆီဖြည့်ရန် စောင့်နေကြစဉ် (Hla Oo Maung Maung)

ယနေ့ (သြဂုတ် ၁၃ ရက်) အောက်တိန်း ၉၂ တစ်လီတာ ၂၄၇၀ ကျပ်ဈေးနှုန်းရှိကြောင်း စက်သုံးဆီ ဖြည့်တင်း ရန် စောင့်ဆိုင်းခဲ့သည့် လားရှိုးမြို့ခံများက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စက်သုံးဆီ လိုအပ်ချက် မြင့်တက်နေခြင်းနှင့်အတူ စက်သုံးဆီ ဈေးများလည်း ၂၀၀၀ ကျော်လာခဲ့ခြင်း ဖြစ်သည်။