CNI International News

ဝယ်လင်တန် (ဩစတြေးလျ)၊ မတ်လ ၂၅

တရုတ်သည် ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ဘက်တွင် တည်ရှိသော ဆော်လမွန်ကျွန်းစုနိုင်ငံထဲ၌ သင်္ဘောသွားလာ မှုများ အပါအဝင် စစ်ရေးအင်အား မြှင့်တင်လာနိုင်ကြောင်း ပေါက်ကြားလာသောစာရွက်စာတမ်းတစ်စောင်ကို ကိုးကားလျက် အေပီသတင်းဌာနက မတ်လ ၂၅ ရက် (ယနေ့) ရေးသားဖော်ပြသည်။

ဩစတြေးလျနှင့် အနီးတဝိုက်တွင် ကြီးထွားလာနေသော ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်နေကြောင်း ပေါက် ကြားလာသော စာရွက်စာတမ်းတစ်စောင်ကို ကိုးကားလျက် အေပီသတင်းဌာနက ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဆော်လမွန်ကျွန်းစုအစိုးရသည် တရုတ်နှင့် ရဲတပ်ဖွဲ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ကြောင်း မတ်လ ၂၄ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

သို့သော် ဩစတြေးလျနှင့် ဆက်စပ်နေသည့် နောက်ထပ် ထွက်ပေါ်လာသော သတင်း၌ အွန်လိုင်းတွင် ပေါက်ကြားသွားခဲ့ သည့် ပိုမိုကြီးမားသော လုံခြုံရေးအစီအစဉ် မူကြမ်းရေးသားချက်မှာ အဓိကကျနေသည်။

ဆော်လမွန်ကျွန်းမြို့တော် ဟိုနီအာရာ အဓိကရုဏ်း(AP)

အဆိုပါ လုံခြုံရေးအစီအစဉ် မူကြမ်း၏ စည်းကမ်းချက်များတွင် တရုတ်နိုင်ငံသည် ရဲတပ်ဖွဲ့၊ စစ်မှုထမ်းများနှင့် တခြား လက်နက်ကိုင် တပ်ဖွဲ့များကို ဆော်လမွန်ကျွန်းစုနိုင်ငံ၏ လူမှုစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရာ၌ ကူညီရန်နှင့် တခြား အကြောင်း အမျိုးမျိုးဖြင့် စေလွှတ်နိုင်ရန် ပါရှိသည်။
ထို့ပြင် ပင်လယ်ခရီး တထောက်ရပ်နားနှင့် ရိက္ခာများ ဖြည့်တင်းရန်အတွက်လည်း ဆော်လမွန်ကျွန်းများဆီသို့ တရုတ် သင်္ဘောများ စေလွှတ် တာဝန်ပေးနိုင်မည်ဟု သိရသည်။

အဆိုပါ သဘောတူ စာချုပ်မူကြမ်းတွင် မီဒီယာရှင်းလင်းပွဲများ အပါအဝင် ပူးတွဲလုံခြုံရေး အစီအစဉ်များနှင့်ပတ်သက်၍ ဆော်လမွန်ကျွန်းစုအစိုးရက ထုတ်ပြန်သည့် အချက်အလက်များကို တရုတ်လက်မှတ်ရေးထိုးရန် လိုအပ်သည်ဟု ပြဋ္ဌာန်း ထားသည်။

တရုတ်နိုင်ငံဘက်မှ ရည်မှန်းချက် ကြီးမားလွန်းသော အဆိုပါသဘောတူညီချက် မူကြမ်းနှင့်ပတ်သက်၍ ဩစတြေးလျ၊ နယူးဇီလန်နှင့် အမေရိကန်တို့က အလွန်အမင်း စိုးရိမ်ကြမည်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ၊ မာဆေး(Massey) တက္ကသိုလ်မှ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ဝါရင့်ကထိက အန်နာပါဝဲလ် (Anna Powles) က ပြောကြားခဲ့သည်။

ဆော်လမွန်ကျွန်းစုထံသို့ တရုတ်က ဘယ်လိုကုန်စည်များ တင်ပို့မှာလဲ၊ အနာဂတ်ကာလအတွက် ရေတပ် အခြေစိုက် စခန်း တည်ဆောက်ဖို့ တရုတ်တွင် အလားအလာ ရှိ/မရှိ စသည်တို့မှာ စိတ်ဝင်စားစရာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

ဆော်လမွန်ကျွန်းကိုတွေ့ရစဉ်(GETTY IMAGES)

သတင်းအချက်အလက်များ အများသိအောင် ထုတ်ပြန်ခြင်းကို ဆော်လမွန်ကျွန်းစု အစိုးရအပေါ် ထိန်းချုပ်ခြင်းဖြင့် တရုတ်က နိုင်ငံရေးကြိုးကိုင်လာရန် ကြိုးစားမည်ကို မိမိစိုးရိမ်မိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယခု ပေါက်ကြားလာသည့် သဘောတူစာချုပ်မူကြမ်းပါ အကြောင်းအရာများကို တိုက်ရိုက် မသုံးနှုန်းဘဲ ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားကုန်သွယ်ရေးဌာနက “မိမိတို့ဒေသတွင်းလုံခြုံရေး မတည်မငြိမ်ဖြစ်စေမည့် မည်သည့် လုပ်ရပ်မျိုးမဆို မိမိတို့ စိုးရိမ် ပူပန်မည်ဖြစ်ကြောင်း” ထုတ်ပြန်ခဲ့သည်။

“ဆော်လမွန်ကျွန်းစု၏ မြို့တော် ဟိုနီအာရာ၊ ဩစတြေးလျနှင့် ၎င်းအိမ်နီးချင်းများသည် ပြီးခဲ့သည့်နှစ်က အဓိကရုဏ်း ဖြစ်ပွားပြီးနောက် ပြည်ပအကူအညီမယူဘဲ လုံခြုံရေးအစီအမံများ ပို့ဆောင်နိုင်ခဲ့ကြောင်း” အဆိုပါဌာန၏ ထုတ်ပြန်ချက် ထဲတွင် ဆက်လက်ဖော်ပြထားသည်။

Source: AP