CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၅

မန်စီးတီးနည်းပြ ဂွာဒီယိုလာ ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားမယ့် မန်ချက်စတာဒါဘီပွဲကို ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ယူကရိန်းပဋိပက္ခကို သေချာစောင့်ကြည့်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ကတ်တလန်လူမျိုးနည်းပြ က NATO နဲ့ ဥရောပနိုင်ငံတွေဟာ ကျရှုံးနေပြီလို့ ပြောလိုက်ပါတယ်။ NATO ဟာ ယူကရိန်းနိုင်ငံအတွင်း သိမ်းယူထားတဲ့ ရုရှားတပ်တွေကို တော်လှန်ဖို့ တပ်ဖွဲ့ဝင် ဒါမှမဟုတ် လေတပ် အကူစေလွှတ်ပေးမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။ NATO က ဒီလိုပြောပြီးနောက်မှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာ ဆီက မှတ်ချက်စကားတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာ က “နိုင်ငံရေးသမားတွေက ဒီအရာတွေကို ရှောင်လွှဲလို့ရပါတယ်။ဒါပေမယ့် အဲ့ဒါတွေက ကျရှုံးမှုတွေ၊ ပြီးပြည့်စုံတဲ့ ကျရှုံးမှုတွေကြောင့် ဒီလိုတွေဖြစ်လာတာပါ။သူတိူ့ဟာ နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အလံတစ်ခု အတွက် ဘာမှမလုပ်ဆောင်ပေးနိုင်တဲ့ အခါကျရင် ဒီလိုရှောင်ရှားတဲ့ ကိစ္စတွေ ဖြစ်လာကြတာပါ။ ဆီးရီးယား၊ ပါလက်စတိုင်းနဲ့ ယူဂိုဆလားဗီးယားတို့မှာလည်း ဒီလိုမျိုးတွေဖြစ်ခဲ့ပြီး အပြစ်မဲ့ပြည်သူတွေကို ဝယ်လို့မရပါဘူး”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာ က “ငွေကြေးသာမပါဝင်ရင် စစ်ပွဲက ဖြစ်လာမှာမဟုတ်ပါဘူး။ အခုထိ စစ်ပွဲကဖြစ်နေတုန်း ပါပဲ၊(၈)ရက်၊(၉)ရက်လောက်ရှိနေပါပြီ။NATO နဲ့ဥရောပနိုင်ငံတွေကတော့ လုံးဝကို ကျရှုံးသွားပါပြီ”လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကြမှာပါ။ ပထမအကျော့ တွေ့ဆုံခဲ့တုန်းက မန်စီးတီး အသင်းက ၂ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Source:Marca