CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
ယနေ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတိုက်ပွဲဖြစ်သည့် နွေဦးတော်လှန်ရေးတွင် ချင်းအမျိုးသားထု၏ တူမီး စိတ်ဓာတ် သည် လေးစားဂုဏ်ယူဖွယ်ရာ ကောင်းလှသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) က ပြော သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက်၊ ချင်းအမျိုးသားနေ့သို့ ABSDF မှ ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။
ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အခြေခံကျသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့တွင် အတူလက်တွဲ ဆောင်ရွက်ခဲ့သည်များကလည်း မကဒတနှင့် ချင်းအမျိုးသားနိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းအသီးသီးတို့၏ သွေးစည်းပုံရိပ်များဆိုလျှင် မမှားနိုင်ကြောင်း ABSDF က ပြောသည်။
ABSDF သဝဏ်လွှာကိုတွေ့ရစဉ်
ABSDF က “ယနေ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတိုက်ပွဲဖြစ်သည့် နွေဦးတော်လှန်ရေးတွင်လည်း ချင်းအမျိုးသားများ၏ တူမီးစိတ်ဓာတ်သည်ကလည်း လေးစားဂုဏ်ယူဖွယ်ရာ ကောင်းလှပါသည်။ နွေဦးတော်လှန်ရေး အောင်ပွဲရသည်အထိ အတူ လက်တွဲ တိုက်ပွဲဝင်ကြပါစို့”ဟု သဝဏ်လွှာတွင် ပြောထားသည်။
ချင်းအမျိုးသားထု၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အစဉ်အဆက် ချင်းအမျိုးသားများ၏ ရဲရင့်ဂုဏ်ရောင် ထွန်းပြောင် သော တိုက်ပွဲဝင်ခဲ့မှုများသည် ကိုလိုနီခေတ် နယ်ချဲဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေးတို့တွင် အဓိကကျသည့် အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်များမှာ တော်လှန်သမိုင်း စာမျက်နှာ၌ ထင်ရှား သည့် သမိုင်းမှတ်တိုင်များဖြစ်ကြောင်း ထိုသဝဏ်လွှာထဲမှာ ထည့်သွင်းထားသည်။
လက်ရှိတွင် ချင်းပြည်နယ်၌ ဒေသခံများသည် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်း၍ တပ်မတော်အား တိုက်ခိုက်ကာ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသည်။