CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဆွေးနွေးညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တိုင်းရင်းသား လက် နက်ကိုင်တချို့ သီးခြားတွေ့ဆုံ၍ နယ်မြေတည်ငြိမ် အေးချမ်းရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာနမှာ NSPNC ၏ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NMSP၊ LDU တို့နှင့်လည်းကောင်း၊ DKBA ၊ KNU/KNLA-PC တို့နှင့်လည်းကောင်း၊ ALP နှင့်လည်းကောင်း၊ RCSS နှင့်လည်းကောင်း၊ ULA နှင့်လည်းကောင်း အလွတ်သဘော သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် နယ်မြေတည်ငြိမ် အေးချမ်းရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ရှေ့ဆက် လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူများထံမှ သိရသည်။
အထပ်ပါ အဖွဲ့အစည်းများနှင့် အလွတ်သဘော သီးခြားစီ မတွေ့ဆုံခင် မနက်ပိုင်းတုန်းကလည်း NDAA SSPP RCSS ULA DKBA ALP NMSP LDU KNU/KNLA-PC တို့နှင့် NSPNC ၏ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွေ့ တွေ့ဆုံ၍ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားမှု အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စများကို ချပြခဲ့ကြောင်း သိရသည်။