CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တက်ရောက်ခဲ့သည့် အဖွဲ့အစည်းများမှာ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ရက္ခိုင့်တပ်တော် (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်း အရုံး (LDU)၊ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင် အမျိုးသားအစည်း အရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ ဖြစ်ကြသည်။
သို့သော် KNU က မတက်ရောက်ဘူးဟု ပြောထားသည်။ ပဒိုစောရွှေမောင်းနှင့် စောချစ်လှတို့ကတော့ KNU ကိုယ်စားပြု တက်ရောက်ခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားမှုကြောင့် တက်ရောက်ခြင်းဖြစ်ကြောင်းနှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတိုးစေးဖိုး ပေးအပ်လိုက်သည့်စာကို နစကဥက္ကဋ္ဌထံ ပို့ဆောင်ခြင်းဖြစ်ကြောင်း ကာယကံရှင်က CNI သတင်းဌာနသို့ ပြောထားသည်။