CNI International News

မော်စကို၊ ဖေဖော်ဝါရီ ၄

RT DE နှင့် ဘာလင်တို့အကြား ဖော်ရွေမှုကင်းမဲ့သည့် လုပ်ရပ်များအပေါ် တုံ့ပြန်သည့်အနေဖြင့် ဂျာမနီပိုင် Deutche Welle (DW) သတင်းဌာန၏ ရုရှားရှိ ရုံးခွဲကို ပထမဆုံးအကြိမ်အဖြစ် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း rt.com က ရေးသားဖော်ပြသည်။

RT DE သည် ရုရှားပိုင်ဖြစ်ပြီး ဂျာမန်ဘာသာဖြင့် ထုတ်လွှင့်နေသည့် ရုပ်သံဌာနတစ်ခု ဖြစ်သည်။

ဂျာမန်သတင်းဌာန DW ထုတ်လွှင့်ချက်များကို ရုရှားပြည်တွင်း၌ ဂြိုဟ်တုမှတဆင့် (သို့မဟုတ်) အခြားနည်းလမ်းဖြင့် ထုတ် လွှင့်နေခြင်းမှ တားဆီးကန့်သတ် သွားမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ထို့ပြင် DW ၏ ရုရှားရုံးခွဲ မှ ဝန်ထမ်းအားလုံး၏ သတင်းမီဒီယာသမားဆိုင်ရာ အထောက်အထားများကို ဖယ်ရှားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထံမှ သိရသည်။

နိုင်ငံခြားသတင်းဌာန တစ်ခုအနေဖြင့် DW ရပ်တည်နေခြင်းအပေါ် အသိအမှတ်ပြုထားသည့် လုပ်ထုံးလုပ်နည်းများကို ရုရှား ဥပဒေအရ မော်စကိုက စတင်ကိုင်တွယ်နေပြီ ဖြစ်သည်။

ရုရှားခေါင်းဆောင် ပူတင်နဲ့ ဂျာမန် ခေါင်းဆောင်ဟောင်း တို့ကိုတွေ့ရစဉ်(GETTY IMAGES)

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ RT DE ရုပ်သံဌာနကို ပိတ်ဆို့ခြင်းနှင့် မော်စကိုအခြေစိုက် အသံလွှင့်ဌာနအပေါ် ဖိအားပေးနေသည် ဟု ယူဆရသည့် ဂျာမနီအစိုးရဆိုင်ရာ အဖွဲ့အစည်းများနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ စာရင်းကိုလည်း မိမိတို့ ပြုစုနေကြောင်း မော်စကိုက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ စာရင်းတွင် ပါဝင်သူများကို ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် တားမြစ်သွားမည်ဖြစ်ကြောင်း၊ အပြန်အလှန် ထိန်းကျောင်းမှုဆိုင်ရာ အစီအမံအရ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

ဂျာမနီနိုင်ငံ၏ မီဒီယာထိန်းချုပ်ရေး ထိပ်တန်းအရာရှိတစ်ဦးသည် ဒေသဆိုင်ရာ အာဏာပိုင်တစ်ဦးနှင့် ပူးပေါင်း၍ တဖက် သတ် လုပ်ဆောင်ချက်အနေဖြင့် ဂျာမနီနိုင်ငံအတွင်း RT DE ထုတ်လွှင့်မှု ဆိုင်းငံ့ထားလိုက်ပြီး တစ်ရက်အကြာတွင် ယခု ဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့သည်။

RT DE ချန်နယ်သည် ယခင်က ဆားဘီးယားနိုင်ငံတွင် တရားဝင် pan-European လုပ်ကိုင်ခွင့် ပါမစ်ရရှိခဲ့သော်လည်း ၎င်း ချန်နယ် ထုတ်လွှင့်ခွင့်မှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း ဂျာမန်မီဒီယာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ကြေညာခဲ့သည်။ (pan-European ဆိုသည်မှာ ဥရောပနိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် Pesticide Action Network ဖြစ်သည်)

ယခုအခါ RT DE သည် တရားရုံး၏ အဆုံးအဖြတ်ကို အယူခံဝင်ရန် ကြိုးစားမှုမှာ ရက်သတ္တပတ် ၄ ပတ်ရှိပြီဟု သိရပြီး ဆက်လက်၍ အယူခံဝင်သွားမည်ဟု ပြောကြားထားသည်။

Source: rt.com