CNI News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရုံး အပါအဝင် နစက လက်အောက်ရှိ ရုံး ၇ ရုံး ယနေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းက ဖျက်ဆီးခံရကြောင်း လူမှုကွန်ယက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။
ဓာတ်ပုံ-CJ
အဆိုပါ USDP ရုံး ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ မိမိတို့ ဗဟိုကို အကြောင်းကြားလာခြင်း မရှိသေးကြောင်း USDP မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက ပြောသည်။
ဦးသိန်းထွန်းဦးက “ကျနော် အွန်လိုင်းက သတင်းတွေတော့ တွေ့တယ်ဗျ။ တရားဝင် ကျနော်တို့ဆီ အကြောင်းကြားတဲ့ဟာမျိုး တော့ လက်ခံမရရှိသေးဘူးဗျ” ဟု ပြောသည်။
ဆောမြို့နယ်ရှိ ကျေးလက်ရုံး၊ မီးသတ်ဦးစီးဌာန၊ မြေစာရင်းရုံး၊ စိုက်ပျိုးရေးရုံးနှင့် USDP ရုံးတို့ မီးရှို့ဖျက်ဆီး ခံခဲ့ရသည့် အထဲမှာ ပါဝင်ကြောင်း သိရသည်။