CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၆

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယနေ့(ဇန်နဝါရီ ၂၆ ရက်) နေ့လယ်ပိုင်းက အွန်လိုင်းဗွီဒီယိုကနေတဆင့် ဆွေးနွေးခဲ့ကြကြောင်း နှစ်ဖက်စလုံးက ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ဝန်ကြီးချုပ်ဟွန်ဆန်က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲမှ နံပါတ်(၃) အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ကို လာရောက်ခွင့်ပြုရန်နှင့် နံပါတ်(၄) လူသားချင်းစာနာထောက် ထားမှု အကူအညီပေးအပ်ရေးနှင့် ပံ့ပိုးကူညီပေးရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းများ ရှေ့ဆက်ဆောင်ရွက်ရန် တိုက်တွန်းတောင်း ဆိုခဲ့ကြောင်း ၎င်း၏လူမှုကွန်ရက်ကနေ ထုတ်ပြန် ခဲ့သည်။

နစက-ကတော့ အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံ ပါဝင်နေမှု၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ် ဆောင်ရွက်နေမှု အခြေအနေများ၊အာဆီယံအဖွဲ့ဝင်များကြား အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်အချက်များနှင့် မြန်မာနိုင်ငံအနေဖြင့် အားကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသော အခြေအနေများ၊ အာဆီယံဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့စေလွှတ်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အခြေအနေ များ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်လာရောက်ရေးဆိုင်ရာကိစ္စများကို ရင်းရင်း နှီးနှီး ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။