CNI International News

အော်စလို၊ ဇန်နဝါရီ ၁၉

၂၀၁၁ ခုနှစ်အတွင်း လူ ၇၇ ဦးကို ဗုံးနှင့်သေနတ်တို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်ခဲ့သူ နော်ဝေလက်ယာအစွန်းရောက်ဝါဒီ အန်ဒရက်စ်ဘာရင်းဘရီဗစ်ကို အကျဉ်းထောင်မှ စောစီးစွာ လွတ်မြောက်စေရေးအတွက် နော်ဝေနိုင်ငံ၌ ဆွေးနွေးငြင်းခုံခဲ့ကြကြောင်း အေပီသတင်းအရ သိရသည်။

၎င်းအပေါ် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးအတွက် တရားသူကြီးတစ်ဦးက “၎င်းသည် လူဖြူအစွန်းရောက်အမြင်နှင့် နာဇီများ ကို အလေးပြုသည့်အတိုင် အကြမ်းဖက်မှုများကို စွန့်လွှတ်ခဲ့ပြီဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

အသက် ၄၂ နှစ်ရှိ ဘရီဗစ်သည် အော်စလိုခရိုင်တစ်ခုအတွင်း ၂၀၁၁ ခုနှစ်က ဗုံးဖောက်ခွဲမှုနှင့် နွေရာသီ စခန်းတစ်ခု၌ လက်ဝဲ ယိမ်း လူငယ်တက်ကြွလှုပ်ရှားသူများကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုများအတွက် နော်ဝေနိုင်ငံ၏ တရားစီရင်ရေးအရ ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံထားရသည်။ သို့သော် နော်ဝေဥပဒေပြဋ္ဌာန်းချက်၌ ထောင်ဒဏ် ၁၀ နှစ်ကျခံပြီးလျှင် ၎င်းအတွက် လွတ်ငြိမ်း ချမ်းသာခွင့် စဉ်းစားရန် ကြားနာပိုင်ခွင့် အရည်အချင်းပြည့်မီသည်ဟု သတ်မှတ်ထားသည်။

1000_2.jpeg

ဘရီဗစ်နဲ့ ရှေ့နေကိုတွေ့ရစဉ်။(AP)

ဘရီဗစ်ကို ပြန်လွှတ်ပေးရန် မဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သဘောတူထားသော်လည်း အာဏာပိုင်များက ၎င်းအပေါ် ခွဲခြားဆက်ဆံခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့် အပါအဝင် နော်ဝေလူ့အဖွဲ့အစည်း ကို ထိခိုက်စေသည်ဟု ငြင်းခုံခဲ့ကြသည်။ ၎င်းထံတွင်လည်း အခြားအကျဉ်းသားများနည်းတူ အခွင့်အရေးရှိကြောင်း အာဏာ ပိုင်များက အခိုင်အမာပြောကြားခဲ့ကြသည်။

အော်စလိုမြို့တောင်ဘက်ရှိ စကီယန်ဒေသရှိ လုံခြုံရေး တင်းကြပ်ထားသော အကျဉ်းထောင်အတွင်း ဘရီဗစ်ကို တိုက် ၃ ခု၌ ထားရှိလျက် သီးသန့် အထီးကျန်စွာ ချုပ်နှောင်ခဲ့ပြီးဖြစ်၍ ၎င်း၏ အခွင့်အရေးများကို အပြည့်အဝ အသုံးချနိုင်စရာရှိနေ ကြောင်း သုံးရက်ကြာ စစ်ဆေးကြားနာမှု၌ စောဒကတက်ခဲ့ကြသည်။

ဘရီဗစ်သည် မုတ်ဆိပ်မွေးထူထပ်စွာဖြင့် ဝတ်စုံနှစ်ထပ် ဝတ်ဆင်လျက် ညာလက်က နာဇီပုံစံ အလေးပြုပြီး စာတန်း ဆိုင်း ဘုတ်များ ကိုင်ဆောင်ရင်း အကျဉ်းထောင် အားကစားရုံတစ်ခုအတွင်း ဖွင့်လှစ်ထားသည့် ယာယီတရားခွင်သို့ လာရောက်ခဲ့ သည်။

1000.jpeg

ဘရီဗစ်ကိုတွေ့ရစဉ်။(AP)

၎င်းကိုင်ဆောင်သည့် စာတန်းဆိုင်းဘုတ်များမှ သတင်းစကား(မက်စ်ဆေ့ချ်)သည် မည်သူ့အတွက် ရည်ရွယ်သလဲဟု အစိုးရ ရှေ့နေက မေးမြန်းရာ ဘရီဗစ်က “လူဖြူပါဝါကို ထောက်ခံကြသူများကို ဦးတည်ထားကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

ဘရီဗစ်သည် အနောက်နိုင်ငံများအတွင်း လူဖြူများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မည့် ပူးပေါင်းကြံစည်ရေးသီအိုရီများ ဖြန့်ဝေ ရန် ကြံရွယ်ခဲ့ကြောင်း ယခင်တရားရုံးကြားနာမှုများတွင် တွေ့ရှိခဲ့ပြီးဖြစ်သည်။

တရားရုံး၌ ထွက်ဆိုချက်များအတွင်း ဘရီဗစ်က စစ်သွေးကြွများနှင့် စစ်သွေးကြွမဟုတ်သည့် လူဖြူအမျိုးသားရေးဝါဒီများ အကြား ခြားနားမှုရှိကြောင်း ဆင်ခြေပေးခဲ့သည်။

“ဒီနေ့မှာတော့ ကျနော်ဟာ အကြမ်းဖက်မှုကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆေးကြားနာမှုကို ဇန်နဝါရီ ၂၀ ရက်အထိ ဆက်လက် ပြုလုပ်မည်ဖြစ်ပြီး ယခုလကုန်ပိုင်းတွင် စီရင်ချက် ချဖွယ်ရှိ ကြောင်း အေပီသတင်းအရ သိရသည်။

Source: AP