CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းများကို ဒေသကာကွယ် ရေးတပ်ဖွဲ့(PDF)များက လုံခြုံရေးယူပေးလျက်ရှိကြောင်း ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါ သည်။

အဆိုပါ ဆန္ဒပြပွဲသပိတ်ကို ဇန်နဝါရီ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာမှာ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါး အစည်းအဝေး လာရောက် လုပ်ခဲ့သည်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

တခြားတစ်ဖက်မှာလည်း ဇန်နဝါရီ ၁၃ ရက်က ယင်းမာပင်မြို့နယ်ထဲမှာ လူထုသပိတ်စစ်ကြောင်းကို PDF များက လုံခြုံရေး ယူပေးခဲ့သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။