CNI News
ဗိုင်ရန်ဂိတ် ဇူလိုင် ၃၁
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကိုလာဆစ်ဘ်ခရိုင်၊ ဗိုင်ရန်ဂိတ်မြို့ ဆင်ခြေဖုံးတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု များအတွက် အာသံပြည်နယ်ဝန်ကြီးချုပ် ဟီမန္တာဘီဆွာစာမာက ပြည်နယ်ရဲအရာရှိ ၄ ဦးနှင့် တခြားအရာရှိ ၂ ဦးတို့ကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၃၀ ရက်တွင်ပြောသည်ဟု ပီတီအိုင်သတင်းဌာန၏ဖော်ပြချက်ကို ကိုးကားလျက် thehindu.com ဝက်ဘ်ဆိုက်က ရေးသားထားသည်။
၎င်းတို့အား လူသတ်မှုနှင့် ရာဇဝတ် အခင်းဖြစ်ပွားရန် ပူးပေါင်းကြံစည်မှုတို့ အပါအဝင် စွဲချက်အမျိုးမျိုးတို့ဖြင့် တရားစွဲခြင်း ခံရကြောင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့(ရုံးချုပ်)မှ ဂျွန်နီဟလာအီးက ပီတီအိုင်သတင်းဌာနသို့ ပြောသည်။
ပြည်နယ်နှစ်ခု၏ နယ်စပ်တွင်တည်ရှိသော မြို့ငယ်လေးတွင် မီဇိုရမ်နှင့်အာသံ ရဲတပ်ဖွဲ့ နှစ်ဖွဲ့တို့အကြား သေနတ်ဖြင့် ပစ်ခတ် ခဲ့မှု ဖြစ်ပွားပြီးနောက် ပြည်နယ်ရဲတပ်ဖွဲ့က ဗိုင်ရန်ဂိတ်ရဲစခန်းတွင် ပထမသတင်းပေးတိုင်ကြားချက် (FIR) အမှုရေးဖွင့်ခဲ့ သည်။
ထိုတိုင်ကြားချက် FIR တွင် အမှုရေးဖွင့်ခံရသော အာသံရဲအရာရှိ ၄ ဦးတို့မှာ ရဲစစ်ဆေးရေးမှူး (IGP) အနူရက်အက်ဂါဝယ်၊ ကက်ဟာရဲဒုတိယစစ်ရေးမှူး (DIG) ဒီဗော့ဂျ်ယိုတီမူကာဂျီ၊ ကက်ဟာရဲအုပ်ကြီး ကာဟန်ဒရာကန့်နင်ဘော်ကာနှင့် ဒိုလိုင်း ရဲစခန်းတာဝန်ခံ စာဟက်အူဒင်တို့ ဖြစ်ကြကြောင်း မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့(ရုံးချုပ်)မှ ဂျွန်နီဟလာအီးက ပြောသည်။
ကက်ဟာဒုတိယကော်မရှင်နာမင်းကြီး ကားသီဂျယ်လိုင်းနှင့် ကက်ဟာဒေသ သစ်တောအရာရှိ ဆွန်နီဒီယိုချောင်ဒရီ တို့ကို လည်း အလားတူစွဲချက်များ အတင်ခံရကြောင်း၊ ထို့အပြင် အမည်မသိ အာသံရဲအမှုထမ်း ၂၀၀ ကိုလည်း အမှုတွဲများ ရေးဖွင့် ထားကြောင်း ဂျွန်နီဟလာအီး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ရဲအရာရှိ ၄ ဦးနှင့် အုပ်ချုပ်ရေးအရာရှိ ၂ ဦးတို့ကို ဩဂုတ် ၁ ရက်၊ တနင်္ဂနွေနေ့တွင် စစ်ဆေးရန် ဆင့်ခေါ်ထားကြောင်း ၎င်းက သတင်းထောက်များကို အတည်ပြုပြောကြားခဲ့သည်။
Source: PTI, thehindu.com
#Assam
#အာသံ
#မီဇိုရမ်
#ပြည်နယ်ဝန်ကြီးချုပ်
#Mizoram
#ပထမသတင်းပေးတိုင်ကြားချက်
#အမှုရေးဖွင့်
#ရဲတပ်ဖွဲ့
#ပြည်နယ်ရဲတပ်ဖွဲ့
#police
#အိန္ဒိယ
#CNImyanmar
#cninews