CNI News
ဘေဂျင်း ဇူလိုင် ၃၀
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ဟု အမည်ပေးထားသော တရုတ်စစ်တပ်၊ ရှင်ကျန်း (Xinjiang) စစ်ဌာန ချုပ်နှင့် တိဘက်စစ်တပ်တို့ စီစဉ်ကွပ်ကဲမှုဖြင့် နောက်ဆုံးပေါ် တရုတ် အမြောက်လက်နက်ကြီး နှစ်ခုသည် ကုန်းပြင်မြင့် များတွင် ပစ်ခတ်ရာတွင် လွန်စွာထိရောက်ကြောင်း စစ်ရေးအကဲခတ်သူများက သုံးသပ်ကြောင်း အစိုးရအာဘော် ဂလိုဘယ်တိုင်းမ် သတင်းစာက ရေးသားဖော်ြပသည်။
တရုတ်စစ်တပ်၊ ရှင်ကျန်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတစ်ရင်းမှ အမြောက်တပ်သည် မီတာ ၅၀၀၀ အမြင့်ရှိပြီး နှင်းများကျနေသော ကုန်းမြင့်ပေါ်မှ အဆိုပါအမြောက်များကို ပထမဆုံး စမ်းသပ်လေ့ကျင့် ကြည့်ခဲ့ကြကြောင်း အဆိုပါ စစ်ဌာနချုပ်က WeChat app ပေါ်မှ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါစစ်ဌာနချုပ်က ထုတ်ပြန်သောဓါတ်ပုံများတွင် အသစ်စက်စက် စစ်လက်နက်များဖြစ်သည့် ‘PLZ-07’ သည် ၁၂၂ မီလီမီတာ အမြောက်ဆန်ကို အလိုအလျောက် လမ်းကြောင်းရှာဖွေ ပစ်ခတ်နိုင်စွမ်းရှိသော အမြောက်ဖြစ်နိုင်ကြောင်း ရှန်ဟိုင်းအခြေစိုက် သတင်းဝက်ဘ်ဆိုက် eastday.com က သုံးသပ်သည်။
နောက်ဆုံးပေါ် အမြောက်ပုံစံသစ်ဖြစ်သော မျိုးစုံသုံး ဒုံးကျည်ပစ်လွှတ်သည့်စနစ်ကို PLA တိဘက်စစ်ဌာနချုပ်တွင် စမ်းသပ် လေ့ကျင့်ခဲ့ကြောင်း တရုတ်ဗဟိုရုပ်မြင်သံကြား (CCTV)က ပြီးခဲ့သည့် စနေနေ့က ထုတ်လွှင့်ခဲ့သည်။
သံချပ်ကာဖြင့် ကင်းခြေများတွင် သွယ်တန်းလမ်းကြောင်းဖြန့်နိုင်သော PLZ-07 သည် မြေပြင်အခြေအနေမှာပင် အထူး ရွေ့လျား အသုံးပြု နိုင်ခြေရှိကြောင်း၊ ကာလီဘား (caliber) အမျိုးအစားတွင် တရုတ်၏အစွမ်းထက်ဆုံး ကျည်သွားလမ်း မြင့်သည့် ပြောင်းတို အမြောက်အမျိုးအစား ဟောင်ဝစ်ဇာ (howitzer) ဖြစ်ကြောင်း eastday.com က ဆိုသည်။
အဆင့်မြင့်ဒုံးစနစ်သုံး အမြောက်သစ်ဖြစ်သည့် PHL-11 သည် ၎င်းကိုယ်တိုင် ပဲ့ထိန်းမောင်နှင်နိုင်သည့် ဒုံးကျည် ပစ်လွှတ်သည့် စနစ်နှင့် ဆင်တူကြောင်း၊ PLZ-07 နှင့် PHL-11 နှစ်မျိုးစလုံးသည် ဘီးတပ်ထားသော အမြောက်အထိုင်နှင့် ၁၂၂ မီလီမီတာ ဒုံးကျည် အမြောက်ဆန်များကို ပစ်ခတ်နိုင်စွမ်းရှိသည်။ သို့သော် အမြောက်သစ် PLZ-07 တွင် ဘီး ၄ ဘီးသာပါရှိပြီး ပစ်လွှတ် သည့် ပြွန် ၂၀ ပါရှိသည်။ PHL-11 တွင်တော့ ဘီး ၆ ဘီး တပ်ဆင်ထားပြီး ပစ်လွှတ်သည့်ပြွန် ၄၀ ထည့်သွင်းထားကြောင်း eastday.com ၏ ဖော်ပြချက်ကို ကိုးကားလျက် ဂလိုဘယ်တိုင်းမ်သတင်းစာက ဆက်လက်ရေးသားသည်။
ကုန်းပြင်မြင့်များတွင် အောက်ဆီဂျင် နည်းပါးခြင်းကြောင့် တချို့စစ်လက်နက်များ စွမ်းဆောင်ရည် နိမ့်ကျသွားသော်လည်း ယခုလက်နက်အသစ် အဆန်းများမှာ လက်နက်သုံးစွဲရာတွင် လေအား၊ အောက်စီဂျင်အား အနည်းငယ်သာလိုအပ်၍ တောင် ပေါ် ကုန်းမြင့်များတွင် ပိုမိုကောင်းမွန်စွာ သုံးစွဲပစ်ခတ်နိုင်ကြောင်း၊ သို့ဖြစ်၍ ကုန်းပြင်မြင့် စစ်ဆင်ရေးများအတွက် အရေးကြီး သော စစ်လက်နက်များဖြစ်ကြောင်း လက်နက်ရေးရာ ကျွမ်းကျင်သူတစ်ဦးက ဇူလိုင် ၂၈ ရက်တွင် ဂလိုဘယ်တိုင်းမ်သို့ ပြော ခဲ့သည်။
အလားတူ ပစ်ခတ်နိုင်စွမ်းရှိသည့် ကာလီဘားသုံး တာဝေးဒုံးကျည် ပစ်လွှတ်သည့်စနစ် ပါဝင်သည့် PHL-03 အမြောက်ကို လည်း တရုတ်စစ်တပ်အနေဖြင့် ယခင်က ထုတ်ပြခဲ့ပြီးဖြစ်သည်။
Source: Global Times