CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို မြန်မာ့တပ်မတော်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် ပြန်လည် ထိန်းချုပ်လိုက် ကြောင်း သိရသည်။

လက်ရှိတွင် ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ်ကို ထိန်းချုပ်ထားသော ဓာတ်ပုံများလည်း ထွက်ပေါ်လာခဲ့သည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်က သိမ်းပိုက်ထားသည်။

ချင်းညီနောင်အဖွဲ့က ဖလမ်းမြို့ရှိ တပ်စခန်းကို သိမ်းပိုက်ခဲ့သည်ကို တွေ့ရစဉ်

ထို့နောက် မြန်မာ့တပ်မတော်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် ဖလမ်းမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။