CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၇
၂၀၂၅ အထွေထွေရွေးကောက်ပွဲကို တာဝန်ခံ ကျင်းပပေးခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အား ၂၀၂၆ ခုနှစ်၊ ဧပြီ ၆ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတက အမည်စာရင်း တင် သွင်း၍ အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။
ထို့နောက် ဧပြီ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက ကန့်ကွတ်သူမရှိ အတည်ပြုခဲ့ သည်။
လွှတ်တော်က အတည်ပြုခဲ့သော UEC အဖွဲ့ဝင်များမှာ ဦးသန်းစိုးအား ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ပေးထားပြီး အဖွဲ့ဝင်များအဖြစ် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်း အောင်ကျော်၊ ဦးခင်ဇော်၊ ဦးသန်းထွတ်သိန်း၊ ဦးအောင်မြင့်လွင်၊ ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဒေါ်ခင်သင်းဝေတို့ ဖြစ်ကြသည်။

ယခင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို တာဝန်ခံ ကျင်းပခဲ့သော UEC အဖွဲ့ဝင်များမှာ ဦးသန်းစိုး (ဥက္ကဋ္ဌ)၊ အဖွဲ့ဝင်များအဖြစ် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးအောင်စောဝင်း၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်း အောင်ကျော်၊ ဦးခင်ဇော်၊ ဦးမျိုးလှိုင်၊ ဦးသန်းထွတ်သိန်း၊ ဦးတင်ဆွေဝင်း၊ ဦးအောင်မြင့်လွင် တို့ဖြစ်ကြသည်။
ထို့ကြောင့် UEC တွင် လူသစ်အနေဖြင့် ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်းနှင့် ဒေါ်ခင်သင်းဝေတို့ ပါဝင် လာပြီး လူဟောင်းထဲမှ ဦးအောင်စောဝင်း၊ ဦးတင်ဆွေဝင်း၊ ဦးမျိုးလှိုင် တို့ပါဝင်ခြင်း မရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း ခွဲ၍ ကျင်းပခဲ့သည်။
