CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၉

၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်မှ အနိုင်ရ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်း အနားကို နေပြည်တော်မှာ ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်က ကျင်းပခဲ့သည်။ 

အဆိုပါ တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးညိုစော၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး‌ကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမြထွန်းဦး၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးတင်အောင်စန်း၊ ဦးထွန်းအုံ၊ ဦးမောင်မောင်တင့်တို့ တက်ရောက်ခဲ့ကြသည်။

အလားတူ နေပြည်တော်မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နစကအဖွဲ့ဝင်နှင့် အကြံပေး တာဝန်ယူခဲ့သူ ဒေါ်ဒွဲဘူတို့ လည်း တက်ရောက်ခဲ့ကြသည်။