CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၈

မြန်မာ့တပ်မတော်(ရေ)မှ တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲ အခမ်းအနားနှင့် ၆၃ မီတာ ရေငုပ်သင်္ဘော တိုက် ဖျက်ရေး ရေယာဉ်(၂)စီး၏ ဧရာခင်းမင်္ဂလာ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်က ရန်ကုန်မြို့မှာ ကျင်းပ ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် တက်ရောက်ခဲ့သည်။ 

ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ သင်္ဘောကျင်း စီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် စတင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

ထိုအဆင့် သုံးဆင့်အနက် ပထမအဆင့် စီမံကိန်းအား ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိလည်းကောင်း၊ ဒုတိယ အဆင့် စီမံကိန်းကို ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိလည်းကောင်း တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် စစ်ရေယာဉ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂလိက ရေယာဉ်များအား တည်ဆောက် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။