CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ နယ်အတွင်းမှာ ပေါ်တာဆွဲ၍ စစ်သားစုဆောင်းမှုများကို ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
NUG/MOD အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ တပ်ရင်းများသည် တမူးမြို့နယ်အတွင်းမှာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် ပေါ်တာဆွဲသည့် PDF များ အလိုမရှိကြောင်း တမူးဒေသခံများက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅-၁၆ ရက်များက ဆန္ဒပြခဲ့ကြသည်။

လက်ရှိ တမူးမြို့နယ်အတွင်းမှာ ပေါ်တာဆွဲခံရသည့် ကျေးရွာများမှာ အောက်တောင်းရွာ၊ မလူရွာ၊ ဘုက္ကန်ရွာ၊ ဇီးဖြူကုန်းရွာ၊ ရွာသာရွာ၊ မင်းသမီးရွာ တို့ဖြစ်ကြသည်။
