CNI Internatioanl News

နာဂလန်း၊ ဖေဖော်ဝါရီ ၉

အိန္ဒိယအစိုးရ၊ နာဂလန်း (Nagaland) ပြည်နယ်အစိုးရနှင့် ENPO ကိုယ်စားလှယ်များအကြား နယူးဒေလီ မြို့တော်တွင် လက်မှတ် ရေးထိုးခဲ့သော သမိုင်းဝင် သဘောတူညီချက်သည် ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝသည့် အရှေ့မြောက်ဒေသ ဖြစ်ပေါ်လာစေရေးဆိုသည့် ဝန်ကြီးချုပ် မိုဒီ(Shri Narendra Modi)၏ မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာ၌ နောက်ထပ် ထူးခြားသည့် ခြေလှမ်းသစ်တစ်ခု ဖြစ်သည်။

နာဂလန်းပြည်နယ်ရှိ ခရိုင် ၆ ခုအတွက် Frontier Nagaland Territorial Authority (FNTA) ကို ဖွဲ့စည်းထူထောင် နိုင်ရန် ယခုသဘောတူညီချက်က လမ်းခင်းပေးလိုက်ခြင်း ဖြစ်သည်။

ထိုအစီအစဉ်အောက်တွင် လုပ်ငန်းကဏ္ဍ ၄၆ ခုနှင့် သက်ဆိုင်သော လုပ်ပိုင်ခွင့်များကို FNTA ထံသို့ လွှဲပြောင်းပေး အပ်သွားမည် ဖြစ်သည်။

မိုဒီ ဦးဆောင်သော အစိုးရအဖွဲ့သည် အငြင်းပွားမှုတိုင်းအတွက် အဖြေရှာပေးရန် သန္နိဋ္ဌာန်ချထားသည်။

ယခင်အစိုးရများသည် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရုံသာ ပြုလုပ်ခဲ့သော်လည်း မိုဒီ အစိုးရသည် ထိုသဘောတူညီချက်များကို စာတွေ့ရော လက်တွေ့ပါ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

အိန္ဒိယအစိုးရသည် အရှေ့ နာဂလန်းဒေသ (Eastern Nagaland) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးသွား မည်ဖြစ်ပြီး အစိုးရ၏ တာဝန်ဝတ္တရားများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။

နှစ်စဉ် ပုံသေရန်ပုံငွေ ပမာဏတစ်ခုကို ခွဲဝေ ချထားပေးသွားမည်ဖြစ်ပြီး ကနဦး အသုံးစရိတ်များကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက ကျခံပေးသွားမည် ဖြစ်သည်။

ယခုအခါတွင် အရှေ့နာဂလန်းဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းခရီးတွင် မည်သည့် အတားအဆီးမျှ ရှိတော့မည် မဟုတ်ပေ။

ထိုသဘောတူညီချက်သည် ပြည်သူလူထု၏ စစ်မှန်သော မျှော်လင့်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် အငြင်းပွားဖွယ် ပြဿနာများကို ဖြေရှင်းပေးမည်ဆိုသည့် မိမိတို့အစိုးရ၏ ကတိကဝတ်ကို ဖော်ပြခြင်း ဖြစ်သည်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ရှရီ အမစ်ရှားနဲ့ ENPO ကိုယ်စားလှယ်များကို တွေ့ရစဉ်

ဝန်ကြီးချုပ် မိုဒီ၏ ငြိမ်းချမ်းသာယာသော အရှေ့မြောက်ဒေသ ဖြစ်ပေါ်လာစေရေး မျှော်မှန်းချက်ကို အကောင် အထည် ဖော်ရာတွင် နောက်ထပ် ထူးခြားသည့် မှတ်တိုင်တစ်ခု အနေဖြင့် အိန္ဒိယအစိုးရ၊ နာဂလန်းပြည်နယ် အစိုးရနှင့် နာဂလန်းအရှေ့ပိုင်းခရိုင် ၆ ခုရှိ အသိအမှတ်ပြု နာဂမျိုးနွယ်စု ၈ စုကို ကိုယ်စားပြုသည့် ထိပ်သီး အဖွဲ့အစည်းဖြစ်သော အရှေ့နာဂလန်း ပြည်သူ့အဖွဲ့ (Eastern Nagaland Peoples’ Organisation -ENPO) တို့အကြား သမိုင်းဝင် သဘောတူညီချက် တစ်ရပ်ကို ဖေဖော်ဝါရီ ၅ ရက်တွင် နယူးဒေလီမြို့၌ လက်မှတ် ရေးထိုး ခဲ့ကြသည်။

ထိုသဘောတူညီချက်ကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ရှရီ အမစ်ရှား (Shri Amit Shah) နှင့် နာဂလန်းပြည်နယ် ဝန်ကြီးချုပ် Shri Neiphiu Rio တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထိုသဘောတူညီချက်သည် နာဂလန်းပြည်နယ်ရှိ Tuensang၊ Mon၊ Kiphire၊ လောင်လင်း ၊ Noklak နှင့် Shamator အမည်ရှိ ခရိုင် ၆ ခုအတွက် Frontier Nagaland Territorial Authority (FNTA) ကို ဖွဲ့စည်း ထူထောင်ရန် လမ်းခင်းပေးမည်ဖြစ်ပြီး လုပ်ငန်းကဏ္ဍ ၄၆ ခုနှင့် သက်ဆိုင်သော လုပ်ပိုင်ခွင့်များကိုလည်း FNTA ထံသို့ လွှဲပြောင်းအပ်နှင်းသွားမည် ဖြစ်သည်။

ယနေ့သည် အငြင်းပွားမှု ကင်းစင်သော အရှေ့မြောက်ဒေသအတွက် အလွန်အရေးကြီးသော နေ့တစ်နေ့ ဖြစ်ကြောင်း ထိုအခမ်းအနားတွင် အမစ်ရှားက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် မိုဒီသည် လက်နက်ကိုင် ပုန်ကန်မှု၊ အကြမ်းဖက်မှုနှင့် အငြင်းပွားမှုများ ကင်းဝေးပြီး ဖွံ့ဖြိုးတိုးတက် သော အရှေ့မြောက်ဒေသ ဖြစ်လာရန် မျှော်မှန်းထားကြောင်း၊ ယနေ့တွင် ထိုမျှော်မှန်းချက်ကို အကောင်အထည် ဖော်ရန် နောက်ထပ် ခြေလှမ်းတစ်လှမ်းကို လှမ်းတက်နိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

လွန်ခဲ့သော ၁၁ နှစ်ခန့်က အရှေ့မြောက်ဒေသရှိ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အငြင်းပွားမှုများသည် ဒေသကို အစိတ်စိတ် အမွှာမွှာ ကွဲထွက်စေရန် တွန်းပို့နေပြီး ငြိမ်းချမ်းရေးကို ပျက်ပြားစေခဲ့ကြောင်း၊ တစ်ချိန် တည်းမှာပင် ပြည်နယ် အချင်းချင်းကြား အငြင်းပွားမှုများစွာသည်လည်း ပြည်နယ်များ၏ အေးချမ်းသာယာမှုကို အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း အမစ်ရှားက ထည့်သွင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် မိုဒီ ဦးဆောင်သော အစိုးရသည် အငြင်းပွားမှုတိုင်းအတွက် အဖြေရှာပေးရန် သန္နိဋ္ဌာန်ချထားကြောင်း၊ ၂၀၁၉ ခုနှစ်မှစပြီး မိုဒီအစိုးရသည် အရှေ့မြောက်ဒေသတွင် အရေးကြီးသော သဘောတူညီချက် ၁၂ ချက်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခင်အစိုးရများသည် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရုံသာ ပြုလုပ်ခဲ့သော်လည်း မိုဒီအစိုးရသည် စာတွေ့ရော လက်တွေ့ပါ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရအနေဖြင့် နာဂလန်း အရှေ့ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး မိမိတို့၏ တာဝန်ဝတ္တရားများကိုလည်း အပြည့်အဝ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ENPO ကိုယ်စားလှယ်များကို အာမခံသည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် နှစ်စဉ် ပုံသေရန်ပုံငွေ ပမာဏတစ်ခုကို သတ်မှတ် ခွဲဝေပေးသွားမည်ဖြစ်ပြီး၊ အဖွဲ့အစည်း စတင် တည်ထောင်မှုဆိုင်ရာ အသုံးစရိတ်များကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက ကျခံပေးသွားမည်ဖြစ်ကြောင်း အမစ်ရှားက ဖြည့်စွက်ပြောကြားခဲ့သည်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ရှရီ အမစ်ရှားနဲ့ ENPO ကိုယ်စားလှယ်များကို တွေ့ရစဉ်

မိုဒီ ဦးဆောင်သော အစိုးရသည် အငြင်းပွားမှုတိုင်းအတွက် အဖြေရှာပေးရန် သန္နိဋ္ဌာန်ချထားကြောင်း ၂၀၂၁-၂၂ ခုနှစ်ကတည်းက ENPO ကိုယ်စားလှယ်များကို ပြောကြားခဲ့ဖူးကြောင်း၊ အစိုးရအပေါ် ယုံကြည်မှု ထားရှိရန်နှင့် ဒီမိုကရေစီနည်းကျ လုပ်ငန်းစဉ်များတွင် ပါဝင်ကြရန်နှင့် ထိုသို့ ဆောင်ရွက်ပါက တရားမျှတသည့် ဆုံးဖြတ် ချက်နှင့် ထိုက်တန်သည့် လေးစားမှုတို့ကို မလွဲမသွေ ရရှိမည်ဖြစ်ကြောင်းလည်း အမစ်ရှားက ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများသည် ENPO နှင့် နာဂလန်းအစိုးရတို့အကြား ပေါင်းကူးတံတားသဖွယ် အချိန်အတော်ကြာအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီးနောက် ယနေ့တွင် အငြင်းပွားမှုကို ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်၍ မိမိအနေဖြင့် အလွန်တရာ ဝမ်းမြောက်မိကြောင်း ၎င်းက ဆိုသည်။

မိမိတို့ အားလုံးသည် ENPO ဒေသနှင့် ၎င်း၏ မဟာဗျူဟာမြောက် အရေးပါပုံကို ကောင်းစွာ သိရှိထားကြကြောင်း၊ နာဂလန်းပြည်နယ်ကို စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ နာဂလန်းအရှေ့ပိုင်းဒေသမှ နိုင်ငံသားများသည် တရားမျှတမှု မရရှိခဲ့သလို ခံစားခဲ့ရကြောင်း၊ ၎င်းအနေဖြင့် နာဂလန်းပြည်နယ် ဝန်ကြီးချုပ် Shri Neiphiu Rio နှင့် စကားပြောဆိုခဲ့ကြောင်း၊ Shri Neiphiu Rio ကလည်း ENPO ၏ တောင်းဆိုချက်အားလုံးကို အကြွင်းမဲ့ နားထောင် မည်ဖြစ်ကြောင်း၊ ဆွေးနွေးမှုများ ပြုလုပ်ပြီး လက်ခံသွားမည်ဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ ပြောကြားခဲ့ သည်ဟု အမစ်ရှားက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်နယ် ဝန်ကြီးချုပ် Shri Neiphiu Rio အား ကျေးဇူးတင်ရှိကြောင်း၊ နာဂလန်း ပြည်နယ်အစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များသည် မွန်မြတ်သော စိတ်ထားဖြင့် ညှိနှိုင်းဆွေးနွေးမှုကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

ယနေ့တွင် ကာလရှည်ကြာ ဖြစ်ပွားနေခဲ့သော အငြင်းပွားမှု တစ်ခုသည် ပျော်ရွှင်စရာကောင်းသော အဆုံးသတ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း၊ နာဂလန်း အရှေ့ပိုင်းဒေသရှိ ပြည်သူများ၊ ENPO အဖွဲ့အစည်း အသီးသီး၊ နာဂလန်း ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များအားလုံးကို ဂုဏ်ယူဝမ်းမြောက် ကြောင်းနှင့် နာဂလန်း ပြည်နယ်အတွင်းရှိ အငြင်းပွားမှု အားလုံးကို အဆုံးသတ် နိုင်ရေးအတွက် ယနေ့တွင် နောက်ထပ် ခြေလှမ်းတစ်လှမ်းကို လှမ်းတက်နိုင်ခဲ့ပြီဖြစ်ကြောင်း အမစ်ရှားက ပြောသည်။

ယခုအခါတွင် နာဂလန်း အရှေ့ပိုင်းဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းခရီးအစတွင် မည်သည့် အတားအဆီးမျှ ရှိတော့မည် မဟုတ်ကြောင်း၊ ထိုသဘောတူညီချက်သည် ပြည်သူလူထု၏ စစ်မှန်သော မျှော်လင့်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် အငြင်းပွားဖွယ်ရာ ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးနိုင်လိမ့်မည်ဆိုသည့် မိမိတို့ အစိုးရ၏ ကတိကဝတ်ကို ထင်ဟပ် ဖော်ပြနေခြင်းဖြစ်ကြောင်း၊ အိန္ဒိယအစိုးရနှင့် နာဂလန်းပြည်နယ် အစိုးရ တို့သည် နာဂလန်းအရှေ့ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုသဘောတူညီချက်တွင် FNTA အတွက် အတွင်းဝန်ရုံးခွဲတစ်ခု ထားရှိရန် ပါဝင်ပြီး ထိုရုံးကို အထူးအရာရှိကြီး တစ်ဦးက ဦးဆောင်မည်ဖြစ်သည်။

ထို့ပြင် နာဂလန်းအရှေ့ပိုင်း ဒေသအတွက် ဖွံ့ဖြိုးရေး အသုံးစရိတ်ကို လူဦးရေနှင့် ဧရိယာ အကျယ်အဝန်းအပေါ် မူတည်၍ အချိုးကျ ခွဲဝေပေးသွားမည် ဖြစ်သည်။ 

သို့သော် ထိုသဘောတူညီချက်သည် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၁ (က) ပါ ပြဋ္ဌာန်းချက်များကို ထိခိုက်စေမည် မဟုတ်ပေ။

ထိုကဲ့သို့ စီမံဆောင်ရွက်မှုသည် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်ကို မြှင့်တင် ပေးခြင်းတို့မှတဆင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရန်၊ စီးပွားရေးအရ လုပ်ပိုင်ခွင့်များ ရရှိစေရန်နှင့် အရင်းအမြစ်များကို အကောင်းဆုံး အသုံးချနိုင်ရန် ရည်ရွယ်ပြီး နာဂလန်း အရှေ့ပိုင်း ဒေသ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းထားခြင်း ဖြစ်သည်။

ယခုသဘောတူညီချက်သည် အရှေ့မြောက်ဒေသရှိ ပြည်သူလူထု၏ စစ်မှန်သော မျှော်လင့်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် အငြင်းပွားဖွယ်ရာ ပြဿနာ အရပ်ရပ်ကို ဆွေးနွေး ညှိနှိုင်းမှုများမှတဆင့် ဖြေရှင်းပေးမည် ဟူသော အိန္ဒိယအစိုးရ၏ ကတိကဝတ်ကို ပြသရာရောက်ပြီး အငြင်းပွားမှုများကို အဖြေရှာရာတွင် အကြမ်းဖက်မှု နှင့် လက်နက်ကိုင် ပဋိပက္ခများအစား အပြန်အလှန် လေးစားမှုနှင့် ဆွေးနွေးမှုများအပေါ် အခြေခံသည့် ညှိနှိုင်း မှုများဖြင့်သာ အောင်မြင်နိုင်သည်ဆိုသည့် ဒီမိုကရေစီ၏ အခြေခံ သဘောတရားကိုလည်း သက်သေပြနေခြင်း ဖြစ်သည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နာဂလန်းပြည်နယ် ဒုတိယဝန်ကြီးချုပ် Shri Yanthungo Patton ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အခြား အရာရှိကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နာဂလန်းအစိုးရတို့မှ အဆင့်မြင့် အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။

Source: Ministry of Home Affairs