၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် လေးကေ့ကော် တိုက်ပွဲရှောင် ၁၀၀၀၀ နီးပါးရှိသည့်အနက် ၇၀၀၀ ခန့်သည် နေရပ်ပြန်သွားပြီဖြစ်ကြောင်း တိုက်ပွဲ‌ရှောင်များအား သွားရောက်အကူအညီပေးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ဒါ့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲပြန်ဖြစ်ပွားသည့်အတွက် နေရပ်ပြန်သွားသူများထဲမှ ၁၀၀ ကျော်သည် ထိုင်းဘက်သို့ ပြန်လည်ထွက်ပြေးတိမ်းရှောင်လာကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ကိုသားကြီးက CNI သတင်းဌာန သို့ ပြောသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - လေးကေ့ကော် တိုက်ပွဲရှောင်များကို NUG ထိရောက်သည့် အကူအညီပေးစေလို

“တိုက်ပွဲကအမြဲတမ်းဖြစ်နေတော့ မကြာခဏ လာပြီးတော့ ပစ်နေတော့ ပြည်သူတွေကလည်း ပြန်သွားလိုက် ပြန်လာလိုက် အဲ့လိုတွေရှိတယ်။ မြဝတီမှာ အဖွဲ့အစည်းတစ်ခုကနေပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကားကြီးတွေနဲ့ပေါ့ လော်စပီကာနဲ့ကြေညာတယ် ပြန်လာလို့ရပြီပေါ့ဗျာ။ နောက်မှည့်တစ်ပေါက်မစွန်းစေရဘူးပေါ့။ ပြည်သူတွေကလည်း ရှင်းရှင်းပြောရရင် တောသူတောင်သားတွေပါတယ်။ ကိုယ့်ရဲ့နေရပ် အိုးအိမ်ဒေသကိုစွန့်ပြီး တော့ ပြန်ရတော့ ထိုင်းဘက်အခြမ်းဆိုရင် အလှူရှင်တွေဘယ်လောက်ပဲကူညီကူညီ ကိုယ့်အိမ်ကိုယ့်ရွာ ကိုယ့် ဒေသမှာပဲပျော်တယ်လေ။ ပျော်တော့ ဒီအပေါ်မှာယုံကြည်မှုတွေရှိပြီး ပြန်သွားတယ်လို့ထင်တယ်” ဟု ကိုသားကြီး က ပြောသည်။

နေရပ်ပြန်သွားသူအများစု၏ နေအိမ်များသည် ထိခိုက်၊ ပျက်စီးဆုံးရှုံးမှုများရှိကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - လေးကေ့ကော်တွင် လေယာဉ်နှင့်ပစ်ပြီးနောက် တိုက်ပွဲရှောင် ၂၀၀၀၀ ကျော်ရှိလာ

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေသည့် အတွက် မြန်မာဘက်နှင့် ထိုင်းဘက်တို့တွင် ဒေသခံ ၂၀၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းဘက်၌ လေးကေ့ကော်တိုက်ပွဲရှောင် ၃၀၀၀ ကျော်ခန့်သာကျန်ရှိပြီး လူဦးရေ ၆၀၀ ခန့်မှာ ကလေးသူငယ်များဖြစ်ကာ ထိုသူများမှာလည်း နေရပ်ပြန်ချင်နေကြသော် လည်း တိုက်ပွဲမှာ ထပ်မံဖြစ်ပွား နေသည့်အတွက် စိုးရိမ်မှုဖြင့် မပြန်ဘဲရှိနေကြကြောင်း သိရသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - ထိုင်းမှ ကိုဗစ်အကြောင်းပြချက်ဖြင့် လေးကေ့ကော်ဒေသခံများသို့ လှူဒါန်းမှုအား ကန့်သတ်

လက်ရှိတွင် ထိုင်း၌ တိုက်ပွဲရှောင်အရေအတွက် နည်းသွားသည့်အတွက် လိုအပ်ချက်များ မရှိသလောက် နည်းပါးပြီး အဆင်ပြေကြောင်း သိရသည်။

ကိုသားကြီးက “သက်ဆိုင်ရာတာဝန်ရှိသူတွေပေါ့ ဘယ်လိုပုံစံပဲဖြစ်ဖြစ် စစ်ရှောင်ပြည်သူတွေကို ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ ထိရောက်မှုရှိတဲ့ အကူအညီတွေကိုပေးဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဆိုသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - - တိုက်ပွဲရှောင်စခန်းမှာ ရေရှည်မနေချင်ဘူးဟု လေးကေ့ကော်ဒေသခံများ ဆို

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဒေသတွင် တပ်မတော်နှင့်ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ တပ်ဖွဲ့များကြား ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၄ ရက် မနက်ပိုင်းတွင် တိုက်ပွဲထပ်မံဖြစ်ပွား‌ခဲ့‌‌ကြောင်း သိရသည်။

ဆက်စပ်သတင်းများဖတ်ရှုရန် - - - - - - -   ကရင်တိုက်ပွဲရှောင် ၁၀၀၀ ကျော်ကို ပြန်လည်နေရာချထားပေးခဲ့ဟု နစက ထုတ်ပြန်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတစ်လတာအတွင်းတွင် KNU- ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင် အမျိုးသားကာကွယ်ရေးတပ် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် တပ်မတော်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၃၁၀)ကြိမ် ဖြစ်ပွားခဲ့‌ကြောင်း KNU က ထုတ်ပြန်ထားသည်။