CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၇

ကချင်ပြည်နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)ဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်ဒွဲဘူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိ ခဲ့သည်။

ဒေါ်ဒွဲဘူသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၂)တွင် USDP ပါတီ ကိုယ်စား ပြု၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ယခင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းက ဒေါ်ဒွဲဘူသည် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင် ပြည်နယ် (စဒက)  ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သလို ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း စဒက ပါတီကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ် ပြိုင်ခဲ့သည်။

အလားတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ကိုယ်စားပြု၍ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စား လှယ်လောင်းအား ရှုံးနိမ့်ခဲ့သည်။

လက်ရှိတွင် ဒေါ်ဒွဲဘူသည် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်နေပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်ထိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ(နစက) အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်ဒွဲဘူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားပြု၍ ကချင်ပြည်နယ်ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရ ရှိထားသည်။