CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ “လူငယ်ငြိမ်းချမ်းရေးဖိုရမ်”ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) တွင် ကျင်းပလျက်ရှိသည်။
အဆိုပါ ဖိုရမ်ကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက် ဖွင့်လှစ်ကာ မိန့်ခွန်း ပြောကြားခဲ့သည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ်များကိုဖိတ်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖိုရမ်ကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။
