CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ စတင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း(၁)မှာ ပြည်သူလူထု မဲလာရောက် ပေးသည့် အခြေအနေများကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လိုက်လံကြည့်ရှု၍ ပြည်သူ့အသံကို နားထောင်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ယနေ့ (ဒီဇင်ဘာ၂၈ ရက်) နံနက် ပိုင်းတွင် လှည့်လည်၍ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုခဲ့သည်။

အလားတူ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရန် ရောက်ရှိနေသော တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားမှ နိုင်ငံတကာ သံတမန်များလည်း ၎င်းနှင့်အတူ ပါဝင်ခဲ့ကြသည်။
