CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က စတင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း(၁)၌ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်းရပ်ကွက် (အခြေခံပညာ အလယ်တန်းကျောင်း အမှတ်-၆) သံသုမာ လမ်းရှိ မဲရုံအမှတ် ၁-၂ တွင် မဲလာပေးသူ ၅၄၀ ဦး ရှိကြောင်း သိရသည်။

အဆိုပါ မဲရုံများတွင် မဲပေးခွင့်ရှိသူ ၂၂၀၀ ဦးရှိပြီး နေ့လယ် ၁ နာရီဝန်းကျင်အထိ ၅၄၀ ဦး မဲလာပေးထားကြောင်း သိရသည်။
