CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အထက သုဝဏ္ဏ (၂၅) ရပ်ကွက်ရှိ မဲရုံအမှတ် ၁ တွင် ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး မီဒီယာများ သတင်းရယူရန် ကြိုးပမ်းသော်လည်း သတင်းဓာတ်ပုံများ ရိုက်ခွင့်မပေးဘဲ မီဒီယာ ကဒ်များကို ဓာတ်ပုံရိုက် မှတ်တမ်းပြန်ယူလျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပလျက်ရှိသည်။

အဆိုပါ ရွေးကောက်ပွဲကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တပ်မတော် ခေါင်းဆောင်များ မဲလာ ပေးသည့် မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခွင့် ရနေသည့်တိုင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘက်ရှိ မဲရုံအမှတ် ၁ တွင် မီဒီယာများကို သတင်းရယူခွင့်နှင့် မှတ်တမ်းဓာတ်ပုံရိုက်ယူခွင့်များကို ပိတ်ပင်လျက်ရှိနေသည်။