CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈
ပြည်သူ့ပါတီ(PP)ကနေ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံရန် နာမည်စာရင်း ပေးသွင်းထားသော ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်၌ အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် ချလိုက်ကြောင်း PP ပါတီထံမှ သိရသည်။
PP ပါတီက “ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ ( ဂ ) အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ် ချလိုက်ကြောင်း” သတင်းမီဒီယာများ ကို အသိပေး ထုတ်ပြန်ခဲ့သည်။
ဦးလွင်မြင့်သည် မြန်မာနိုင်ငံတွင် ကျင်းပနေသော ရွေးကောက်ပွဲ၌ ဝင်ရောက် အရွေးချယ်ခံမည့် ကိုယ်စားလှယ် လောင်း တစ်ဦးဖြစ်သည်။

သို့သော် မဲဆွယ် စည်းရုံးရေး ဟောပြောစဉ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ ( ဂ )နှင့် ညှိစွန်းစေ သော ဟောပြောစည်းရုံးမှုများကြောင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကနေ ပယ်ဖျက်ခြင်းခံခဲ့ရသည်။
ထို့နောက် သက်ဆိုင်ရာက အမှုဖွင့် တရားစွဲဆိုခဲ့ပြီးနောက် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် အလုပ်နှင့်ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။
