CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မီတာရုံးတွင် ယနေ့(ဧပြီ ၂၁ ရက်) မီတာလာရောက် ဆောင်နေမှုများကို တွေ့ရသည်။

မီတာမဆောင်သည့် ရပ်ကွက်များကို ဧပြီ ၂၀ ရက်နေ့က စတင် မီးဖြတ်ခဲ့ပြီးနောက် ယနေ့ (ဧပြီ ၂၁ ရက်)တွင် လာရောက် မီတာဆောင်သူများ များပြားခဲ့သည်။ဒဏ်ကြေးအနေဖြင့်လည်း ၄၀၀၀ ကျပ် ပေးဆောင်ရကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်မီတာရုံးက မီတာဆောင်ရမည့် နောက်ဆုံးရက်များအဖြစ် ဧပြီ ၂၀၊ ၂၂၊ ၂၄၊ ၂၆၊ ၂၈ ရက် စသဖြင့် သတ်မှတ်ကြေညာထားကြောင်း သိရသည်။