CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၀

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြာလေ‌လေ ငြိမ်းချမ်းရေးရဖို့ ဝေးလေလေ ဖြစ်မည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးအနေဖြင့် နိုင်ငံတော်မျက်နှာကြည့်ပြီး အတိတ်ကို သင်ခန်းစာ ယူကြမည်ဆိုလျှင် ငြိမ်းချမ်းရေး ရသွားနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှုများ အမျိုးမျိုးရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ပြည်တွင်းစစ်ကြာလေ‌လေ ငြိမ်းချမ်းရေးရဖို့ ဝေးလေလေဆိုသည်က လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ကိုယ် ကျိုးမရှာပဲ နိုင်ငံတော်မျက်နှာ ကြည့်ကြမည်ဆိုလျှင် ငြိမ်းချမ်းရေး အမြန်ဆုံး ရသွားနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ ပြည်တွင်းစစ်ကြာလေ ငြိမ်းချမ်းရေးရဖို့ ပိုပြီးဝေးတယ်ဆိုတဲ့ ဟာကတော့ ဒါကတော့လည်း မှန်ပါတယ်။ ဒါပေမယ့် သင်ခန်းစာ ယူတတ်ဖို့လိုတယ်။ သင်ခန်းစာ ယူရင်တော့ ငြိမ်းချမ်းရေးက မြန်မြန်ဆန်ဆန် ရသွားနိုင်ပါတယ်။ အခုက လက်နက်ကိုင် အဖွဲ့အစည်းတွေ များများလာတယ်၊ ဘာကြောင့် များလာလဲ ပြန်သုံး သပ်ဖို့လိုတယ်။ တခြား လက်နက်နဲ့ အနိုင်ကျင့်တယ်၊ ငါလည်း လက်နက်ကိုင်ပြီး ပြန်တိုက်မှဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတဲ့ အခါကြတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ များလာတာပေါ့။ ဒီပြည်သူမှာ လက်နက်ကိုင် တစ်ဖွဲ့ တိုးတိုင်းတိုးတိုင်းမှာ ပြည်သူမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု တိုးပါတယ်။ ဒါဥပမာအနေနဲ့ ပြရမယ်ဆိုရင်တော့ KIA နဲ့ SNA ကိစ္စကို နှိုင်းယှဉ်လို့ ရပါတယ်။ ဒီ KIA ဟာ သူလက်နက်ကိုင်ပြီးမှ ပြည်သူကို နှိပ်စက်တယ်။ ကျနော်တို့ ရှမ်းလူမျိုး အများစုကို နှိပ်စက်တဲ့အခါကြတော့ သူ့ကို ပြန်တိုက်ဖို့အတွက်ကို ဒီတပ်မတော်နဲ့ ပူးပေါင်းရင်လည်း မထိရောက် တဲ့ အခါကြတော့ သီးခြား လက်နက်ကိုင်ပြီးမှ သူတို့ဖွဲ့ပြီး ပြန်တိုက်မယ်ဆိုတဲ့ အခါကြတော့ SNA တစ်ဖွဲ့ ပေါ်လာ ပြန်တယ်။ ဒါကြောင့် ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေက ပြည်တွင်းစစ်ကြာလေ‌လေ ငြိမ်းချမ်းရေးရဖို့ ဝေးလေ လေဆိုတဲ့ ဥစ္စာက လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးက ကိုယ်ကျိုးမရှာပဲနဲ့ နိုင်ငံတော်မျက်နှာကြည့်ကြ မယ် အတိတ်ကို သင်ခန်းစာ ယူကြမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးကတော့ အမြန်ဆုံးရသွားနိုင်ပါတယ်”ဟု ပြော သည်။

NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်ခဲ့သူများကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားလာခဲ့သည်မှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းက တည်းကနေ ယနေ့အချိန်ထိ ဖြစ်သည်။

ထိုသို့ တည်ဆောက်ခဲ့သည့် အခါတွင် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခြင်း၊ လက်နက်နှင့်စီးပွားရေး လဲလှယ် ခြင်း၊ လက်နက်ကိုင်ထားခြင်းဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း စသည့် ပုံစံအမျိုးမျိုးဖြင့် တည်ဆောက်ခဲ့ကြ သည်။

ရွေးကောက်ပွဲ စက်ဝန်း၏ ပြင်ပတွင် လက်နက်ကိုင် ပဋိပက္ခက သီးခြားကျန်နေခြင်းကြောင့် ရွေးကောက်ပွဲအလွန် တိုင်းရင်းသား ကိုယ်စားပြုမှုများ လွှတ်တော်ထဲ ရောက်လာသည့်အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမို ကိုယ်စား ပြုမှု ဖြစ်လာနိုင်သည်ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နိုင်ငံရေးနည်းလမ်းနဲ့ အခုဆိုရင်လည်း ရွေးကောက်ပွဲကာလမှာ ရွေးကောက်ပွဲက ပြဿနာတွေကို မဖြေ ရှင်းနိုင် ပေမယ့်လို့ ဖြေရှင်းနိုင်မယ့်လမ်းစ ပေါ်လာလိမ့်မယ်လို့ ကျနော်တို့ကတော့ မျှော်လင့်တယ်၊ ဒါကြောင့်မို့လို့ လက်နက်ကိုင် နည်းလမ်းနဲ့ တိုက်ခိုက်နေတာဟာ အဖြေမထွက်ဘူး၊ ရလဒ်မထွက်ဘူးဆိုတာကိုတော့ ပြီးခဲ့တဲ့ အ တွေ့အကြုံတွေအရ သင်ခန်းစာ ယူသင့်တယ်လို့ ကျနော်တော့ ဒီလိုပဲမြင်ပါတယ်။ တစ်ခုကတော့ ပြီးခဲ့တဲ့ ကာလ တွေမှာလည်း ရွေးကောက်ပွဲတွေ အဆက်ဆက် လုပ်ခဲ့ပေမယ့် ရွေးကောက်ပွဲစက်ဝန်းရဲ့ ပြင်ပမှာ လက်နက်ကိုင် ပဋိပက္ခက သီးခြားလိုမျိုး ကျန်နေတယ်။ အဲ့တော့ လက်နက်ကိုင် အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးတာ ပြီးတော့ ကျနော်တို့ ဒီတစ်နိုင်ငံလုံးပစ်ခက်တိုက်ခိုက်မှုစာချုပ်ကို ပြန်လည်သုံးသပ်ပြီးတော့ အသက်ဝင်လာအောင် ဆောင် ရွက်တာ အစရှိသဖြင့် ကျနော်တို့ ဆက်ပြီးတော့ ဆောင်ရွက်နေရမှာပါပဲ။ အဲ့လို ဆောင်ရွက်တဲ့အခါမှာ ရွေး ကောက်ပွဲ နည်းလမ်းကတော့ ကျနော်တို့က နိုင်ငံရေး ကိုယ်စားပြုမှု ပါလာတဲ့ အတွက်ကြောင့် တွေ့ဆုံဆွေးနွေးမှု က ပိုပြီးတော့ အားကောင်းလာတယ်လို့ ကျနော်တို့က ဒီလိုမြင်ပါတယ်။ ဒီကာလမှာဆိုရင် အဓိက တပ်မတော် ကပဲ ဦးဆောင်ပြီးတော့ ငြိမ်းချမ်း ရေးဆွေးနွေးတယ်၊ ဆုံးဖြတ်တယ်ဆိုတာမျိုးအခြေအနေပေါ့ အဲ့တော့‌ ရွေး ကောက်ပွဲ ပြီးသွားရင်တော့ တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း ပါလာမယ်။ ဒီမိုကရက်တစ် အင်အားစုတွေ လည်း ပါလာမယ်ဆိုရင် ငြိမ်းချမ်းရေးမှာ ပိုပြီးကျယ်ပြန့်တဲ့၊ ပါဝင်မှု၊ ကိုယ်စားပြုမှု ဖြစ်လာမယ်လို့ ကျနော် ဒီလို မျှော်လင့်ပါတယ်”ဟု ပြောသည်။ 

NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်ခဲ့သူများကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂မြို့နယ်မှာ ကျင်းပမည် ဖြစ်သည်။

ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၂)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် မြို့နယ် ၁၀၀ မှာ ကျင်းပမည်ဖြစ်သည်။

သို့သော်လည်း ရွေးကောက်ပွဲရလဒ်အား မဲစာရင်း အငြင်းပွားမှုများကို အကြောင်းပြကာ ဖျက်သိမ်းခဲ့ခြင်းကြောင့် လာမည့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု အားနည်းပြီး စိတ်ဝင်စားမှု မရှိဘဲ ဖြစ်နေကြသည်ဟု လေ့လာစောင့် ကြည့်သူများက ထောက်ပြလျက်ရှိသည်။

လက်ရှိ မြန်မာနိုင်ငံတွင် NCA စာချုပ်ကို လက်နက်ကိုင် ၁၀ ဖွဲ့ လက်မှတ်ထိုးထားသော်လည်း CNF,ABSDF,KNU တို့က နုတ်ထွက်ခဲ့သလို စာချုပ် ပျက်သွားပြီးဟု ဆိုကာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

အလားတူ NCA ကို လက်မှတ် မထိုးသည့် KIA,TNLA,AA,MNDAA တို့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသလို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ပေါက်လာသည့် PDF ရာပေါင်း များစွာနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။