CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇

ကချင်ကာကွယ်ရေးတပ်ဖွဲ့(KDA)ခေါင်းဆောင် ဦးမထုနော်သည် ဒီဇင်ဘာ ၂၃ ရက်က ကွယ်လွန်သွားခဲ့ရာ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)တွင် သူ၏ နောက်ဆုံးခရီးစဉ်အဖြစ် အခမ်း အနားကို ကျင်းပခဲ့ကြသည်ကိုတွေ့ရသည်။

ဦးမထုနော်သည် နှစ်ရှည်လများ လေဖြန်းရောဂါဖြင့် ဖြတ်သန်းခဲ့ရာမှ ဒီဇင်ဘာ ၂၃ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ဦးမထုနော်သည် ယခင်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်မဟာ (၄)မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နောက် KIA ကနေ ခွဲထွက်ကာ ၁၉၉၁ ခုနှစ်မှာ တပ်မတော်နှင့် ငြိမ်းချမ်းရေးယူကာ ကချင်ကာကွယ်ရေးတပ်ဖွဲ့(KDA) နာမည်ဖြင့် လှုပ်ရှားနေခဲ့သည်။

ပုံ- Kachinwave

ထို့နောက် ၂၀၁၀ ခုနှစ်မှာတော့ KDA အနေဖြင့်မဟုတ်တော့ဘဲ ကောင်းခါးပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်းကူးပြောင်း၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာမှာ အခြေစိုက်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

 

 

ပုံ- Kachinwave

လက်ရှိတွင် ကောင်းခါးပြည်သူ့စစ်သည် ၂၀၂၀ ခုနှစ်၊ ဧပြီလက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမှု နှင့်ဆက်စပ်ပြီး တပ်မတော်ထံ မတ်လမှာ လက်နက်များအပ်ကာ အဖွဲ့ကို ဖျက်သိမ်းခံထားရသည်။