CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ နစက၏ လက်အောက်ခံ တပ်ဖွဲ့များက အမျိုးသမီး၊ ကလေးသူငယ် များနှင့် ဒေသခံများကို မီးရှို့သတ်ဖြတ်မှုအတွက် ကမ္ဘာ့နိုင်ငံကြီးများက အရေးယူနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်သင့်သည်ဟု မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)တွင် ထုတ်ပြန် ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ နစက၏ တပ်မ ၆၆ လက်အောက်ခံ၊ ခမရ ၁၀၈ ဦးဆောင်သော တပ်များက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာ သည့် ကလေးသူငယ်များနှင့် အမျိုးများအပါအဝင် ဒေသခံ အပြစ်မဲ့ပြည်သူ ၃၅ ဦးကျော်အား ကားပေါ်တင်၍ မီးရှို့ သတ် ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ဖမ်းဆီးစဉ်က ညှိနှိုင်းရန် သွားရောက်ခဲ့ကြသော နယ်ခြားစောင့်တပ်ရင်း ၁၀၀၄ မှ တပ်ဖွဲ့ဝင် ၄ ဦး ကိုလည်း ပစ်ခတ် သတ်ဖြတ်ခဲ့သည်ဟု ကြားသိရပါကြောင်း ဖော်ပြထားသည်။

ပုံ-၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ မီးလောင်ထားသော မြင်ကွင်း

ထို့နောက် ယခုကဲ့သို့သော လုပ်ဆောင်မှုများသည် နစက၏ မြန်မာ့တပ်မတော်အနေဖြင့် စစ်မြေပြင်၌ စောင့် စည်းရမည့် စစ်ဥပဒေ၊ အရပ်သားများကို အကာအကွယ်ပေးရမည့် ဥပဒေများကို မျက်ကွယ်ပြုကာ လူသားမျိုးနွယ်အပေါ် ရည်ရွယ် ချက် ရှိရှိ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း AA၊ MNDAA၊ TNLA မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့က “စစ်ကောင်စီ၏ ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအပေါ် ပြင်းထန်စွာ ကန့် ကွက် ရှုတ်ချသည့်အပြင် ကမ္ဘာ့နိုင်ငံကြီးများအနေနှင့်လည်း စစ်ကောင်စီကျူးလွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို အမြန်ဆုံးထိရောက်စွာ အရေးယူနိုင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်ပါတယ်”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာ ဖြစ်ပွားခဲ့သည့် မီးရှို့သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယနေ့ အချိန်ထိ နစကမှ တစ်စုံတစ်ရာ ထုတ်ပြန် ဖြေရှင်းခြင်း မရှိသေးပေ။

လက်ရှိတွင် ကယားပြည်နယ်အတွင်းမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့(AA၊MNDAA၊TNLA)တို့သည် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မ တော် (NDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)တို့နှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားမြို့မှာ ဒီဇင်ဘာ ၁၅ ရက်နေ့က နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC)မှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံ၍ လက်နက်ကိုင်ပဋိပက္ခများလျှော့ချရေး အပြင် ငြိမ်းချမ်းရေးကိစ္စရပ် များ ဆွေးနွေးခဲ့ကြသည်။