CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄

နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင်  မိုင်းထောင်ဖောက်ခွဲ၍ ဖျက်ဆီးခဲ့သည်ဟု နလအ သတင်းထုတ်ပြန်ရေးအဖွဲ့မှ စွပ်စွဲခဲ့သည်။ 

လက်ရှိတွင် TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နှင့်အနီး ပတ်ဝန်းကျင် တစ်ဝိုက်၌ အခြေပြု၍ လှုပ်ရှားနေပြီး ယနေ့ (၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက်) နံနက်ပိုင်းက ဂုတ်ထိပ်တံအားကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

TNLA ကတော့ ဂုတ်ထိပ်တံတားကို သူတို့ဖျက်ဆီးခဲ့ခြင်း မရှိကြောင်း တုံ့ပြန်ထားသည်။

လက်ရှိတွင် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုကြောင့် ကျောက်မဲမြို့ဘက်အခြမ်း တံတား၏ ကမ်းကပ်ခုံ(AB 2)နှင့် တံတားတိုင်အမှတ်(P 16)နှင့် ကမ်းကပ်ခုံ (AB 2)နေရာတို့အကြား ပေ ၆၀ အရှည်ရှိတံတား သံပေါင်နေရာတို့ ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

နောင်ချိုမြို့နယ် ဂုတ်ထိပ်တံတားအနီးတစ်ဝိုက်တွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

 

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး ရထားလမ်းပေါ်တွင် တည်ရှိသည်။

ထိုဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်၌ စတင်အသုံး ပြုခဲ့ကြောင်း၊ ဂုတ်ထိပ်တံတားသည် တံတားအရှည် ၂၂၆၀ ပေ၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၁၀၀ တွင်ရှိပြီး သက်တမ်း အနေဖြင့် နှစ်ပေါင်း ၁၂၅ နှစ် ရှိသည့် မီးရထားလမ်း တံတားဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ TNLA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲ များဖြစ်ပွားနေသည်။