CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇

သရုပ်ဆောင် ပိုင်တံခွန်နှင့် ပရဟိတသမား စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ကို တရားရုံးက ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)တွင် ထောင်ဒဏ် ၃ နှစ်စီ အမိန့် ချမှတ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ပိုင်တံခွန်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဒီမိုကရေစီရေး တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရာမှ အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

အလားတူ ဆည်းဆာရိပ် ဘိုးဘွားရပ်သာတည်ထောင်သူ ပရိဟတသမား၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် သည်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရပြီး အင်းစိန်ထောင်တွင်းကနေ ပုဒ်မ ၅၀၅(က)အမှုကို ရင်ဆိုင်နေရာ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)တွင် တရားရုံးမှ ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူများ ထံမှ သိရသည်။